6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
M-Media

dog

– အိမ်မွေးခွေးများမှာ လူများ၏ စိတ်ခံစားမှုများကို သိရှိခံစားနိုင်သည်ဆိုသည့် ပြောဆိုမှုများအား သိပ္ပံက ပထမဆုံးအကြိမ်
သက်သေပြနိုင်ခဲ့ပြီး ခွေးများမှာ လူတို့၏ မျက်နှာအမူအရာကို ခွဲခြားသိရှိနိုင်သည်ဟု လေ့လာမှုများက ဆိုသည်။

အဆိုပါ တွေ့ရှိချက်အသစ်ကို မကြာသေးမီက ထုတ်ဝေခဲ့သည့် Curret Biology ဂျာနယ်တွင် ဖော်ပြထားခြင်းဖြစ်ပြီး ခွေးများမှာ အမူအရာများနှင့် ထိတွေ့ဆက်ဆံရာတွင် လူသားများ၏ ဦးနှောက်ကဲ့သို့ တုန့်ပြန်မှုများကို ပြုလုပ်သည်ဟု ထည့်သွင်းဖော်ပြထားသည်။

“ကျွန်တော်တို့ရဲ့ လေ့လာမှုအရ ခွေးတွေဟာ လူသားတွေဆီက ပျော်ရွှင်တဲ့အမူအရာတွေ၊ စိတ်ဆိုးတဲ့အမူအရာတွေကို ခွဲခြားနားလည်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒီဖော်ပြချက်နှစ်ခုမှာ မတူညီတဲ့ အဓိပ္ပါယ်တွေရှိနေတယ်ဆိုတာကို သူတို့ နားလည်နိုင်ပါတယ်။ ဒါမျိုးကို သူတို့တွေ့နေကြလူတွေမှာတင်မဟုတ်ဘဲ တစ်ခါမှမတွေ့ဘူးတဲ့ လူတွေမှာလည်း သူတို့ ခွဲခြားနိုင်ပါတယ်” ဟု သုတေသနပြုလုပ်ခဲ့သူ လဒ်ဝစ်ဂ် ဟက်ဘာက အဆိုပါ ဂျာနယ်တွင် ရေးသားထားသည်။

လဒ်ဝစ်ဂ်အပါအ၀င် ဗီယင်နာရှိ Veterinary Medicine တက္ကသိုလ်မှ တိရိစ္ဆာန်အမူအရာဆိုင်ရာ စပါယ်ရှယ်လစ်များအဖွဲ့က
ဓာတ်ပုံတစ်ပုံလုံး သို့မဟုတ် မျက်လုံးနှင့် ပါစပ်များကို ကြည့်၍ မြင်ရသော စိတ်ခံစားမှုများအား တုံ့ပြန်မှုအတွက် မျိုးနွယ်ပေါင်းစုံမှ ခွေး ၂၀ ကျော်ဖြင့် လေ့ကျင့်မှုအစီအစဉ်ကို စတင်ခဲ့သည်။

အဆိုပါ ခွေးများအား အုပ်စု ၂ ခုခွဲ၍ တစ်ဖွဲ့ကို ပျော်ရွှင်သော မျက်နှာနှင့် အခြားတစ်ဖွဲ့ကို စိတ်ဆိုးနေသော မျက်နှာများအား
ရွေးချယ်နိုင်စေရန် လေ့ကျင့်ပေးခဲ့သည်။ ထို့နောက် တီဗီစခရင်တွင် မျက်နှာများကိုပြ၍ ၎င်းတို့အား လေ့ကျင့်ပေးထားသည့်အတိုင်း ရွေးချယ်စေခဲ့ကာ မှန်ကန်ပါက အစားများကျွေးခဲ့သည်။

ထိုစမ်းသပ်မှုအရ အပြုံးမျက်နှာအား မှတ်မိစေရန် လေ့ကျင့်ပေးခဲ့သော ခွေးများမှာ စိတ်ဆိုးနေသော မျက်နှာအား မှတ်မိစေရန် လေ့ကျင့်ပေးခဲ့သော ခွေးများထက်ပိုကာ သူစိမ်းများ၏ မျက်နှာတုံ့ပြန်မှုများအား ပိုမိုခွဲခြားနားလည်နိုင်သည်ကို တွေ့ရှိခဲ့ရသည်။

“ကျွန်တော်တို့လိုမျိုးပဲ ခွေးတွေဟာ ပြုံးနေတဲ့မျက်နှာကို ကောင်းတဲ့အဓိပ္ပါယ်၊ ဒေါသထွက်နေတဲ့မျက်နှာကို ဆိုးတဲ့အဓိပ္ပါယ်အဖြစ် ခွဲခြားတတ်ကြပါတယ်” ဟု လဒ်ဝစ်ဂ်က ထည့်သွင်းရေးသားခဲ့သည်။

Ref:alarabiya

Leave a Reply