6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
M-Media

yasamine

– သြစတေးလျလူငယ်များအတွက် လူမှုအကျိုးပြုလုပ်ငန်းများကို နှစ်ပေါင်းများစွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ကွင်းစလန်းပြည်နယ်မှ မွတ်စလင်အမျိုးသမီးတစ်ဦးမှာ ၂၀၁၅ ကွင်းစလန်း အထူးချွန်ဆုံးလူငယ်ဆု ( 2015 Queensland Young Australian of the Year) ရရှိခဲ့သည်ဟု သိရသည်။

ဆုရရှိခဲ့သူ မွတ်စလင်အမျိုးသမီးမှာ ယာစမင်း အဘ်ဒဲလ် မဂျီဒ်းဆိုသူဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်ကတည်းက Youth Without Borders အဖွဲ့ကိုဖွဲ့စည်းကာ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။

“Youth Without Borders အဖွဲ့ကို ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က သူတို့ရဲ့လူ့အဖွဲ့အစည်းအတွက် အပြုသဘောဆောင်တဲ့
အကျိုးပြုမှုတွေ ဖြစ်စေတဲ့ စီမံကိန်းတွေမှာ လူငယ်တွေ ပါဝင်အလုပ်လုပ်ဖို့ပါပဲ။ ကျွန်မတို့ လုပ်ဆောင်ပေးခဲ့တဲ့ အရာတွေကတော့ လူငယ်တွေအတွက် ညီမျှတဲ့အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လောက် အသက်အရွယ် ရှိနေပါစေ။ ဘယ်မှာပဲမွေးပါစေ။ သူတို့ရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်တဲ့ စွမ်းအားတော့ သူတို့မှာ ရှိပါတယ်” ဟု  2015 Queensland Young Australian of the Year ဆုကို ရရှိခဲ့သူ ယာစမင်း အဘ်ဒဲလ် မဂျီးဒ်က ပြောကြားခဲ့သည်။

ထို့ပြင် ရေနံနှင့်သဘာဓာတ်ငွေ့ အင်ဂျင်နီယာဖြစ်သူ မဂျီဒ်းက အဆိုပါဆုကို ရရှိခဲ့ခြင်းမှာ မိမိအဖွဲ့ ချဲ့ထွင်မှုအတွက်
အထောက်အကူဖြစ်စေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“ဒီလိုဆုမျိုးရရှိတာဟာ နောက်ထပ်လူတွေအများကြီးကို စည်းရုံးဖို့အတွက် အခွင့်အရေးပေးလိုက်တာပါပဲ”

သြစတေးလျတွင် လွန်ခဲသည့် နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ရှိခဲ့သည့် အစ္စလာမ်ဘာသာဝင်များမှာ နိုင်ငံလူဦးရေ သန်း
၂၀ ၏ ၁.၇ ရာခိုင်နှုန်းရှိသည်။ ၉/၁၁ နောက်ပိုင်း သြစတေးလျရှိ မွတ်စလင်များမှာ သံသယများနှင့် ရင်ဆိုင်ခဲ့ပြီး ၎င်းတို့၏
တိုင်းပြည်ချစ်စိတ်အတွက် မေးခွန်းထုတ်ခြင်း ခံခဲ့ရသည်။

“သြစတေးလျ ဒါမှမဟုတ် အနောက်နိုင်ငံတွေမှာ ကြီးပြင်းခဲ့ကြတဲ့ ဘယ်လို မွတ်စလင်မျိုးမဆို ၀ါလုံးသိမ်းအရမ်းခံရတဲ့ ဘ၀မျိုးနဲ့ ကြုံတွေ့ခဲ့ရတာပါပဲ။ ကျွန်မဟာ မကောင်းဆိုးဝါးကို ကိုယ်စားပြုတယ်လို့ လူတွေက မြင်ပါတယ်။ ဒီအခြေအနေကနေ ကျွန်မတို့ဟာ တစ်ဖြည်းဖြည်း ပြန်လာခဲ့ရပြီး ဒါဟာ တကယ့်အခြေအနေမှန်ပါပဲ” ဟု မဂျီဒ်းက ပြောကြားခဲ့သည်။

ထို့ပြင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအားလုံး စုစည်းသည့် လူသားကမ္ဘာ၊ လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ အာရုံစိုက်ရန် လိုအပ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

အများအကျိုး စွမ်းစွမ်းတမံဆောင်ရွက်မှုအတွက် ထိုကဲ့သို့ ဆုရရှိခဲ့သည့် သြစတေးလျ မွတ်စလင်အမျိုးသမီးထဲတွင် အဘ်ဒဲလ် မဂျီးဒ်မှာ ပထမဆုံးမဟုတ်ဘဲ၊ သြစတေးလျအမျိုးသမီးများ၏ အခွင့်အရေးနှင့် ယဉ်ကျေးမှုပေါင်းစုံရှိသည့် လူ့အဖွဲ့အစည်းအကျိုးအတွက် ၂၅ နှစ်ကျော်ကြာ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သည့် မွတ်စလင်အမျိုးသမီး တစ်ဦးမှာလည်း ပြီးခဲ့သည့် သြဂုတ်လက 2014 New South Wales Human Rights Award ဆု ကို ရရှိခဲ့သည်။

Ref: onislam

Leave a Reply