6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၁၊ ၂၀၁၅
M-Media

wfl

– ဂျာမန် ဘွန်ဒစ်လီဂါကလပ် ၀ုလ်ဘတ်အသင်း၏ ဘယ်လ်ဂျီယံ ကွင်းလယ် ကစားသမား ဂျူနီယာ မာလန်ဒါမှာ ကားမတော်တဆမှုအတွင်း သေဆုံး သွားခဲ့သည်ဟု သိရသည်။

ယမန်နေ့ နေ့လည်ပိုင်းက ဂျာမနီရှိ ဘီလီဖဲလ်ဒ်မြို့အနီးတွင် ဖြစ်ပွားခဲ့သော ကားမတော်တဆမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး မာလန်ဒါမှာ အခင်ဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။

အသက် ၂၀ အရွယ် မာလန်ဒါမှာ ဆောင်းရာသီ လေ့ကျင့်ခန်းအစီအစဉ်အဖြစ် ၀ုလ်ဖ်ဘတ်အသင်းနှင့် စနေနေ့ညနေပိုင်းတွင် တောင်အာဖရိကသို့ သွားရောက်ရန် အစီအစဉ်ရှိနေသူဖြစ်သည်။

`ကျွန်တော်တို့ အရမ်းပဲ ၀မ်းနည်းကြေကွဲရပါတယ်။ ကျွန်တော်တို့အားလုံး သူ့ကို ချစ်ပါတယ်။ သူဟာ ကျွန်တော်တို့အသင်းရဲ့ မောင်းနှင်အားဖြစ်ပြီး ပရိတ်သတ်အချစ်တော်လည်း ဖြစ်ပါတယ်။ ပြီးတော့ ဂျူနီယာ (မာလန်ဒါ)ဟာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါပဲ´ ဟု ၀ုလ်ဖ်ဘတ်အသင်း၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ကာလုစ် အလော့ဖ်စ်က ပြောကြားခဲ့သည်။

မာလန်ဒါမှာ ဘယ်လ်ဂျီယံ လူငယ်ဘောလုံးအသင်းများတွင် တစ်စိုက်မတ်မတ် ပါဝင်ခွင့်ရခဲ့သူဖြစ်ပြီး ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်ကလည်း မာလန်ဒါကွယ်လွန်မှုအတွက် ၀မ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Ref: goal.com

Leave a Reply