News @ M-Media

ကမ္ဘာ့ စီးပွားရေးနှင့် တစ်သီး တစ်ခြားဖြစ်နေမှုအား အဆုံးသတ်မည်ဟု အီရန် သမ္မတ ရူဟာနီဆို

ဇန်န၀ါရီ ၅၊ ၂၀၁၅
M-Media

IRAN-POLITICS-ROUHANI

– ရင်းနှီးမြှပ်နှံသူများအနေဖြင့် မိမိတို့နိုင်ငံအား ခြိမ်းခြောက်မှု တစ်ခုအဖြစ် မမြင်သင့်တော့ဘဲ ကမ္ဘာ့စီးပွားရေးနှင့် တစ်သီး တစ်ခြား ဖြစ်နေမှုမှာ မကြာခင် အဆုံးသတ်တော့မည်ဟု အီရန်သမ္မတ ရူဟာနီက ပြောကြားလိုက်သည်။

တီဟီရန်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် စီးပွားရေးညီလာခံတွင် ရူဟာနီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ စည်းမျဉ်း စည်းကမ်းများကို စွန့်လွှတ်မည် မဟုတ်သော်လည်း စီပွားရေး ပိတ်ဆို့မှုများ ဖွင့်လိုက်ပါက မိမိတို့နိုင်ငံမှာ စီးပွားရေး ကျဆင်းမှုမှနေ၍ ပြန်လည် ထူထောင်လာလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အီရန်မှာ ၎င်း၏ နျူကလီးယား ကိစ္စအတွက် ပြည့်ဝသော သဘော တူညီချက်ရရန် ကမ္ဘာ့ အင်အားကြီးနိုင်ငံများနှင့် ဆွေးနွေးနေပြီး၊ သဘောတူညီချက်ရရှိပါက နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ တစ်ဟုန်ထိုး တိုးတက်လာဖွယ်ရှိနေသည်။

ရူဟာနီကမူ မိမိတို့အနေဖြင့် ရေရှည်တည်တံ့မည့် ဖွံဖြိုးတိုးတက်မှုကိုသာ လိုချင်ကြောင်း၊ မိမိတို့၏ နိုင်ငံခြားရေးပေါ်လစီက နိုင်ငံ၏ စီးပွားရေးအား ကျုံ့စေသည်ဆိုလျှင် ယခုအချိန်၌ ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တီဟီရန်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စီးပွားရေးညီလာခံသို့ အီရန်စီးပွားရေးဝန်ကြီး၊ ဗဟိုဘဏ် အကြီးအကဲတို့ အပါအ၀င် နိုင်ငံတကာမှ စီးပွားရေး ကျွမ်းကျင်သူများနှင့် ဧည့်သည်တော် ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

Ref : alarabiya

Comments

Leave a Reply