6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အိန္ဒိယနိုင်ငံ ဒေလီမြို့ တွင်ကျင်းပမည့် ဓနသဟာရနိုင်ငံများအားကစားပွဲအတွက် လုံခြုံရေးတပ်များ တင်း ကြပ်ထားပါသည်။ အောက်တိုဘာ ၃ ရက်နေ့ မှစ ၁၂ ရက်တာ ကျင်းပမည့် ကစားပွဲတွင် လုံခြုံရေး စိတ်မချရဟုဆိုကာ အချို့ နိုင်ငံမှ အားကစားသမားများ ကန့် ကွက်နုတ်ထွက်ခဲ့ပါသည်။ ယခုအခါ အိန္ဒိယ အစိုးရက ရဲ ရှစ် သောင်း၊ အရံရဲ နှစ်သောင်း၊ အမျိုးသားလုံခြုံရေး ကွန်မန်ဒို ၁၅၀၀၊ ၁၅၀ ပျောက်ကြားတိုက်ခိုက်မှုခုခံရေးတပ် သား၊ မုခင်းခွေးအကောင် ၃၀၀နှင့် ဗုံးရှာဖွေရေးအသင်းများဖြင့် လုံခြုံရေးတင်းကြပ်ထားပြီး ဈေးဆိုင်များကိုလည်း ပိတ်ထားခိုင်းသဖြင့် ဒေလီမြို့ တွင် ခါတိုင်းနှင့်မတူ လူပြည့်ကြပ်ခြင်းမရှိကြောင်း သိရသည်။ (ကိုးကား – Indiatimes, Oct 2, 2010)

ဂျာမဏီနိုင်ငံ ဘာလင်တံတိုင်းဖြိုချသည့် အနှစ် ၂၀ အထိမ်းအမှတ်ကို အောက်တိုဘာ ၃ ရက်နေ့ တွင် ကျင်းပမည် ဖြစ်သည်။ ယခုနှစ်ပွဲကို ဦးစီးကျင်းပမည့် ဗီမန်မြို့ တွင် လူထောင်ချီသည့် စီတန်းလှည့်လှည်မှု ပြုရန်ရှိကြောင်း သိရသည်။ ဘာလင်တံတိုင်းဖြိုချခြင်း သည် ကွန်မြူနစ်စနစ်အား အရင်းရင်စနစ်က အနိုင်ပိုင်းလိုက်ခြင်း သင်္ကေတတခုဖြစ်သော ကြောင့် ကမ္ဘာ့သမိုင်းတွင် ထင်ရှားအရေးပါသောသမိုင်းမှတ်တိုင်တခု ဖြစ်သည်။ ။ မကြာသေးမှီက ကောက်ယူသည့် စစ်တမ်းအရ ဂျာမန်ပြည်သူ ၈၄ ရာခိုင်နှုန်းသည် ဘာလင် တံတိုင်းဖြိုချပြီး ကွန်မြူနစ် အရှေ့ဘာလင်နှင့် အရင်းရှင် အနောက်ဘာလင်တို့ ပူးပေါင်းခြင်းကို သဘောတူ သော်လည်း ၁၄ ရာခိုင်နှုန်းမှာ သဘောမတူကြောင်းတွေ့ ရသည်။ ယခုနှစ်အထိမ်းအမှတ်တွင် လူ ၁၈၀၀ ခန့်  ဘာလင်ပေါင်းစည်းရေးဆန့် ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။ (ကိုးကား AFP, Oct 3, 2010)

၁၉၅၀-၅၃ ခုနှစ် ကိုးရီးယားစစ်ပွဲကြောင့် ကွဲကွာသွားသော တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယားတို့ မှ မိသားစု ၁၅၀၀ အား အောက်တိုဘာလ ၃၀ ရက်နေ့ တွင် ပြန်လည်ပေါင်းစည်းပွဲ ပြုလုပ်ရန်ရှိသည်။ တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယားတို့ မှ သန်းပေါင်းများစွာ မိသားစုများသည် စစ်ပွဲကတည်းက ကွဲသွားကြပြီး အချင်းချင်း ဆက်သွယ်ခွင့်မရကြပေ။ ၂၀၀၀ ခုနှစ်က ကျင်းပသည့် ကိုးရီးယားနှစ်နိုင်ငံ အစည်းအဝေး အထိန်းအမှတ်အနေ ဖြင့် စုစုပေါင်း မိသားစု နှစ်သောင်းခန့် ပြန်လည်တွေ့ ဆုံခွင့်ရပြီးဖြစ်ရာ နှစ်စဉ် လျှောက်ထားသူ ၄၀၀၀ နီးပါးရှိ ကြောင်း သိရသည်။ (ကိုးကား ဆင်ဟွာ၊ စက်တင်ဘာ ၂၆၊ ၂၀၁၀)

စက်တင်ဘာလ ၇ ရက်နေ့ က ဂျပန် ကင်းသဘောင်္ကို တရုတ်ငါးဖမ်းသဘောင်္ ၀င်တိုက်မိရာမှ ဂျပန်နှင့် တရုတ် နှစ်နိုင်ငံ အငြင်းပွားလျက်ရှိပါသည်။ ဂျပန်က တရုတ်သဘောင်္ ကပ်ပတိန်ကို ဖမ်းဆီးသည့်အတွက် တရုတ်အစိုးရက တောင်းပန်ခိုင်းသော်လည်း ဂျပန်ဖက်က တင်းမာနေရာမှ နိုင်ငံဆက်ဆံရေး ပိုမို ဆိုးရွားလာပြီး ဂျပန်နိုင်ငံတွင် တရုတ်ခရီးသည်ကားများအား တိုက်ခိုက်ခြင်း၊ တရုတ်ကျောင်းသားများအား ရိုက်နှက်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။ ပျက်ပြားလာသော အင်အားကြီးနှစ်နိုင်ငံဆက်ဆံရေးကြောင့် တတိယ ကမ္ဘာစစ် တရုတ်ပင်လယ်တွင် ဖြစ်လာနိုင်ကြောင်း ခန့် မှန်းလျက်ရှိသည်။ (ကိုးကား Asia Times Online, Oct 1, 2010)

တောင်အမေရိက ၁၃ နိုင်ငံတွင် ရဲတပ်ဖွဲ့ ဝင်များက ပစ္စည်းအတုများ စုပေါင်း ဖမ်းဆီးခဲ့ကြောင်း ဘီဘီစီသတင်းဌာ န အောက်တိုဘာ ၁ ရက်နေ့ တွင် ဖော်ပြသည်။ အင်တာပို (Interpol) ခေါ် နိုင်ငံတကာ ရဲတပ်ဖွဲ့ ၏ ပူးပေါင်း မှုဖြင့် ထိုနိုင်ငံများတွင် အကြိမ် ၃၀၀ ခန့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ စုစုပေါင်း ဒေါ်လာ ၅၂ သန်း ခန့်  ဖမ်းဆီးရမိ သွားသည်။ ဖမ်းဆီးရမိသော ပစ္စည်းများတွင် နာရီ၊ အရုပ်၊ စက်တလိုက်စက်စသည့် လူသုံးကုန်များ ပါဝင်ပြီး အော်ပရေးရှင်း ဂျူပီတာခေါ် ဤအစီအစဉ် စတင်သည့် ၂၀၀၅ ခုနှစ်မှ ယခုအချိန်အထိ ဒေါ်လာ သန်း ၃၀၀ ကျော် ဖမ်းဆီးရမိပြီးဖြစ်သည်။ (ကိုးကား – အင်တာနယူးစ် စက်တင်ဘာ ၃၀၊ အောက်တိဘာ ၂၊ ၂၀၁၀)

ကင်ညာအစိုးရသည် ဆိုမာလီ ပင်လယ်ဓားပြများအား ဖမ်းဆီးအရေးယူရန် ဥရောပ သမဂ္ဂနှင့် သဘောတူထားသည့် စာချုပ်မှ နုတ်ထွက်လိုက်ပြီဖြစ်သည်။ စာချုပ်အရ ဖမ်းဆီးရမိသော ဆိုမာလီ ဓားပြများကို ကင်ညာနိုင်ငံတွင် တရားစီရင် စစ်စေးရန် ဖြစ်သည်။ လက်ရှိတွင် ဆိုမာလီ ၃၅ ယောက်ကို ထောင်ချထားပြီး အယောက် ၁၀၀ လည်း တရားစီရင်ရန် စောင့်ဆိုင်းနေသေးသဖြင့် ကင်ညာထောင်များသည် လူများစုပြုံနေပြီဖြစ်သည်။ သို့ သော် ဤကိစ္စတွင် ကင်ညာပါဝင်ပတ်သက်မှုသည် ကင်ညာနိုင်ငံ၏ အကျိုးအမြတ်အတွက် မဟုတ်၊ ချမ်းသာသောနိုင်ငံ များအတွက်ဖြစ်ပြီး ကင်ညာနိုင်ငံ၏ လုံခြုံရေးကိုပင် ထိခိုက်စေသဖြင့် သဘောတူစာချုပ်မှ နှတ်ထွက်လိုက်ခြင်းဖြစ်သည်။ (ကိုးကား ဘီဘီစီ၊ အောက်တိုဘာ ၁၊ ၂၀၁၀)

တရုတ်နိုင်ငံက အာကာသ ဒုံပျံတစင်းကို အောက်တိုဘာက ဆန်းပိုင်းက အောင်မြင်စွာလွတ် တင်ခဲ့ပါသည်။ ယခုအကြိမ်သည် ဒုတိယမြောက်ဖြစ်ပြီး ၂၀၀၇ ခုနှစ်က ပထမတစင်းကို အောင်မြင်စွာလွတ်တင်ခဲ့ပြီး လကမ္ဘာပေါ်တွင် ထိန်းချုပ်ဖျက်ဆီးနိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် တရုတ်အာကာသယဉ်မှုး လကမ္ဘာပေါ်တွင် လမ်းထွက်လျှောက် ခဲ့သည်။ (ကိုးကား ဘီဘီစီ၊ အောက်တိုဘာ ၁၊ ၂၀၁၀)

Leave a Reply