6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၅၊ ၂၀၁၅
M-Media

pp

– ယမန်နေ့က ကစားခဲ့သည့် ဗလင်စီယာနှင့်ပွဲတွင် မိမိတို့မှာ မရှုံးသင့်သော်လည်း အသင်းအနေဖြင့် ပွဲတိုင်းကို အနိုင်ကစားနိုင်မည်ဟု မမှတ်ယူသင့်ကြောင်း ရီးယဲလ် နောက်ခံလူ ပီပီက ပြောကြားလိုက်သည်။

မက်စ်တဲလားတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒိုက ပထမပိုင်း ၁၄ မိနစ်မှာပင် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဗလင်စီယာက ၂ ဂိုးပြန်သွင်းခဲ့ကာ အန်ဆယ်လော့တီ၏ ရီးယဲလ်မက်ဒရစ်က ရှုံးနိမ့်ခဲ့ရသည်။

ထိုအရှုံးမှာ ရီးယဲလ်၏ ၂၃ ပွဲ ဆက်တိုက် အနိုင်ရသည့် စံချိန်ကို ကျိုးပျက်စေခဲ့ပြီး ပီပီကလည်း ရှုံးနိမ့်မှုအတွက် စိတ်ပျက် မိကြောင်း ပြောကြားခဲ့သည်။

`ကျွန်တော်တို့ အရှုံးနဲ့ မတိုက်တန်ပါဘူး။ ဒုတိယပိုင်းမှာ ကောင်းကောင်းမကစားနိုင်တာ မှန်ပေမယ့် အခွင့်အရေးတွေတော့ ရခဲ့ပါတယ်။ ပွဲတွေ အများကြီးကစားဖို့ ကျန်ပါသေးတယ်။ ကျွန်တ်ာတို့ ဆက်လက် တိုက်ပွဲဝင်သွားမှာပါ။ ပွဲတိုင်းကိုနိုင်ဖို့ဆိုတာ သိပ်ခက်ပါတယ်။
မှတ်တမ်းတွေက ကျွန်တော်တို့ကို မလွှမ်းမိုးပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းကစားတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အနိုင်ကို မရလိုက်ပါဘူး´ ဟု ပီပီက AS သတင်းစာသို့ ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ရီးယဲလ်မှာ စပိန်ရှုံးထွက်ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ပထမအကျော့ကို အက်သလက်တီကိုနှင့်ပင် လာမည့် ဗုဒ္ဓဟူးနေ့၌ ကစား ရမည်ဖြစ်သည်။

နည်းပြ အန်ဆယ်လော့တီကလည်း ရီးယဲလ်မှာ ထိုပွဲအရှုံးနှင့် မထိုက်တန်ဟု ပွဲအပြီးတွင် ဖွင့်ဟခဲ့သည်။ ယခုတစ်ပတ် လာလီဂါတွင် ရီးယဲလ်ကဲ့သို့ပင် ဘာစီလိုနာကလည်း မန်ယူနည်းပြဟောင်း မိုယက်စ်ကိုင်တွယ်သည့် ရီးယဲလ်ဆိုစီဒက် အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

Ref : goal.com

Tags:

Leave a Reply