News @ M-Media

အစ္စလာမ်သာသနာရေးရာကောင်စီ နှစ်(၆၀) ပြည့် နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အခမ်းအနား ပြုလုပ်မည်။

ဒီဇင်ဘာ ၂၀ ၊၂၀၁၄
M-Media
သီဟ
IRAC
အစ္စလာမ် သာသနာရေးရာကောင်စီ နှစ်(၆၀) ပြည့် နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့် အခမ်းအနား တရပ်ကို မနက်ဖြန် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ STRAND HOTEL ၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီအား (၁၉၅၄)ခုနှစ် ၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခုနှစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် တွင် နှစ်(၆၀) ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

အစ္စလာမ် သာသနာရေးရာကောင်စီ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၅၆ ခုနှစ် မှ ၁၉၇၀ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သော ကွယ်လွန်သူ ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် (မြန်မာနိုင်ငံသမိုင်းကော်မရှင်)၏ မွေးနေ့မှာ ယခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ နှစ်(၁၀၀) ပြည့်မှာဖြစ်ပါတယ်။

Image Credit – IRAC FB Page

ဆက်စပ်သတင်းများဖတ်လိုလျှင်
===================
အစ္စလာမ် သာသနာရေးရာ ကောင်စီ ပေါ်ပေါက်လာပုံ
http://www.m-mediagroup.com/news/8671

ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် အကြောင်းပိုစ်များ ဖတ်ရန်
http://www.m-mediagroup.com/news/tag/bashin

Comments

Leave a Reply