6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
M-Media

Desecrated tombstones of the Sarre-Union Jewish cemetery are pictured ahead of a ceremony with French President and officials

– ဂျူးဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် ပြင်သစ်နိုင်ငံအရှေ့ပိုင်း ဂျူးသုဿန်မှ သင်္ချိုင်းအုတ်ဂူပေါင်း ၂၅၀ ကျော် ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ လူငယ် ၅ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

တရားသူကြီး ဖိလစ်ပီ ဗန်နိုင်ယာက ပြေကြားရာတွင် တနင်္လာနေ့က လူငယ်တစ်ဦးမှာ ထိုကိစ္စနှင့်ပတ်သက်၍ ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ပြီး ၎င်းနှင့်ပါဝင်ခဲ့သည့် အခြားသူများကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါလူငယ်က ၎င်းမှာ အုတ်ဂူများရှိ ဒေးဗစ်ကြယ်ကို တံတွေးဖြင့်ထွေးခဲ့ပြီး နာဇီအလေးပြုမှုကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ၀န်ခံခဲ့သည်။

ဖမ်းဆီးခံထားရသည့် လူငယ်များကမူ ၎င်းတို့၏ လုပ်ရပ်မှာ ဂျူးဆန့်ကျင်ရေး လုပ်ရပ်မဟုတ်ဟု ငြင်းဆန်ခဲ့သော်လည်း တရားသူကြီး ဗန်နိုင်ယာကမူ လက်မခံခဲ့ချေ။

“သူတို့ ငြင်းဆိုနေပေမယ့်လည်း သူတို့ရဲ့လုပ်ရပ်ရဲ့ ဂျူးဆန့်ကျင်ရေးသဘောတရား၊ လှုံ့ဆော်မှုတွေက ထင်ထင်ရှားရှားကို ပေါ်လွင်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြင်သစ်ဥပဒေအရ ထိုလူငယ်များအား တရားစွဲဆိုမှု ပြုလုပ်နိုင်ရန် တရားရေးအရ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရမည်ဖြစ်ပြီး တရားသူကြီးက တွေ့ခဲ့သော ဂျူးဆန့်ကျင်ရေး လှုံ့ဆော်မှုများကို ၎င်းတို့အား တရားစွဲဆိုမှုတွင် ထည့်သွင်းသွားမည်ဖြစ်သည်။

ဗန်နိုင်ယာကမူ အသက် ၁၅ နှစ်မှ ၁၇ နှစ်အရွယ်အတွင်းရှိ အဆိုပါလူငယ်များမှာ ပြင်သစ်-ဂျာမန်နယ်စပ်ရှိ ဂျူးသုဿန်မှ သင်္ချိုင်းအုတ်ဂူများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နာဇီတို့က ဂျူးများအား သတ်ဖြတ်သည့် အစီအစဉ် Holocaust အထိမ်းအမှတ် ကျောက်တိုင်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ လူငယ်များအား ပညာပေးစင်တာသို့ပို့ကာ ဘာသာရေးရည်ရွယ်ချက်အတွက် သင်္ချိုင်းအုတ်ဂူများ ဖျက်ဆီးမှု၊ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးထားသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်ရပ်ကြောင့် ပြင်သစ်နိုင်ငံရှိ ဂျူးလူမျိုးများမှာ တုန်လှုပ်ခဲ့ရပြီး ပြင်သစ်သမ္မတ ဟော်လန်ဒေးကမူ အဆိုပါ သုဿန်သို့ သွားရောက်ကြည့်ရှုခဲ့ကာ ထိုလုပ်ရပ်မှာ မိမိတို့ နိုင်ငံမှ တိုက်ဖျက်ပစ်မည့် မကောင်းဆိုးဝါးလုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Ref: reuters

Tags:

Leave a Reply