6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၇ ၊ ၂၀၁၅
M-Media
myanmar-kokang

–  မြန်မာစစ်တပ်နှင့် ကိုးကန့်လက်နက်ကိုင်တို့အကြား ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှ လွတ်မြောက်ရန်အတွက် ကိုးကန့်ပြည်သူ ခန့်မှန်းခြေ ၅၀၀၀၀ ခန့်မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ ၀င်ရောက်လာသည့်အခါ တရုတ်အစိုးရက ငြိမ်းချမ်းရေးအတွက် ဆော်သြတိုက်တွန်းခဲ့ပြီး ဒုက္ခသည်များအတွက် အစားအသောက်များ၊ ဆေးဝါးများထောက်ပံ့ကာ နေထိုင်ရာ စခန်းများကိုလည်း စီစဉ်ပေးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခအများစုတွင် ကျေးဇူးစားကျေးဇူးခံ ကြားဝင်ဖြန်ဖြေသူ အဖြစ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် ခိုလှုံလာသူများအား ဆက်ဆံမှုတို့က အပြောထက်လက်တွေ့တွင် တရုတ်အစိုးရ၏ စေတနာနည်းပါးမှုကို တွေ့မြင်ရသည်။

ကာလရှည်လျားစွာ လောင်ကျွမ်းနေခဲ့သော ရန်ညှိုးထားမှု၊ သဘာဝရင်းမြစ်များအပေါ်တွင် ပြိုင်ဆိုင်မှုနှင့် လူနည်းစုများက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုတို့မှ မြစ်ဖျားခံကာ မြန်မာစစ်တပ်မှာ ဆယ်စုနှစ်နှင့်ချီ၍ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်ပွဲများ ဖြစ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဆုံးရှုံးသွားခဲ့သော ပိုင်နက်ကို ရရှိရန် ကြိုးစားခဲ့သည့် ကိုးကန့်လက်နက်ကိုင်များက ယခုလအတွင်း ရန်ကုန်မြို့တွင် ပြန်လည်စတင်ရန် သတ်မှတ်ထားသော နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးတွင် ပိုမိုကောင်းမွန်သောနေရာ ရရှိရန်အတွက် ကြိုးစားနေခြင်းဖြစ်သည်။ အဆိုပါ ထိပ်တိုက်တွေ့ဆုံမှုတွင် ကိုးကန့်လက်နက်ကိုင်နှင့် စစ်တပ်မှ စစ်သား စုစုပေါင်း ၁၃၀ ကျော် သေဆုံးခဲ့သည်။

တရုတ်နိုင်ငံက ကိုးကန့်ပြဿနာနှင့် လူသိရှင်ကြား ခပ်ဝေးဝေးပင်နေခဲ့ပြီး ကြားနေ၀ါကို ကျင့်သုံးခဲ့သည်။ သို့သော်လည်း တရုတ် ဦးဆောင်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများက တိုင်းရင်းသားများအကြား တင်းမာမှုနှင့် စစ်ရေး ပဋိပက္ခများကို အချိန်အတော်ကြာ ကတည်းက မီးထိုးပေးခဲ့ပြီး အထူးသဖြင့် မကြာသေးမီနှစ်များတွင် ဖြစ်လေသည်။

မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေကဲ့သို့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ခိုက်မှုက တရုတ်နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွားမှာ မည်ကဲ့သို့ စစ်မီးတောက်သည်ဆိုခြင်း၏ ထင်ရှားသည့် ဥပမာဖြစ်သည်။

တရုတ်အစိုးရပိုင် China Datang ကော်ပိုရေးရှင်းက ဆောင်ရွက်နေသော စီမံကိန်းတစ်ခုဖြစ်သည့် ဒါးပိန်ရေအားလျှပ်စစ် ဆည်ကြီးအနီးတွင် ၂၀၁၁ ခုနှစ်က မြန်မာစစ်တပ်နှင့် ကေအိုင်အေတို့ ပြင်းထန်သည့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ထိုနှစ်တွင်ပင် ကေအိုင်အေ၊ မြန်မာစစ်တပ်၏ မြောက်ပိုင်းစစ်ဌာနချုပ်နှင့် China Datang ကော်ပိုရေးရှင်းတို့အကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် တရုတ်ကုမ္ပဏီက စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် အတွက် ကေအိုင်အေ ခေါင်းဆောင် များကို ကန်ဒေါ်လာ ၂.၄ သန်း ပေးအပ်ခဲ့သည်။ သို့သော်လည်း ကေအိုင်အေက အဆိုပါဆည်မှ ထွက်သော လျှပ်စစ်ကို ၁၉၉၄ ခုနှစ် မြန်မာ စစ်တပ်နှင့် ချုပ်ဆိုထားသော အပစ်ရပ်ရေး စာချုပ်တွင် ၎င်းတို့အား ပေးထားခဲ့သည့် ဒေသများ၌ မျှဝေပေးစေချင်သည်။ China Datang ကော်ပိုရေးရှင်းက ကေအိုင်အေဒေသများတွင် လျှပ်စစ်ဓာတ်အား အချို့ မျှပေးရန် သဘောတူခဲ့သော်လည်း ကေအိုင်အေခေါင်းဆောင်များ တောင်းဆိုသကဲ့သို့ စာချုပ်စာတမ်းဖြင့် တရားဝင်လုပ်ရန် အတွက်တော့ ငြင်းဆိုခဲ့သည်။ ထိုနောက်ပိုင်း သိပ်မကြာခင်မှာပင် မြန်မာစစ်တပ်က အနီးအနားရှိ ကေအိုင်အေ ကင်းစခန်းများနှင့် လူနေထိုင်ရာအဆောက်အဦးအများကို တိုက်ခိုက်ခဲ့ပြီး ၁၇ နှစ်တာကြာခဲ့သည့် အပစ်ရပ်ရေးမှာလည်း ပျက်ပြယ်ခဲ့ကာ တိုက်ပွဲများက ယနေ့အချိန်အထိ မပြတ်တမ်းရှိနေခဲ့လေသည်။

တိုက်ခိုက်မှုများက တရုတ်အစိုးရပိုင် China National Petroleum ကော်ပိုရေးရှင်းမှ ဦးဆောင်ပြုလုပ်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ရေးအတွက် နယ်မြေလုံခြုံရန် မြန်မာစစ်တပ်က ၀င်ရောက်ရှင်းလင်းခဲ့သော  ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ပြန့်နှံ့သွားခဲ့သည်။

ထိုကဲ့သို့ ဖွံ့ဖြိုးရေး ပေါ်လစီများနှင့် စစ်ဆင်ရေးများ တွဲပါလာခြင်းကြောင့် မြန်မာနိုင်ငံမှ တိုင်းရင်းသားပြည်သူများအပေါ် သက်ရောက်မှုက ဆိုးဝါးခဲ့သည်။ ၂၀၁၁ ခုနှစ်ကတည်းက ကချင်ပြည်သူ ၁ သိန်းကျော် ထိုနည်းတူစွာ ရှမ်းနှင့် တအန်းပြည်သူများမှာ ၎င်းတို့၏ နေအိမ်နှင့် အသက်မွေးဝမ်းကြောင်းအလုပ်များကို ဆုံးရှုံးခဲ့ရသည်။ ထောင်ပေါင်းများစွာက တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ရသည်။

ဒါးပိန်ဆည်အနီး ၂၀၁၁ ခုနှစ်က တိုက်ပွဲစတင်ပြီး မကြာခင်မှာပင် မိမိအနေဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်လည်ပတ်ခဲ့သည်။ ကိုးကန့်ဒေသနှင့် မဝေးလှသည့်နေရာဖြစ်သည်။ တရုတ်အာဏာပိုင်များ၏ လက်ထဲတွင် ကချင်နှင့် ရှမ်းပြည်သူများမှာ ဖိနှိပ်ခံနေရသည်ကို တွေ့ခဲ့ရသည်။

ရွိုင် တန်ဟုခေါ်သည့် အသက် ၃၃ နှစ်အရွယ် ကချင် လယ်သမားတစ်ယောက်က ၎င်းအနေဖြင့် တရုတ်စစ်သားများအတွက် လုပ်ခမရဘဲ အတင်းအဓမ္မ အလုပ်လုပ်ပေးနေရသည်ဟု ပြောခဲ့သည်။ တရုတ်စစ်တပ်က အလုပ်သမားလိုအပ်သည့် မည်သည့်အချိန်တွင်မဆို “သူတို့ ကျွန်တော်တို့ကို လာခေါ်ပြီး အလုပ်ခိုင်းတာပါပဲ” ဟု ၎င်းက ဆိုသည်။ အိမ်သာဆေးခြင်း၊ ခြံဝန်းအတွင်း အလုပ်လုပ်ရခြင်း၊ တရုတ်စစ်သားများ ပိုက်ဆံရရန်အတွက် အလုပ်လုပ်ပေးရခြင်း စသည်တို့ဖြစ်သည်။ ထိုအရာများက ခိုလှုံလာသောဒုက္ခသည်များအပေါ် ထားရှိသည့် ယူနန်စစ်သားများ၏ တောင်းဆိုမှုဖြစ်ပြီး တစ်ခါတစ်ရံတွင် ရိုက်နှင်ခြင်းပင် တွဲပါတတ်သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ယူနန်အာဏာပိုင်များက တစ်ဆင့်တက်လာခဲ့ပြီး ကချင်ဒုက္ခသည်များ၏ စခန်းများကို မီးရှို့ခဲ့ကြသည်။ ထို့ကြောင့် ကချင်ပြည်သူထောင်ပေါင်း များစွာမှာ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများဖြစ်ပွားရာ နေရာများသို့ မပြန်မဖြစ် ပြန်လာခဲ့ရသည်။

တရုတ်အစိုးရ၏ ကြားမ၀င်ရေး ပေါ်လစီနှင့် တစ်ခြားစီဖြစ်နေသာ မြန်မာနိုင်ငံမြောက်ပိုင်း အထူးသဖြင့် ကချင်လူမျိုးများ အဓိကနေထိုင်ရာဒေသတွင် တရုတ်အစိုးရ၏ စီးပွားရေး စိတ်ဝင်စားမှုက စစ်ပွဲနှင့် အဆက်မပြတ်ဖြစ်နေသော ဖိနှိပ်ချုပ်မှုများကို အထောက်အပံ့ဖြစ်နေသည်။ မြန်မာစစ်တပ်နှင့် စစ်တပ်စီးပွားရေးကလည်း တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အလွန်အမင်း ဆန္ဒရှိနေလေသည်။

မြန်မာနိုင်ငံ၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ဆွေးနွေးပွဲများကို အနောက်နိုင်ငံများက အာရုံစိုက်နေချိန် လက်တွေ့တွင်တော့ နယ်မြေပိုင်ဆိုင်မှု ပိုမရမချင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်က လိုလိုလားလားမရှိသည်မှာ ထင်ရှားနေသည်။ တရုတ်နိုင်ငံမှ ငွေကြေးစိုက်ထုတ်ပေးသော ဆည်များ၊ ပိုက်လိုင်းများနှင့် သတ္တုတွင်းများကို တိုင်းရင်းသားနယ်မြေများအား ကျူးကျော်ဝင်ရောက်ရန်နှင့် ထိုဒေသအတွင်းရှိ ပြည်သူများကို လွှမ်းမိုးရန်အတွက် စစ်ပွဲလက်နက်အဖြစ် အသုံးပြုကြသည်။

မြန်မာနိုင်ငံနှင့် ထိစပ်နေသော ၁၃၇၀ မိုင်ရှိသည့် နယ်စပ်တစ်လျှောက်ကို တရုတ်နိုင်ငံမှ တည်ငြိမ်စေချင်လျှင် ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်ခဲ့သည့် နိုင်ငံအဖြစ် ထိုသဘောတူညီချက်၏ တာဝန်ဝတ္တရာများကို ဖြည့်ဆည်းပေးသင့်ပြီး ဒုက္ခသည်များအား မည့်သည့် လူမျိုးပင်ဖြစ်စေ ကာကွယ်မှု အပြည့်အ၀ ပေးသင့်ပေသည်။ ထို့ပြင် ခိုလှုံလာသူများကို မြန်မာ-ယူနန်နယ်စပ်သို့ ၀င်ရောက်ခွင့် နှစ်ပေါင်းများစွာ ငြင်းပယ်ခံထားရသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီနှင့် တွေ့ဆုံခွင့်ပေးသင့်ပြီး တရုတ်နိုင်ငံနေဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများအတွင်းသို့ ပြန်လည်သွားရောက်ရန်အတွက် မည်သူ့ကိုမှ အတင်းအကျပ်မပြုသင့်။

ထိုအတောအတွင်း တရုတ်နှင့် အခြားသော နိုင်ငံခြားအစိုးရများကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာများကို ပြန်လည် တွက်ချက်သင့်သည်။ တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ၀ရုန်းသုန်းကားဖြစ်မှုများအား လွယ်လွယ်ကူကူပင် အမြတ်ထုတ်နိုင်သော်လည်း ဘာကိုပေးဆပ်ရမည်နည်း? ထိုဒေသရှိ ပြည်သူများက စိတ်ပျက်ရမည်။ တရုတ်ဆန့်ကျင်ရေး သဘောထားများက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မြင့်တက်လာနေပြီး ထိုအချင်းအရာက တရုတ်နိုင်ငံ၏ ရေရှည် စီပွားရေးနှင့် နိုင်ငံရေး အကျိုးစီးပွားကို အကျိုးယုတ်စေလိမ့်မည်။

ခိုင်မာသည့် ငြိမ်းချမ်းရေး သဘောတူညီချက်များ တည်ဆောက်မပြီးမချင်း မြန်မာနိုင်ငံ၏ စစ်မက်ဖြစ်ပွားသော ဒေသများတွင် မည်သူမှ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား မလုပ်သင့်။ အကျိုးအမြတ်အတွက် အလျင်စလိုမပြုဘဲ ဆိုးရွားသော စစ်ပွဲများကို မြန်မာနိုင်ငံအား ဖြေရှင်းစေခြင်းက ရင်းနှီးမြှုပ်နှံသူများမှာ ဒေသခံပြည်သူများ၏ လေးစားမှုကို ရရှိစေမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်တွင်လည်း ကောင်းမွန်လာပေလိမ့်မည်။

ref: The New York Times
မိုးဝေ ဘာသာပြန်သည်။

Leave a Reply