6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၆၊ ၂၀၁၅
M-Media

myanmar-soldier

– မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ်နီးတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ယခုသီတင်းပတ်အတွင်း ဖြစ်ပွားသော တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့သည်ဟု အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များမှ ကြာသာပတေးနေ့တွင် ပြောကြားလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တနင်္လာနေ့မှစ၍ ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း မြန်မာစစ်သား ၉ ဦးနှင့် သူပုန် ၁၁ ဦး သေဆုံးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC က လည်း အဆိုပါ ပြည်နယ်နှစ်ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း မြန်မာစစ်တပ်မှ အယောက် ၃၀ ကျော် သေဆုံးခဲ့ကာ လက်နက်ကိုင်များဘက်မှ ၄ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။

UNFC မှာ မကြာသေးမီကပင် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး သဘောတူညီချက်ကို လက်မှတ်ထိုးရန် သမ္မတဦးသိန်းစိန်အား တောင်းဆိုခဲ့ပြီး UNFC ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ခွန်ဥက္ကာကလည်း အဆိုပါ သဘောတူညီချက်က တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် လမ်းခင်းပေးမည်ဖြစ်သော်လည်း မကြာခင်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများမှာ အပစ်ရပ်ရေးလုပ်ငန်းအား ပျက်စီးစေသည်ဟု ပြောကြားခဲ့သည်။

UNFC မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးသဘောတူညီချက်ကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင်
လက်မှတ်ရေးထိုးချင်နေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တစ်ချို့မှာ အစိုးရနှင့် အပစ်ရပ်ရေး သဘောတူညီထားပြီး ယခုတစ်ပတ် အစိုးရနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် တအန်းလွတ်မြောက်ရေးတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တို့မှာ အစိုးရနှင့် အပစ်ရပ်ရေး သဘောတူညီချက် မရရှိထားပေ။

ခွန်ဥက္ကာကမူ တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်ရေး လက်မှတ်ထိုးရန်အတွက် ဖိအားပေးရန် အစိုးရက စစ်တိုက်နေခြင်း ဖြစ်နိုင်သည်ဟု ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။

မြန်မာအစိုးရကမူ ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် တစ်နိုင်ငံလုံးအပစ်ရပ်ရေး သဘောတူညီချက်ကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်မှတ်ရေးထိုးချင်သည်ဟု ပြောကြားထားသည်။

သို့သော်လည်း တိုင်းရင်းသားများဘက်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုလိုချင်နေပြီး စစ်တပ်ကမူ ဗဟိုမှချုပ်ကိုင်သော အစိုးရ လိုအပ်သည်ဟု အခိုင်အမာဆိုနေသောကြောင့် ဆွေးနွေးညှိနှိုင်းမှုများတွင် ဖက်ဒရယ်ပြည်ထောင်စုကိစ္စမှာ လိပ်ခဲတည်းလည်းဖြစ်နေသည်။

Ref: reuters

Tags:

Leave a Reply