6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၊ ၂၀၁၅
M-Media
ဆောင်းပါးရှင်- သက်ဝေနှင်း
wedding
မည်သည့်ဘာသာ မည်သည့်လူမျိုးပင်ဖြစ်စေ အိမ်ထောင်ပြုခြင်းကိစ္စ၊ အိမ်ထောင်ပြုရန်၊ မိမိတို့၏သားသမီးများအား အိမ်ထောင် ချပေးကြခြင်းကိစ္စများနှင့် စပ်လျဉ်း၍ ဆင်းစီးပြီးမြင်းရံစေလိုသည် ဆိုသည့်စကားမှာ မြန်မာလူမျိုးတို့၏ လက်သုံးစကားပင်ဖြစ်၏။

လူမျိုးတိုင်းလူမျိုးတိုင်းတွင် သမီးမိန်းကလေးအား အိမ်ထောင်ချပေးရန် ကိစ္စအပေါ်တွင် ထုံးတမ်းစဉ် သတ်မှတ်ချက်များ ရှိကြပေသည်။ ပထမဦးစွာ မြန်မာလူမျိုးနှင့် မြန်မာတို့၏ထုံးတမ်းစဉ်လာများအားလုံး သုံးသပ်ကြည့်မည် ဆိုလျှင် မြန်မာအမျိုးသမီး တစ်ဦးအရွယ်ရောက်ပြီး မြန်မာ အမျိုးသမီးငယ် တစ်ဦးအတွက် သူမ၏မိဘများမှ ဝတ္တရားဟု မှတ်ယူထားသော အိမ်ထောင်ချထားပေးခြင်း ကိစ္စအား ဆောင်ရွက်ရပေသည်။ ဤသည်ကား ယခင် ကလည်းရှိခဲ့သည်။ ယခုလည်းရှိနေဆဲပင်၊ နောက်နောင်ကိုကား ဤသို့ရှိမည် မရှိမည်ကို စာရေးသူအနေဖြင့်တော့ မပြောတတ်ပေ။

မိဘများဟုဆိုရာတွင် မြန်မာလူမျိုး မြန်မာ အမျိုးသမီးငယ်များ၏ မိဘများသာ မဟုတ်ပါ။ သူ့လူမျိုးနှင့်သူ၊ သူ့အမျိုးဘာသာ သာသနာအရ ကျန်သည့်လူမျိုးများတွင်လည်း ထိုနည်းအတိုင်းပင် တွေ့ရလေ့ရှိပါသည်။ အချက်အလက်အနည်းငယ် သဘောတရားတစ်ချို့သာ ကွာခြားကောင်း ကွာခြားမည်။ ဝတ္တရားရှိသည်နှင့်အညီ ဆိုသည်ကတော့ ကွာခြားလိမ့်မည်မဟုတ်ပေ။

ကမ္ဘာပေါ်တွင် အထင်ကရ ဘာသာကြီးလေးခုရှိ၏။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ စသည့် အထင်ကရ ဘာသာကြီးလေးမျိုးပင်တည်း။ ထိုဘာသာကြီးလေးမျိုး၌ရှိကြသော သမီးမိန်းကလေး (အမျိုးသမီး) တို့၏ မင်္ဂလာဆောင်နှင်းမှု အိမ်ထောင်ပြုခြင်းအကြောင်းအရာများအပေါ် ကြည့်မည်ဆိုလျှင်

ဗုဒ္ဒဘာသာဝင်
မြန်မာလူမျိုးများတွင် ရှေးယခင်ခေတ် အဆက်ဆက်မှ တည်ရှိခဲ့သော ဓလေ့ ထုံးတမ်းစဉ်လာအရ သတို့သားတစ်ဦးမှ သတို့သမီး တစ်ဦးအား လက်ထပ်ထိမ်းမြားရန် မိဘများထံသို့ ကန်တော့ပွဲဖြင့် သွားရောက်၍ စကားကြောင်းလမ်း တောင်းရမ်းရပေသည်။ ထိုရောအခါ မိန်းကလေးရှင်မှ သဘောတူညီပေးစားမည်ဆိုလျှင် မိမိတို့သမီးအတွက် တင်တောင်းအပ်သော အဖိုးတန်ပစ္စည်းများနှင့် စပ်လျဉ်း၍ စကားပြောကြပေသည်။ မိန်းကလေးရှင်များဘက်မှ တောင်းဆိုသော ကိစ္စရပ်များနှင့် ပတ်သတ်၍၊ ယောင်္ကျားလေးရှင်ဘက်မှ လိုက်လျောနိုင်သလောက် လိုက်လျော၍ ညှိနှိုင်းမှုများ ပြီးမြောက်အောင်မြင်ပြီဆိုမှ မင်္ဂလာကိစ္စ အထမြောက်ပေတော့သည်။ ထိုရောအခါ ဤမိန်းကလေးအား တခြားတစ်ပါးသော သူစိမ်းယောင်္ကျားသားသည် မိဘများထံမှ အပြီးတိုင် တရားဝင် အပိုင်ရရှိ၍သွားပြီဖြစ်ပေသည်။

အစ္စလာမ်ဘာသာဝင်
အစ္စလာမ်ဘာသာဝင်တို့တွင်လည်း ထုံးတမ်းအစဉ်အလာအရ မိန်းကလေးများအား ယောင်္ကျားလေးမှ တင်တောင်းကြရပေသည်။ မိဘတို့၏သဘောတူညီမှုဖြင့် စကားကြောင်းလမ်း၍ “မဟာ” ဟု ခေါ်တွင်သော ရွှေ (သို့မဟုတ်) သတ်မှတ်ရွှေနှင့် အလားသဏ္ဍန်တူသည့် ငွေကြေးအား သတို့သမီးသို့ တင်တောင်းရပေသည်။ ထိုသို့တင်သည့် `မဟာ´ ရွှေ အတိုင်းအတာအား ယောင်္ကျားလေးရှင်၏ ပြည့်စုံကြွယ်ဝမှုအပေါ်တွင် တည်မှီ၍ တောင်းဆိုလေ့ရှိကြသည်။ ထိုမဟာရွှေအား လက်ငင်းမတင်နိုင်လျှင် အကြွေးသဘောဖြင့် တင်တောင်းရလေသည်။ထိုမဟာရွှေအကြွေးအား ခင်ပွန်းသည်မှ မိမိဇနီးထံသို့ မသေမီအချိန်အတောအတွင်း ပေးဆပ်နိုင်ပေသည်။ ခင်ပွန်းသည်ဘက်မှ မည်မျှပင် မိမိ၏ဇနီးအား ရှာဖွေ၍ ဆင်မြန်းထားပါစေ သတ်မှတ်ထားသော ထိုမဟာရွှေအကြွေးကိုဖြင့် ကတိအတိုင်း ပေးကိုပေးအပ်ကြမည်ဖြစ်သည်ဟူ၍ ထုံးတမ်းစဉ်လာရှိပေသည်။  ခင်ပွန်းသော်လည်းကောင်း ဇနီးသော်လည်းကောင်း သေဆုံးခါနီးအချိန်တွင် မင်္ဂလာမဟာရွှေ အကြွေးကို ပေးဆပ်ထားခြင်း မရှိပါက ထိုမဟာရွှေနှင့်ပတ်သက်၍ ဇနီးသည်က ကျေနပ်ပါသည့်အကြောင်းပြောဆို၍ ခွင့်လွှတ်မှုပေးမှသာ ထိုအကြွေးကျေသည်ဟု ထုံးတမ်းစဉ်လာ သတ်မှတ်ကြပေသည်။

ထိုသို့ ရွှေဖြင့်ချိန်စက်ကာ ယောင်္ကျား တစ်ဦးမှ မိန်းမတစ်ဦးအား တောင်းရမ်းလက်ထပ်ခြင်းကို နှစ်ဦးနှစ်ဘက် သဘောတူညီမှု လတ်မှတ်ရေးထိုးပြီးလျှင် ထိုမိန်းမအား ထိုယောင်္ကျားမှ တရားတော်နှင့်အညီ တရားဝင်ပိုင်ဆိုင်လေတော့သည်။

ခရစ်ယာန်ဘာသာဝင်

ခရစ်ယာန်ဘာသာဝင်တို့တွင်လည်း မိန်းကလေးရှင်ဘက်မှ တောင်းဆိုအပ်သော ပစ္စည်းဥစ္စာမှန်သမျှကို ယောင်္ကျားလေးရှင်ဘက်မှ တင်တောင်းရပေသည်။ ထိုဥစ္စာပစ္စည်းများသည် သတို့သမီးအတွက်၊ သတို့သမီး၏တန်ဖိုးပင်ဖြစ်၏။ သို့ဆိုလျှင် အမျိုးသားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား ပိုင်ဆိုင်နိုင်ရန် တန်ဖိုးဖြစ်သတ်မှတ်ပြီး ဝယ်ယူလိုက်ခြင်းပင် မဟုတ်ပါလား။

ဟိန္ဒူဘာသာဝင်
ဟိန္ဒူဘာသာဝင်တို့တွင်မူ အထက်ပါဘာသာဝင်များနှင့် အနည်းငယ်ဆန့်ကျင်လျက်ရှိ၏။ ဟိန္ဒူဘာသာဝင်တို့သည် သမီးမိန်းကလေးမွေးခြင်းကား ဂုဏ်သိက္ခာညှိုးမှိန် သိမ်ငယ်စေသည်ဟု သဘောထားကြသည်။ အဘယ်ကြောင့်ဆိုလျှင် မိန်းကလေးရှင်ဘက်မှ ယောင်္ကျားလေးရှင်အား တင်တောင်းရသော ထုံတမ်းစဉ်လာရှိပြီး မိမိတို့၏သမီးအား (ထိုသတို့သား) အမျိုးသားမှ တစ်သက်လုံးစောင့်ရှောက်ရမည်၊ ကျွေးမွေးရမည်ဖြစ်သောကြောင့် ထိုသတို့သားထံ မိဘများ (အထူးသဖြင့် ဖခင်)မှ ယို့ကျိုးခယ ပေးအပ်ကြရလေသောကြောင့်တည်း။ ထိုသို့သော ထုံးတမ်းစဉ်လာကြောင့်ပင် ဟိန္ဒူလူမျိုးများ၌ အမျိုးသမီးများသည် လင်ယောင်္ကျားများ၏ အနှိမ်ခံကျွန်သဖွယ် ဖြစ်ကြရလေသည်။

တန်ဖိုးဖြတ်ခံရသည့် အမျိုးသမီးများ

လူတစ်ယောက်၏တန်ဖိုးဆိုသည်မှာ စိန်၊ ရွှေ၊ ငွေ၊ ကြေး အဖိုးတန် အရာဝတ္တုများနှင့် တိုင်းတာ၍မရနိုင်ပါ။ ထို့အတူပင် မိန်းမတစ်ယောက်၏ ဘဝ၊ မိန်းမတစ်ယောက်၏ တန်ဖိုးအား ပိုင်းဖြတ် ကန့်သတ် တိုင်းထွာ၍ အခြားတစ်ပါးသော တစ်စိမ်းယောင်္ကျား တစ်ဦးထံသို့ အပ်လိုက်ခြင်းသည် မတရားမှုတစ်ခုဟု ဆိုချင်ပါသည်။ တစ်ခါတစ်ရံတွင် အမျိုးသားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား တကယ့်မေတ္တာစစ်ဖြင့် ချစ်ပြီး မယားမှတ်မှတ်သား မှတ်မှတ် ရှာဖွေကကာကျွေးမွေးနိုင်သည့် အရည်အချင်းလည်း အပြည့်ရှိပါသော်ငြားလည်း ချမ်းသာသည့် အသိုင်းအဝိုင်းမှ မဟုတ်သည့် အတွက်ကြောင့်လည်းကောင်း၊ ဆင်းရဲခြင်းကို အကြောင်းပြ၍ ငြင်းဆိုလေ့ ရှိကြသည့် မိန်းကလေးရှင် မိဘများလည်း ရှိသေး၏။ ဤသို့ဖြင့် မိန်းမသားများ၏ဘဝသည် တန်ဖိုးဖြတ် သတ်မှတ်ခံရသော ရောင်းကုန်ဝယ်ကုန် တစ်ခု ဖြစ်နေပေတော့သည်။

ရင်းနှီးမြှပ်နှံမှုနှင့် မင်္ဂလာဆောင်

မိန်းမတစ်ဦးနှင့် ယောင်္ကျားတစ်ဦး ပေါင်းသင်းမှု အထိမ်းအမှတ်အဖြစ် မင်္ဂလာဆောင်ပွဲ ကျင်းပလေ့ရှိကြသည်။ မည်သည့်ရာစုနှစ်မှ စတင်ခဲ့သည် မသိ။ ယခုထိတိုင် ထိုပွဲများကား ရှိနေကြဆဲ။ ထိုသို့မင်္ဂလာပွဲပြုလုပ်သည့်အခါတွင် မင်္ဂလာပွဲပြုလုပ်ကျင်းပပေးသည့် မိဘများဘက်မှ (အထူးသဖြင့် ယောင်္ကျားလေးရှင်) ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် မတည်ငွေကို ထုတ်၍သုံးကြလေသည်။ သည့်နောက်တွင် ဖိတ်ကြားမည့် ဖိတ်စာ၏ ဈေးနှုန်းမှအစ၊ ကျွေးမွေးမည့်အစားအစာ၊ ပြန်လည်ကမ်းပေးမည့် အမှတ်တရပစ္စည်းမှအဆုံး စီစစ် တွက်ချက်၍ ရွေးချယ်ကြလေတော့သည်။ ၎င်းနောက် ဖိတ်ကြားရမည့် ဧည့်သည်များ၏ ပြန်လည်ပေးကမ်းနိုင်မည့် လက်ဖွဲ့ငွေကြေး ပမာဏများအား ချိန်တွက်၍ ဖိတ်သင့်သောပုဂ္ဂိုလ် မဖိတ်သင့်သော ပုဂ္ဂိုလ်ဟူ၍ ခွဲခြားပိုင်းဖြတ်ကြပြန်သည်။ ဖိတ်သင့်မဖိတ်သင့်သည့် ပုဂ္ဂိုလ် ဆိုရာတွင်လည်း ငွေကြေးနှင့်ပင် တိုင်းတာကြခြင်းဖြစ်သည်။ ငွေကြေးများများ လက်ဖွဲ့နိုင်မည့်သူ၊ လက်ဖွဲ့ကြေးနှင့် မတန်အောင်စားသွားမည့် ပုဂ္ဂိုလ်ဟူ၍တည်း။

ငွေဖလားကြီးရှေ့ချ၍ ကုတင်ထက်တွင် သံဝါသပြုကြမည့် စုံတွဲအား ရုပ်ပြလျှက် အကျိုးအမြတ်အတွက်ကား ရင်းနှီးမြှုပ်နှံထားသည့် မင်္ဂလာဆောင်ပွဲသည် မိန်းမတစ်ယောက် အတွက် ပင်ကိုယ်၊ ကိုယ်ရည်ကိုယ်သွေး ပျောက်ဆုံးတော့မည့် ကျဆုံးခန်းပြယုဂ် တစ်ခုပင်ဖြစ်ပေတော့သည်။

မိန်းမနှင့်ယောင်္ကျား ပေါင်းသင်းမှု

ယောင်္ကျားတစ်ဦးနှင့် မိန်းမတစ်ဦး  ပေါင်းသင်းမှုပြုကြတော့မည်ဆိုလျှင် အဓိက အကျဆုံးအခန်းကဏ္ဍမှာ တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစားခြင်း၊ တစ်ဦးအပေါ်တစ်ဦး ညှာတာ စာနာမှုထားခြင်း၊ နားလည်မှုရှိခြင်း တို့ပင် ဖြစ်၏။ နှစ်ဦးနှစ်ဖက် အတ္တထားမှုများ ဖယ်ရှားပြီး ပရ သဘောဆောင်၍ လူ့လောက ခရီးရှည်ကြီးကို အတူတူဖြတ်သန်းလျက် အရာရာကို အတူတကွ ရင်ဆိုင်ဖြေရှင်းကြရမည့် အဖော်မွန်အဖြစ် သဘောထားကာ ပေါင်းဖက်ကြမည်ဆိုလျှင် မိန်းမသားတို့၏ဘဝ နစ်နာဆုံးရှုံးမှုများမှ ကင်းဝေးနိုင်ပေလိမ့်မည်။

သက်ဝေနှင်း

Leave a Reply