News @ M-Media

နှစ်ကူးပွဲ ကျင်းပစဉ် လူများ စုပြုံ တိုးဝှေ့မှုကြောင့် တရုတ်နိုင်ငံတွင် လူ ၃၀ ကျော်သေဆုံး

ဇန်န၀ါရီ ၁၊ ၂၀၁၅
M-Media
1483407_820055271370278_4513258743299556331_n
– တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ယမန်နေ့ညက နှစ်သစ်ကူးအခမ်းအနား ပြုလုပ်ရာမှ လူများစုပြုံ တိုးဝှေ့မှုကြောင့် အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ရှန်ဟိုင်းမြို့၏ အချက်အချာကြသည့် ဘန်ဧရိယာရှိ ချန်ယီ ရင်ပြင်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ အရေအတွက်မှာ ၄၀ ကျော်ရှိသည်။ သိန်းနှင့်ချီ၍ လာရောက်ကြသည့် အဆိုပါ နှစ်ကူးပွဲတွင် မည်သည့် အတွက်ကြောင့် လူများ စုပြုံတိုးဝှေ့မှု ဖြစ်ပွား ခဲ့သည်ဆိုသည့် အကြောင်းအရင်းကို တိတိကျကျ မသိရှိရသေးပေ။

ထိုအဖြစ်အပျက်အား ကိုယ်တွေ့ကြုံခဲ့ရသည့် အသက် ၂၄ နှစ်အရွယ် ဂျန်နီချန် ကမူ Count Down လုပ်မည့်ထိုနေရာ၌ လူများမှာ လွန်စွာ တိုးဝှေ့နေပြီး မိမိကိုယ်တိုင်ပင် မြေကြီးနှင့် ခြေထောက် မထိကြောင်း၊ အကူအညီတောင်း သံများ၊ အော်ဟစ်သံများလည်း ကြားခဲ့ရပြီး မိမိမှာလည်း လူများ တိုးကြိတ် မှုကြောင့် အသက်ရှုကြပ်လာကြောင်း၊ မြေပြင်ပေါ်တွင် သွေးများဖြင့် အလောင်း များကိုလည်း တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

10882101_820055318036940_476584095866209048_n

အခြားမျက်မြင် သက်သေများကမူ လူအုပ်ကြီးထဲသို့ ကံစမ်းမဲ ကူပွန်တစ်ချို့ ပစ်ထည့်ခဲ့ခြင်းကြောင့် ထိုကဲ့သို့ တိုးကြိတ်မှု ဖြစ်ပွား ရခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။

အဆိုပါ ကူပွန် ဓာတ်ပုံမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့ပြီး ရဲတပ်ဖွဲ့ကမူ ထိုအဖြစ်အပျက်အား စုံစမ်း စစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

ရှန်ဟိုင်းတွင် နှစ်သစ် Count Down အစီအစဉ်အား 3D လေဆာနည်းပညာဖြင့် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပရိတ်သတ် အလွန်များမည်ကို စိုးရိမ်သော ကြောင့် ရဲတပ်ဖွဲ့မှ ခွင့်မပြုခဲ့ပေ။

Ref : aljazeera

Comments

Leave a Reply