6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
M-Media

– အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် အာဏာသိမ်းရေး ကြံစည်မှုကို တားဆီးရန်ဟုဆိုကာ ကာရာကက်စ်မြို့တော်ဝန် အတိုက်အခံနိုင်ငံရေးသမား အန်တိုနီယို လီဒက်ဇ်မာကို ဗင်နီဇွဲလား အစိုးရက ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်။ ထောက်လှမ်းရေးအဖွဲ့များက ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး သမ္မတ မာဒူရိုကမူ လီဒက်ဇ်မှာ တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ရန် ကြိုးပမ်းမှုအတွက် အပြစ်ပေးခံရမည်ဟု ပြောကြားခဲ့သည်။

– လိုက်ဘေးရီးယားနိုင်ငံ၏ အီဘိုလာတိုက်ဖျက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အီဘိုလာ အရေးပေါ်တိုက်ဖျက်ရေးအဖွဲ့က ချီးကျူးပြောဆိုလိုက်ပြီး ထိုမျှနှင့် အားရကျေနပ်မနေရန်လည်း သတိပေးခဲ့သည်။

– အီရန်၏နျူကလီးယားအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဆူဆန်ရွိုက်စ်နှင့် အစ္စရေး လုံခြုံရေးအကြံပေး ယိုစီ ကိုဟန်တို့မှာ ယမန်နေ့က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး အခြားသောကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

– အင်အားပြင်းထန်သော ဆိုက်ကလုံးမုန်တိုင်းတစ်ခုမှာ သြစတေးလျနိုင်ငံ ကွင်းစ်လန်းကမ်းရိုးတန်းတွင် ယနေ့နံနက်ပိုင်းက တိုက်ခတ်ခဲ့ပြီး အင်အားပိုမိုပြင်းထန်လာကာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ရန် ရှိနေသောကြောင့် သြစတေးလျ အာဏာပိုင်များက ပြည်သူများအတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

– အကျဉ်းထောင်အတွင်းရှိ အစ္စလာမ်ဘာသာဝင်အကျဉ်းသားများ ဘာသာရေးဆိုင်ရာ သွန်သင်ချက်များကို လေ့လာလိုက်စားနိုင်ရန် ရည်ရွယ်၍ နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အကျဉ်းထောင်က ရှေ့ဆောင်ဆရာတော်များကို ခန့်အပ်လိုက်သည်။ အဆိုပါ ရှေ့ဆောင်ဆရာတော်များမှာ မွတ်စလင်အကျဉ်းသားများအား စိတ်ဓာတ်မြှင့်တင်ပေးခြင်းနှင့် နာမ်ပိုင်းဆိုင်ရာ သင်ကြားခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။

– ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်ရှိ ဇိမ်ခံဟော်တယ်တစ်ခုတွင် ယနေ့နံနက်က ကားဗုံးခွဲမှုနှစ်ခုနှင့်အတူတိုက်ခိုက်ရေးသမားများ၏ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အစိုးရအရာရှိများ အပါအ၀င် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့သည်။ ဆိုမာလီသူပုန်အဖွဲ့ အလ်ရှာဘတ်ကမူ ထိုတိုက်ခိုက်မှုမှာ အစိုးရအရာရှိများကို ပစ်မှတ်ထားကာ ၎င်းတို့လုပ်ဆောင်သည့် တိုက်ခိုက်မှုဖြစ်သည်ဟု တာဝန်ယူခဲ့သည်။

– တရုတ်နိုင်ငံအရှေ့ပိုင်း ဇီဂျီယန်းပြည်နယ်ရှိ မီးပန်းနှင့် ဗျောက်အိုးဆိုင်တစ်ခုတွင် တရုတ်နှစ်ကူး ပထမနေ့ဖြစ်သော ယမန်နေ့က ဗျောက်အိုးစမ်းသပ်ရာမှာ တစ်ဆိုင်လုံး မီးလောင်ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့သည်။

– ပီအက်စ်ဂျီနှင့် မကစားမီ ပဲရစ်ရထားဘူတာ၌ လူမည်းတစ်ဦးအား လူမျိုးရေးခွဲခြားမှုတွင် ပါဝင်ခဲ့သူ ပရိတ်သတ် ၃ ဦးကို ချယ်ဆီးက စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ၀င်ရောက်ကြည့်ရှုခွင့် ရာသက်ပန် ပိတ်ပင်လိုက်သည်။

Ref: news agencies

Leave a Reply