ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
M-Media
– ကွင်းအတွင်းမှာ ရပ်သပ်ရှုမောဖွယ် ဘောလုံးစွမ်းရည်တွေနဲ့ ပရိတ်သတ်ကို ဖျော်ဖြေမှု ပေးနိုင်ခဲ့တဲ့ အာဆင်နယ်က အမြှောက်တပ်သား သုံးဦးဟာ ကွင်းပြင်ပမှာလည်း သူတို့ရဲ့ ဂီတစွမ်းရည်ကို ထုတ်ပြလိုက်ပါတယ်။
သူတို့တွေကတော့ ကွင်းလယ်ဖန်တီးရှင် ရိုစစ္စကီး၊ ဂိုးသမား ရှက်ဇက်နီနဲ့ ဂိုးသွင်းစက် ပိုဒေါစကီးတို့ဖြစ်ပြီး စနေနေ့ နယူးကာဆယ်နဲ့ပွဲမှာပြုလုပ်မယ့် လှူဒါန်ရေးပွဲမှာ အသုံးပြုမယ့် ခရစ္စမတ်ဗီဒီယိုအတွက် ၃ ယောက်ပေါင်းပြီး တီးဝိုင်းတစ်ခုထောင်လိုက်တာပဲဖြစ်ပါတယ်။
ပြိုင်ဘက်တွေရဲ့ ကန်သွင်းချက်ကို စွမ်းစွမ်းတမံကာကွယ်ခဲ့တဲ့ ရှက်ဇက်နီရဲ့ သန်မာတဲ့ လက်တစ်စုံဟာ ဒီတီးဝိုင်းမှာ ကီးဘုတ်ပေါ်ရောက်ခဲ့ပြီး၊ ဖန်တီးရှင် ရိုစစ္စကီးကတော့ သူ့ရဲ့ ရင်သပ်ရှုမောဖွယ် ဂစ်တာစွမ်းရည်ကို အဲဒီဗီဒီယိုမှာ ထုတ်ပြခဲ့ပါတယ်။ တိုက်စစ်မှူး ပိုဒေါစကီးက ဒရမ်စက်ကို တာဝန်ယူတီးခတ်ခဲ့ပြီး တီးဝိုင်းရဲ့ စည်းချက်ကို ညီစေခဲ့ပါတယ်။
အာဆင်ဝင်းဂါးရဲ့ တပ်သားတွေဟာ စနေနေ့ပွဲမှာ အာဆင်နယ်ဖောင်ဒေးရှင်းနဲ့ Saeve the Children အဖွဲ့တို့အတွက် ရန်ပုံငွေရရှိရေး ပရိုမိုးရှင်း ပြုလုပ်သွားမည်ဖြစ်ပြီး ကစားသမားတွေနဲ့ နည်းပြကိုယ်တိုင်ကလည်း သူတို့ရဲ့ တစ်နေ့တာ လုပ်ခလစာတွေကို ဒီအဖွဲ့တွေအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။
အမြှောက်တပ်သားတွေရဲ့ မြင်ရခဲတဲ့ ဂီတပါရမီတွေကို အောင်ပါလင့်မှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။
Daily Mail
Leave a Reply
You must be logged in to post a comment.