6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
M-Media

cam 3

– ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ် ပထမအကျော့ လက်ကျန် ၄ ပွဲကို မနေ့ကနဲ့ ဒီနေ့မနက်တွေမှာ ကစားခဲ့ပြီး အင်္ဂလိပ် ၂ သင်းစလုံး အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရပါတယ်။

မန်စီးတီး ၁-၂ ဘာစီလိုနာ

အိမ်ကွင်းအီတီဟတ်မှာ ကစားခဲ့ပေမယ့် မန်စီးတီးကို ဘာစီလိုနာကို အရှုံးပေးခဲ့ရသလို ခြေစွမ်းလည်း အသာမရခဲ့ပါဘူး။ တိုက်စစ်အားသန်တဲ့ ပုံစံနဲ့ ပွဲထွက်လာတဲ့ မန်စီးတီးကို ပွဲအစ နာရီဝက်မှာတင် ဆွာရက်ဇ်က ၂ ဂိုးသွင်းခဲ့ပါတယ်။ ကစားပုံက မဟန်တာကြောင့် ဒုတိယပိုင်းမှာ ကစားကွက်ပြောင်းခဲ့ပြီးမှ မန်စီးတီးတို့ ဘာကာဘက်ကို ထိုးဖောက်နိုင်ခဲ့ပြီး ၆၉ မိနစ်မှာ အဂူရိုက အသက်ဆက် ချေပဂိုး ၁ ဂိုး သွင်းပေးခဲ့ပါတယ်။ ၇၄ မိနစ်မှာ နောက်ခံလူ ကလစ်ချီ အထုတ်ခံခဲ့ရတာက အိမ်ရှင်အသင်းရဲ့ Tempo ကို လျှော့ကျစေခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီသွင်းတဲ့ ဂိုးတစ်ဂိုးလူကျွံနေတာနဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ရခဲ့တဲ့ မက်ဆီရဲ့ပင်နယ်တီကို ဂိုးသမား ဂျိုးဟတ် ကာကွယ်နိုင်ခဲ့တာကြောင့်လည်း မန်စီးတီးတို့ နောက်တစ်ဆင့်တက်ရေး အနည်းငယ် မျှော်လင့်နိုင်တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် ၂-၁ ဒေါ့မွန်

နိုင်သာနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်စ်တို့ အသာရခဲ့တာတော့ မဟုတ်ပါဘူး နောက်ခံလူတွေရဲ့ အမှားကနေတစ်ဆင့် ၁၃ မိနစ်မှာ တီဗက်ဇ် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး ၅ မိနစ်သာခံခဲ့ကာ ရီအက်စ်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ၄၃ မိနစ်မှာ မိုရာတာက ဦးဆောင်ဂိုး ထပ်သွင်းပေးခဲ့ပြီး ဒီဂိုးကိုတော့ အိမ်ရှင်တို့ ပွဲပြီးတဲ့အထိ ထိန်းထားနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရေးအတွက် အခြေအနေကောင်းခဲ့ပါတယ်။
အာဆင်နယ် ၁-၃ မိုနာကို

အိမ်ကွင်းအီမရိတ်မှာ ကစားကွက်အသာရခဲ့တဲ့ အာဆင်နယ်တို့ တိုက်စစ်မှူးတွေဂိုးပေါက်ပျောက်မှု၊ နောက်တန်းအားနည်းမှုတွေကြောင့် ထုံးစံအတိုင်း အရှုံးပေးခဲ့ရပြီး နောက်တစ်ဆင့်တက်ရေး မသေမချာ ဖြစ်ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အာဆင်နယ်တို့ ဂိုးမသွင်းနိုင်အောင် ကာကွယ်ပေးနိုင်ခဲ့တဲ့ မိုနာကိုရဲ့ နောက်တန်းက ချီးကျူစရာဖြစ်ခဲ့ပြီး ၃၈၊ ၅၃ နဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုတွေမှာ ကွန်ဒေါ့ဂ်ဘီးယာ၊ ဘာဘာတော့ဗ်နဲ့ ကာရက်စ်ကိုတို့က ဂိုးတွေ သွင်းနိုင်ခဲ့တာကြောင့် ဒေါ့မွန်တို့ နောက်တစ်ဆင့်ရေး အလားအလာကောင်းခဲ့ပါတယ်။

လေဗာကူဆင် ၁-၀ အက်သလက်တီကို

အက်သလက်တီကိုတို့ ဒီပွဲအရှုံးနဲ့အတူ ပေးဆပ်မှုတွေများခဲ့ပါတယ်။ ကစားသမား ၂ ဦး ပထမပိုင်းမှာတင် ဒဏ်ရာရာခဲ့သလို နောက်လူ သီယာဂိုကလည်း ၇၆ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ နောက်ထပ်နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဂေါ့ဒင်ကလည်း တစ်ဝါ ထပ်ထိခဲ့တာကြောင့် ဒုတိယအကျော့မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး တိုက်စစ်မှူး တောရက်စ်ရဲ့ သွင်းဂိုး ၁ ဂိုးကို ဒိုင်လူကြီးက ခွင့်မပြုခဲ့ပါဘူး။ အိမ်ရှင်တို့ကတော့ ကစားကွက်ပိုင်း အသာရခဲ့ပေမယ့် ဂိုးသွင်းခွင့်တော့ မယ်မယ်ရရ မရခဲ့ဘဲ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၅၇ မိနစ်မှာ ဟာကန် ကာလ်ဟာနော့ဂ်လူက သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရဲ့ ဒုတိယအကျော့ ရှုံးထွက်ပွဲတွေကိုတော့ မတ်လ ၁၁၊ ၁၂ နဲ့ ၁၇၊ ၁၈ တွေမှာ ကစားသွားမှာဖြစ်ပါတယ်။

Leave a Reply