ဖေဖော်ဝါရီ ၄၊ ၂၀၁၅
M-Media
– ပြင်သစ်နိုင်ငံတောင်ပိုင်း နိုက်စ်မြို့ရှိ ဂျူးများနေထိုင်ရာ ရပ်ကွက်အနီးတွင် ပတ္တရောင်လှည့်နေသော စစ်သားများအား လူတစ်ဦးက ဓားမြှောင်ဖြင့်တိုက်ခိုက်မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။
တိုက်ခိုက်သူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ မှတ်ပုံတင်တွင် မူဆာကော်လီဘလီဟု ရေးသားထားကြောင်း နိုက်စ်မြို့အကြီးအကဲ ဆာရာဘာရွန်က ပြောကြားခဲ့သည်။ အဆိုပါ အမည်မှာ ပြီးခဲ့သည့်လက ပဲရစ်မြို့ ဂျူးရပ်ကွက်ရှိ Kosher စူပါမားကတ်အတွင်းသို့ ၀င်ရောက်စီးနင်းခဲ့သောကြောင့် ရဲတပ်ဖွဲ့ကပစ်သတ်ကာအသေဖမ်းဆီးရမိခဲ့သည့် သေနတ်သမား၏ အမည်ဖြစ်နေသည်။
သို့သော်လည်း ယခုဖမ်းဆီးရမိခဲ့သူမှာ ပဲရစ်ရှိ သေနတ်သမားနှင့် ဆက်နွယ်မှုမရှိဘဲ ရဲတပ်ဖွဲ့က အခြား တစ်ယောက်ကိုလည်း ခေါ်ယူစစ်ဆေးလျက် ရှိနေသည်။
ထိုလူမှာ အလျား ၂၀ စင်တီမီတာရှိသည့် ဓားမြှောင်ကိုထုတ်၍ ပတ္တရောင်လှည့်နေသော စစ်သားများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်သားတစ်ဦးမှာ ခြေသလုံးတွင် ဒဏ်ရာရရှိသွားကာ အခြားတစ်ဦးမှာ ပါးတွင် ဒဏ်ရာရရှိခဲ့သည်။ တတိယတစ်ဦးမှာမှု လက်ဖျံတွင်ဒဏ်ရာရရှိခဲ့ကာ တိုက်ခိုက်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးနိုင်ခဲ့သည်။
တိုက်ခိုက်ခဲ့သူမှာ ယခင်က ခိုးမှုနှင့် တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ဖူးသည့် မှတ်တမ်းရှိနေပြီး၊ မည်သည့်အကြောင်းကြောင့် ထိုတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်းသိရှိစေရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Ref: aljazee
Comments