6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁ ၊ ၂၀၁၅
M-Media
.လေးမောင် စုစည်းတင်ဆက်သည်။

၁။ မာလာလာ ယူစွဖ်ဇိုင် (ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်)

Malala Yousafzai

ဘယ်သူလဲ။    ။ ပါကစ္စတန်မှ ပညာရေးနဲ့ ပတ်သက်တဲ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာပဲ တာလီဘန်တို့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရာမှ လွတ်မြောက်လာသူဖြစ်ပါတယ်။

ဘယ်လိုပြောင်းလဲခဲ့သလဲ။    ။ ပါကစ္စတန်အမျိုးသမီးငယ်တွေရဲ့ ပညာသင်ကြားမှု အခွင့်အရေးအတွက် သူမရဲ့ ကိုယ်ကျိုးမဖက်တဲ့ စွမ်းဆောင်မှုက ကမ္ဘာတစ်ဝှမ်းကလူတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူမရဲ့ မိန့်ခွန်းတွေကိုကြည့်ရင် အမျိုးသမီးများ ပညာသင်ကြားရေးနဲ့ ကမ္ဘာတစ်ဝှမ်း ကလေးငယ်တွေအတွက် အကျိုးပြုရေး သူမရဲ့ ဆောင်ရွက်မှုတွေဟာ အစ္စလာမ်သာသနာရဲ့ စေ့ဆော်မှုကနေ ထွက်ပေါ်လာတာ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

၂။ အစ်ဗ်တီဟာ့ဂ်ျ မိုဟာမက် (ကမ္ဘာ့အဆင့် ဓားသိုင်းကစားသမားနှင့် ဖက်ရှင် ဒီဇိုင်နာ)

Ibtihaj Muhammad

ဘယ်သူလဲ။    ။ နိုင်ငံတကာအဆင့် ဓားသိုင်းပြိုင်ပွဲမှာ အမေရိကန်နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံး မွတ်စလင်အမျိုးသမီး ဖြစ်ပါတယ်။

ဘယ်လိုပြောင်းလဲခဲ့သလဲ။    ။ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဓားသိုင်းချန်ပီယံရှစ် အဖွဲ့လိုက် ဓားရှည်ဓားသိုင်းပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ပထမဆုံး ရယူပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး သူမရဲ့ ဆန်းသစ်လှတဲ့ ဖက်ရှင်ဒီဇိုင်းတွေကလည်း Instagram က ပရိသတ်တွေကို ငေးမောစေခဲ့ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ် Mipesterz ဗီဒီယိုမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

၃။ ရီဇာ အက်စ်လန် (စာရေးဆရာ)
Reza Aslan
ဘယ်သူလဲ။     ။ ကလောင်စွမ်းထက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး ကယ်လီဖိုးနီးယား ရေးဗားဆိုက်ဒ် တက္ကသိုလ်က တွေးခေါ်မြော်မြင်စွာ စာရေးသားမှုအတတ် ပညာရပ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်ပြီး အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ ၂၀၁၃ ခုနှစ်က Fox News နဲ့ အင်တာဗျူးမှာ သူ့ရဲ့ ယေရှုခရစ်​အကြောင်း ရေးထားတဲ့စာအုပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကို အင်မတန်ပြောင်မြောက်စွာ ဖြေရှင်းခဲ့တဲ့ အက်စ်လန်ဟာ ယခုနှစ် CNN နဲ့ အင်တာဗျူးမှာလည်း အမေရိကန် ဘာသာမဲ့ တစ်ဦးဖြစ်တဲ့ ဘီလ်မဟာရဲ့ အစ္စလာမ် ဆန့်ကျင်ရေး ရပ်တည်ချက်ကို ချက်ကျလက်ကျ ဝေဖန်ထောက်ပြခဲ့ပြီး အစ္စလာမ်သာသနာ တစ်ခုလုံးကို ဝေဖန်ဖို့ ရမ်းရော်မှန်းဆမှုတွေကို အသုံးပြုခြင်းက အမုန်းတရားနဲ့ နီးစပ်နေတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

၎။ အေမန် မိုဟ်ယဲလ်ဒင် (NBC ဂျာနယ်လစ်)
Ayman Mohyeldin
ဘယ်သူလဲ။    ။ ဂါဇာမှာ တာဝန်ထမ်းဆောင်နေတဲ့ NBC သတင်းဌာနရဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ မိုဟ်ယဲလ်ဒင်ဟာ ကမ်းခြေမှာ ဆော့ကစားနေတဲ့ ပါလက်စတိုင်း ကလေးငယ် ၄ ဦးကို အစ္စရေးက ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ သတင်းကို Twitter စာမျက်နှာမှာ အချိန်နဲ့တစ်ပြေးညီ တိုက်ရိုက်ဖော်ပြခဲ့သူပါ။ ဒါ့ကြောင့်ပဲ ဂါဇာမှာ တာဝန်ထမ်းဆောင်မှုကို ရုပ်သိမ်းခံခဲ့ရပါတယ်။ ဒါပေမယ့် မိုဟ်ယဲလ်ဒင်ရဲ့ တိကျသေချာတဲ့ ဒီသတင်းဖော်ပြမှုကို ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေက ထောက်ခံအားပေးခဲ့ပြီး မိုဟ်ယဲလ်ဒင် ဘက်က ရပ်တည်ပေးခဲ့တာကြောင့် NBC က နဂိုရာထူးကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ မိုဟ်ယဲလ်ဒင်ရဲ့ ဒီဖော်ပြမှုဟာ အစ္စရေးရဲ့ ရက်စက်ယုတ်မာမှုကို ကမ္ဘာက သိစေခဲ့ပါတယ်။

၅။ ၀ီလို ၀ီလ်ဆင်နှင့် ဆန်နာ အမာနသ် (ရုပ်ပြဇာတ်လမ်းရေးသူ)
G. Willow Wilson
ဘယ်သူလဲ။    ။ Marvel ရုပ်ပြစာအုပ် ကုမ္ပဏီက စာရေးဆရာတွေဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ ၀ီလ်ဆင်နဲ့ အမာနသ်တို့ဟာ ကမာလာ ခန်း (Kamala Khan) ဇာတ်ကောင်နဲ့ ရုပ်ပြစာအုပ်တစ်အုပ်ကို ပူးပေါင်းရေးသားခဲ့ပြီး အဲဒီစာအုပ်ဟာ Marvel ကုမ္ပဏီရဲ့ ပထမဆုံး မွတ်စလင်သူရဲကောင်း ရုပ်ပြစာအုပ် ဖြစ်ခဲ့ပါတယ်။ အဲဒီဇာတ်ကောင်ဟာ အမာနသ် ငယ်စဉ်ဘ၀ နယူးဂျာစီမှာ ကြုံတွေ့ခဲ့ရတာကို အခြေခံထားပြီး၊ လူငယ်တွေအတွက် အရေးပါတဲ့ မီဒီယာအကြောင်းနဲ့ ပတ်သက်လို့ ဒီရုပ်ပြစာအုပ်မှာ ပညာပေးထားပါတယ်။

၆။ ကမာလာ ခန်း (ကာတွန်းဇာတ်ကောင်)
Kamala Khan
ဘယ်သူလဲ။    ။  ပါကစ္စတန်က ပြောင်းရွှေ့အခြေချလာတဲ့ ရိုးရိုးအအနဲ့ ပြောင်းလဲမှုကို ပုံဖော်နိုင်စွမ်းရှိတဲ့ ကောင်မလေး တစ်ယောက်ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ သူမပါဝင်တဲ့ ရုပ်ပြစာအုပ်ဟာ လူဖြူအများစု အားပေးတဲ့ Marvel ရုပ်ပြစာအုပ်ကမ္ဘာကို ရိုက်ခတ်ခဲ့ပြီး ရုပ်ပြကမ္ဘာမှာ အလိုက်သင့် နေထိုင်မှုနဲ့အတူ မတူကွဲပြားမှုကို လက်ခံခြင်းအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြသခဲ့ပါတယ်။

၇။ အာဆစ်ဖ် မန်ဒ်ဗီ (သရုပ်ဆောင်၊ လူရွှင်တော်နှင့် စာရေးဆရာ)
Aasif Mandvi
ဘယ်သူလဲ။    ။ အင်ဒီယန်-အမေရိကန် တစ်ဦးဖြစ်သူ မန်ဒ်ဗီဟာ အမေရိကန် နာမည်ကြီး ရုပ်သံဟာသဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Daily Show အစီအစဉ် တင်ဆက်သူတစ်ဦးဖြစ်ပြီး အခုတော့ နာမည်ကြီး စာရေးဆရာတစ်ယောက် ဖြစ်လို့နေပါပြီ။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ The Daily Show မှာ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်နေတဲ့ မန်ဒ်ဗီဟာ သူ့ရဲ့ ဘ၀အတွေ့အကြုံကို ဟာသရသမြောက်အောင် ရေးဖွဲ့ခဲ့ပြီး No Land’s Man အမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။ သူကျင်လည်ခဲ့ရတဲ့ နိုင်ငံတွေက လူမျိုးပေါင်းစုံရဲ့ ရယ်ရွှင်ဖွယ်ရာအဖြစ်အပျက်တွေကို ပြောင်မြောက်စွာ ရေးသားဖော်ပြထားတဲ့ ဒီစာအုပ်ဟာ အမေရိကန်က ကလေး၊ လူကြီး အားလုံးရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

၈။ ဟာဆန် မင်ဟာ့ဂ်ျ (အမေရိကန် သရုပ်ဆောင်)
Hasan Minhaj
ဘယ်သူလဲ။    ။ နာမည်ကြီး The Daily Show ရဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်မယ့်သူတစ်ယောက် ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ ရယ်ရွှင်ဖွယ်ကောင်းတဲ့သူ့ရဲ့ မျက်နှာထား၊ ပြောင်မြောက်တဲ့ သူ့ရဲ့အနုပညာစွမ်းရည်တွေနဲ့ ပြည်သူတွေကို ဘယ်လိုဖျော်ဖြေမလဲဆိုတာကို စောင့်ကြည့်ရပါတော့မယ်။ ပြီးတော့ သူဟာ The Daily Show ရဲ့ ဒုတိယမြောက် မွတ်စလင်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

၉။ ရာဘီယာ ချောင်ဒရီ (လူ့အခွင့်အရေး၊ အမျိုးသားလုံခြုံရေးနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်နေသူ ဥပဒေပညာရှင်)
Rabia Chaudry
ဘယ်သူလဲ။    ။ လူသတ်မှုနဲ့ စွပ်စွဲခံရပြီး မတရားထောင်ချခံရတဲ့ အက်ဒနန်ဆယဒ်ရဲ့ အမှုကိုလိုက်ပေးခဲ့ပြီး အမေရိကန်တစ်ဝှမ်းက လူသတ်မှုတွေနဲ့ မတရားစီရင်ခံရမှုတွေကို မီဒီယာမှာဖော်ပြတဲ့ Serial ဇာတ်လမ်းပမာအစီအစဉ် ပေါ်လာဖို့ ဂျာနယ်လစ် ဆာရာ ကိုအီနစ်ဂ် စိတ်ညွှတ်လာအောင် ဆောင်ရွက်ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ ချောင်ဒရီဟာ ပြောင်းရွှေ့အခြေချလာသူ မွတ်စလင်ကလေးတွေရဲ့ နှစ်မျိုးသောဘ၀ကို ဆန်းစစ်လေ့လာတဲ့ အဓိကမီဒီယာရဲ့ ဖော်ပြမှု Serial ဇာတ်လမ်းကို ဖြစ်ပေါ်လာအောင် ကူညီပေးခဲ့ပါတယ်။

၁၀။ ဟူစိန် အဘ်ဒူလာဟ် (အမေရိကန်ဘောလုံး ကစားသမား)
Husain Abdullah
ဘယ်သူလဲ။    ။ ရဘ်ဘီအားကစားနည်းနဲ့ ဆင်တူတဲ့ အမေရိကန်ဘောလုံး ကစားသမားတစ်ယောက် ဖြစ်ပြီး Kansas City Chiefs အသင်းမှာ ကစားနေသူဖြစ်ပါတယ်။

ဘာတွေ ပြောင်းလဲခဲ့သလဲ။    ။ ကွင်းထဲမှာ အစ္စလာမ်ဘာသာထုံးစံအရ ဆုတောင်းခဲ့မိလို့ ဒဏ်ရိုက်ခံခဲ့ရပြီးတဲ့နောက် အမေရိကန်ဘောလုံးအားကစားနည်းအဖွဲ့အချုပ် NFL ရဲ့ `စံနှစ်ခုစနစ်´ ကို ဟူစိန်ဟာ ဝေဖန်ထောက်ပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဟူစိန်အနိုင်ရခဲ့ပြီး ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပါတယ်။

၁၁။ The Muslim Writers Collective (မွတ်စလင်စာရေးဆရာများအဖွဲ့)

The Muslim Writers

ဘာလဲ။    ။ အမေရိကန်တစ်ဝှမ်း လက်စွမ်းလက်စရှိတဲ့ မွတ်စလင်စာရေးဆရာတွေကို စုစည်းပြီး ပြုစုပျိုးထောင်ပေးဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဘာတွေ ပြောင်းလဲခဲ့သလဲ။    ။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နယူးယောက်မှာ စာပေပွဲတော်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲတော်ဟာ အရည်အချင်းရှိပြီး လက်စွမ်းပြခွင့်မရတဲ့ အမေရိကန်မွတ်စလင် ကဗျာဆရာ၊ စာရေးဆရာတွေအတွက် လမ်းဖွင့်ပေးခဲ့တာဖြစ်ပြီး သူတို့ရဲ့ အားထုတ်မှုတွေဟာ လူ့အဖွဲ့အစည်းနဲ့ ထိတွေ့ခွင့်ရခဲ့ပါတယ်။

၁၂။ Love, InshAllah အဖွဲ့သားများ (မွတ်စလင်စာရေးဆရာများအဖွဲ့)
Love, InshAllah
ဘယ်သူတွေလဲ။    ။ အယ်ဒီတာတွေဖြစ်ကြတဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ အာအေရှာ မက်သူနဲ့ လူ့အခွင့်အရေးအကြံပေး နူရာ မက်ဇ်နာဗီတို့ ဦးဆောင်တဲ့ မွတ်စလင်စာရေးဆရာများ အဖွဲ့ဖြစ်ပါတယ်။

ဘာတွေ ပြောင်းလဲခဲ့သလဲ။    ။ Salaam, Love: American Muslim Men on Love, Sex, and Intimacy အမည်နဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ မွတ်စလင်အမျိုးသားတွေရဲ့ အချစ်ဇာတ်လမ်းတွေကို ရသမြောက်အောင် ရေးသား ထားပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့မှာတော့ သူတို့အဖွဲ့ရဲ့ နာမည်ကျော် Love, InshAllah: The Secret Love Lives of American Muslim Women စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ မွတ်စလင်အမျိုးသမီးတွေရဲ့ အချစ်ဇာတ်လမ်း ၂၅ ပုဒ်ကို ထည့်သွင်းဖော်ပြထားပါတယ်။ ပြီးတော့ အခြားအချစ် ဇာတ်လမ်း စာအုပ်တွေကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။ အချစ်ဇာတ်လမ်းဆိုပေမယ့် အညှီအဟောက်တွေမပါဘဲ ချစ်ခြင်းမေတ္တာ၊ အယူဝါဒနဲ့ ရွေးချယ်မှုတွေအကြားက ဘ၀တွေကို ရုပ်လုံးပေါ်အောင် ဖော်ပြထားတဲ့ ပညာပေးစာအုပ်ကောင်းတွေ ဖြစ်ပါတယ်။

၁၃။ Muslim Anti-Racism Collaborative (လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအဖွဲ့)
Muslim Anti-Racism Collaborative
ဘာလဲ။    ။ မွတ်စလင်တက်ကြွလှုပ်ရှားသူတွေ၊ ပညာရှင်တွေနဲ့ ဆိုရှယ်မီဒီယာကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားပြီး အမေရိကန် လူ့အဖွဲ့အစည်းတွေကြားမှာ `လူမည်းဆန့်ကျင်ရေးနဲ့ လူမျိုးရေးခွဲခြားမှု´ တွေကို တက်ကြွစွာ ဆန့်ကျင်တိုက်ဖျက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ လူမည်းတွေအပေါ် ခွဲခြားဆက်ဆံမှု၊ လူမျိုးရေးခွဲခြားမှု စတာတွေနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့ ဆောင်းပါးတွေကို ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြဆွေးနွေးပြီး လူအများရဲ့ ထောက်ခံမှုကို ရနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

၁၄။ Swet Shop Boys (မွတ်စလင် ဟစ်ဟော့နှင့် ပေါပ့်ဂီတအဖွဲ့)
The Kominas and Riz Ahmed
ဘာလဲ။    ။ အမေရိကန်က သက်တမ်းရင့် မွတ်စလင် ပန့်ဂီတအဖွဲ့ The Kominas၊ ဗြိတိန် ရက်ပါ ရစ်ဇ်အဟ်မဒ်နဲ့ အမေရိကန် ရက်ပါ ဟီးမ်စ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဂီတအဖွဲ့ ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ The Kominas အဖွဲ့ဟာ အမေရိကန်ကို ပြောင်းရွှေ့ရောက်ရှိလာသူ လူ့အဖွဲ့အစည်းအတွင်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဂီတနဲ့ဖော်ပြခဲ့ပြီး ဒီအဖွဲ့ရဲ့ Banana သီချင်းနဲ့ Disco Uncle ဆိုတဲ့ သီချင်းတို့ဟာ နာမည်ကျော်ခဲ့ပါတယ်။ Swet Shop Boys ကတော့ Benny Lava ခေါင်းစဉ်နဲ့ MTV တစ်ခုကို ထုတ်ဝေခဲ့ကာ အဲဒီအထဲမှာ လူနည်းစုတွေရဲ့ အမှတ်သညာနဲ့ပတ်သက်ပြီး အဟ်မဒ်နဲ့ ဟီမ်းစ်တို့က ပူးတွဲသီဆိုထားပါတယ်။

၁၅။ ဆာမိ ဇိုင် (နပမ်းသမား)
Wrestler Sami Zayn
ဘယ်သူလဲ။    ။ ဆီးရီးယန်း-ကနေဒီယန် တစ်ဦးဖြစ်ပြီး WWE ရဲ့ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ NXT မှာ ချန်ပီယံဖြစ်ခဲ့သူဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ မကြာသေးမီကမှ NXT ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပူပူးနွေးနွေး ဗိုလ်စွဲထားတဲ့ ဇိုင်ဟာ WWE လောကမှာ ဗီလိန်တွေဖြစ်တဲ့ အရှေ့တိုင်း နပမ်းသမား အိုင်းယွန်း ရှိခ်၊ မိုဟာမက်ဟာဆန်တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ပြည့်ဝတဲ့ နှလုံးသားနဲ့ ကစားနေသူတစ်ဦး ဖြစ်ပါတယ်။

၁၆။ Enemy of the Reich: The Noor Inayat Khan Story (ရုပ်ရှင်)
Noor Inayat Khan
ဘာလဲ။    ။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေအတွက် စကားဝှက်ဖော်သူနဲ့ သူလျှိုအဖြစ် ဆောင်ရွက်ရတဲ့ အိန္ဒိယနွယ်ဖွား ရုရှား မွတ်စလင် အမျိုးသမီး နူရ်အီနာယတ်ခန်းရဲ့ ဘ၀အကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ အဲဒီ ရုပ်ရှင်ကို PBS ရုပ်သံလိုင်းမှာ စက်တင်ဘာလက စတင်ထုတ်လွှင့်ပြသခဲ့ပြီး မွတ်စလင် အမျိုးသမီး တစ်ဦးရဲ့ သတ္တိဗျတ္တိ၊ စွန့်လွှတ် အနစ်နာခံမှုကို လူအများက အသိအမှတ်ပြုခဲ့ကြကာ၊ ဂျူး-မွတ်စလင် သွေးစည်း ညီညွတ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်း တစ်ခုအဖြစ် သတ်မှတ်ခြင်းလည်း ခံခဲ့ရပါတယ်။

၁၇။ အဟ်မဒ် အီးဒ် (မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ)
Ahmed Eid,
ဘယ်သူလဲ။    ။ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်ပြီး မိုဘိုင်းဖုန်း အက်ပလီကေးရှင်း ရေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ ဗလီဝတ်ကျောင်းတွေအကြောင်းကို Unmosqued ဆိုတဲ့ အမည်နဲ့ မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ကူးခဲ့ပြီး ဒီမှတ်တမ်းရုပ်ရှင်မှာ ပွင့်လင်းမြင်သာမှုနည်းတဲ့ ဗလီဝတ်ကျောင်းတော်တွေရဲ့ အတွင်းမှာရှိတဲ့ ယိုယွင်းနေတဲ့ ခေါင်းဆောင်မှု၊ အားနည်းနေတဲ့ လုပ်ငန်းဆောင်တာတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ ပြီးတော့ အဲဒီရုပ်ရှင်ဟာ ဗလီဝတ်ကျောင်းတော်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အားမရကြတဲ့ လူငယ်တွေကို အဓိကထား ရိုက်ကူးထားတာ ဖြစ်ပါတယ်။

၁၈။ The Hummus (ရယ်ရွှင်စရာ ၀ဘ်ဆိုဒ်)
The Hummus
ဘာလဲ။    ။ ဟာသ ၀ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။

ဘာလုပ်လဲ။    ။ အမေရိကန်မွတ်စလင်တွေရဲ့ ပြဿနာတွေကို ဒီဝဘ်ဆိုဒ်မှာ ဟာသနှောကာ ဖော်ထုတ်ထားပြီး အစ္စလာမ်နဲ့ ပတ်သက်တဲ့ လုပ်ကြံဇာတ်လမ်းတွေကိုလည်း ဖော်ထုတ်ပေးတဲ့ ၀ဘ်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။

၁၉။ The Muslim Twitterati (Twitter ရှိ မွတ်စလင်အဖွဲ့)
The Muslim Twitterati
ဘာလဲ။    ။ မွတ်စလင်စာရေးဆရာတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူငယ်တွေ၊ ရှေ့ဆောင်အီမာန်တွေနဲ့ အခြားသူတွေ ပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ ဒီအဖွဲ့မှာ Twitter စာမျက်နှာမှာ အစ္စလာမ်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အကြောင်းအရာတွေ၊ စွပ်စွဲချက်တွေကိုဖြေရှင်းတာတွေကို အောင်မြင်စွာ လုပ်ဆောင်နေပါတယ်။

၂၀။ Muslims for Ferguson (မတရားမှု တိုက်ဖျက်ရေးအဖွဲ့)
Muslims for Ferguson
ဘာလဲ။    ။ အမေရိကန်နိုင်ငံတစ်ဝှမ်းက မွတ်စလင်တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ နယူးယောက်က လင်ဒါ ဆာဆောရ်၊ ဒက်ထရွိုက်က ဒါဝူဒ်၊ မိုင်ယာမီက မိုဟာမက်မာလစ်နဲ့ စိန့်လူးဝစ်က မွတ်စ်တာဖာ အဘ်ဒူလာတို့ လေးဦး ပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ သူတို့တစ်ယောက်ချင်းဆီဟာ နိုင်ငံအတွင်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရာမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။ ဖာဂူဆန်က လူမည်းလူငယ် မိုက်ကယ်ဘရောင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ နောက်မှာတော့ သူတို့ ၄ ဦးဟာ စုပေါင်းခဲ့ကြပြီး အောက်ခြေက မွတ်စလင်တွေရဲ့ ဒီကိစ္စအပေါ် အမြင်တွေကို ဖော်ထုတ်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ နောက်ပြီး အခုအချိန်အထိ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ဒီပစ်ခတ်မှုကို ဆန့်ကျင်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

၂၁။ ဇေတူနာ ကောလိပ် (အနုပညာကောလိပ်)
Zaytuna College
ဘာလဲ။    ။ အမေရိကန်က မွတ်စလင် အနုပညာရှင်တွေဖြစ်တဲ့ ဟမ်ဇာယူစွဖ်၊ ဇာအစ် ရှိကီးရ်နဲ့ ဟာတင်မ် ဘာဇီယန်တို့ ပူးပေါင်းကာ ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေမှာ ဖွင့်ထားတဲ့ ပထမဆုံး မွတ်စလင်အနုပညာသင်တန်းကျောင်း ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲခဲ့သလဲ။    ။ ဇေတူနရဲ့ ပထမဆုံး ဘွဲ့ပေးအပ်မှုကို မကြာမီမှာ ပြုလုပ်တော့မှာဖြစ်ပြီး အမေရိကန်မွတ်စလင်တွေရဲ့ အနေအထားနဲ့ပတ်သက်လို့ ရှေ့ရှုဆောင်ရွက်နိုင်မယ့် လေ့ကျင့်သားပြည့်တဲ့ မျိုးဆက်သစ် မွတ်စလင် အနုပညာရှင်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ref: Buzz Feed

လေးမောင် စုစည်းတင်ဆက်သည်။

Tags:

Leave a Reply