6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၉၊ ၂၀၁၅
M-Media

11034103_853992887976516_946450441821561564_n

– ဆွဇ်ဇာလန်နိုင်ငံက ထုတ်လုပ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ပျံဟာ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ကနေ ပျံတက်ခဲ့ပြီး လောင်စာဆီတစ်စက်မှမသုံးဘဲ ကမ္ဘာတစ်ပတ်ပျံသန်းမယ့် ပထမဆုံး အားထုတ်မှုကို စတင်လိုက်ပါပြီ။

The Solar Impulse 2 (Si2) လို့ အမည်ပေးထားတဲ့ အဲဒီလေယာဉ်ပျံကို ဆွဇ်လန်လေယာဉ်မှူး အန်ဒရေ ဘော့ရှ်ဘာဂ့်က ကိုင်တွယ်မောင်းနှင်တာဖြစ်ပြီး အလ်-ဘာသီန်းလေဆိပ်ကနေ မတ်လ ၉ ရက် (ယနေ့) ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၂ မိနစ်မှာ စတင် ပျံတက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်ရဲ့ ပထမပိုင်းခရီးစဉ်ကိုတော့ အိုမန်နိုင်ငံက မူစကတ်မြို့ကို ဦးတည် မောင်းနှင်မှာ ဖြစ်ပါတယ်။

ဒီလေယာဉ်ကို ဖန်တီးထုတ်လုပ်သူတွေက ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ နည်းပညာအဟောင်းတွေကို သန့်ရှင်းပြီး အကျိုးရှိတဲ့ နည်းပညာအသစ်တွေနဲ့ အစားထိုးခြင်းနဲ့ပတ်သက်လို့ အသိပညာပေးဖို့ ရည်ရွယ် ဖန်တီးခဲ့တာလို့ ဆိုပါတယ်။

10653316_853997794642692_5785889745435132192_n

ဒီလေယာဉ်ကို ပူးတွဲတည်ဆောက်ခဲ့တဲ့ အန်ဒရေ ဘော့ရှ်ဘာ့ဂ်ဟာ တနင်္လာနေ့နံနက် ယူအေအီးက အလ်- ဘာသီန်းလေဆိပ်က ပျံတက်တဲ့အခါ တစ်ယောက်စီး ဒီလေယာဉ်ကို ထိန်းသိမ်းမောင်းနှင်သွားမှာ ဖြစ်ပါတယ်။

ဒီလေယာဉ်ပျံသန်းဖို့ကို စနေနေ့မှာစဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် လေတိုက်နှုန်းကြမ်းနေတာကြောင့် နောက်ကျခဲ့ရပါတယ်။ ဒီလေယာဉ် ဖြစ်မြောက်လာဖို့အတွက့် ဘော့ရှ်ဘာ့ဂ်နဲ့ မိတ်ဆွေ လေယာဉ်မှူး ဘာထရန် ပစ်ကာ့ဒ်တို့က ၁၃ နှစ်လောက် သုတေသနတွေ၊ စမ်းသပ်မှုတွေလုပ်ပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။

11045021_854003031308835_7680949359188586979_n

သူတို့တွေဟာ ဒီလေယာဉ်ကို ကမ္ဘာတစ်ပတ် ပျံသန်းမှာဖြစ်ပြီး လမ်းမှာ တစ်ထောက်နားတဲ့အချိန်မှာ တစ်ယောက်တစ်လှည့်စီ အလှည့်ကျ လဲလှယ် မောင်းနှင်သွားမှာလည်း ဖြစ်ပါတယ်။

ဘော့ရှ်ဘာ့ဂ်ဟာ မူစကတ်ခရီးစဉ်ရဲ့ ၁၃ ရာခိုင်နှုန်းအဖြစ် ၂ နာရီ ၁၅ မိနစ် မောင်းနှင်မှာဖြစ်ပြီး နောက်ပိုင်းမှာ မီဒီယာနဲ့ အင်တာဗျူးလုပ်သွားမှာဖြစ်တယ်လို့ သူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ ၀ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်။

လူသားရဲ့ စိန်ခေါ်မှု

ဒီလေယာဉ် မပျံသန်းမီလေးမှာပဲ အသက် ၆၃ နှစ်အရွယ်ရှိတဲ့ ဘော့ရှ်ဘာ့ဂ်က သူ့ရဲ့ Twtter စာမျက်နှာမှာ ဒါဟာ သူနဲ့ သူ့ရဲ့လေယာဉ်ပျံအတွက် တကယ့်စိန်ခေါ်မှုကြီးပဲလို့ ရေးသားဖော်ပြခဲ့ပါတယ်။

“ဒီစီမံကိန်းဟာ လူသားတွေရဲ့ စီမံကိန်းပါ။ ပြီးတော့ လူသားတွေရဲ့ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်” လို့ သူက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

ဒီလေယာဉ်ပျံရဲ့ တောင်ပံနှစ်ခု အကွာအဝေး (ဗြက်) က ဂျမ်ဘိုလေယာဉ်တွေထက် နည်းနည်းလေးပိုကြီးပေမယ့် အလေးချိန်ကတော့ မိသားစုစီးတဲ့ ကားလေးလောက်ပဲရှိပါတယ်။

အိုမန်နိုင်ငံ မူစကတ်ကနေ နောက်ထပ် နေရာ ၁၂ ခုကို ၅ လအတွင်း သွားမှာဖြစ်ပြီး စုစုပေါင်း ပျံသန်းချိန်ကတော့ ၂၅ ရက် ကြာမှာဖြစ်ပါတယ်။

အဲဒီလေယာဉ်လေးဟာ အာရေဘီးယားပင်လယ်ပြင်ကိုဖြတ်လို့ အိန္ဒိယကို သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာ၊ တရုတ်၊ ဟာဝိုင်ယီကျွန်းနဲ့ နယူးယောက်ကို ဆက်လက် ပျံသန်းမှာဖြစ်ပါတယ်။

ဆင်းသက်ဖို့ကိုတော့ အမေရိကန်အလယ်ပိုင်း၊ ဥရောပတောင်ပိုင်း ဒါမှမဟုတ် မြောက်အာဖရိမှာ ဖြစ်လိ့မ်မယ်လို့ လျာထား ထားပြီး ရာသီဥတုအခြေအနေပေါ်မူတည်ကာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

အပိုင်းလိုက်ပျံသန်းမယ့်ဒီခရီးစဉ်မှာ အရှည်ကြာဆုံးအပိုင်းကတော့ တရုတ်ပြည်နန်ကျင်းကနေ ဟာဝိုင်ယီအကြား ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံမယ့် ၅ ရက်တာ ကာလဖြစ်ပြီး လေယာဉ်မှူး အပြောင်းအလဲမလုပ်ဘဲ တစ်ဦးတည်းက တာဝန်ယူ ပျံသန်းမှာဖြစ်ပါတယ်။ လေယာဉ်မှူး အနားယူတဲ့အချိန်တော့ ရှိမှာဖြစ်ပြီး ဒီအချိန်မှာ အလိုအလျောက်မောင်းနှင်စနစ် (အော်တိုပိုက်လော့) ကနေ
ထိန်းချုပ်မောင်းနှင်သွားမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွက် ယောဂနဲ့ စိတ်တည်ငြိမ်မှု ကျင့်စဉ်ဖြစ်တဲ့ self-hypnosis တွေ အပါအ၀င် လေယာဉ်မှူးတွေက သေသေချာချာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။ ဒီ self-hypnosis ကျင့်စဉ်ဟာ လေယာဉ်မှူးတွေအနေနဲ့ မိနစ် ၂၀ လောက်အိပ်စက်ပြီး လန်းလန်းဆန်းဆန်းနဲ့ ပြန်လည် နိုးထလာနိုင်မယ့် ကျင့်စဉ်လည်း ဖြစ်ပါတယ်။ဒီခရီးစဉ်တစ်ခုလုံးကို လောင်စာဆီ တစ်စက်မှ မသုံးဘဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မိုနာကိုနှင့် ချိတ်ဆက်ခြင်း

ခရီးစဉ်တစ်လျှောက်လုံးမှာ ဒီလေယာဉ်ဟာ ပြင်သစ်နိုင်ငံ မိုနာကိုမှာရှိတဲ့ လေကြောင်းထိန်းသိမ်းရေးစင်တာနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။ အဲဒီစင်တာမှာ မိုးလေ၀သပညာရှင်၊ လေကြောင်းထိန်းသိမ်းရေး ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ စုစုပေါင်း ၆၅ ဦးလောက် ရှိမှာဖြစ်ပြီး လေယာဉ်မှူး ၂ ယောက်လုံးကို ကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

လေယာဉ်မှူးအိပ်နေတဲ့အချိန်မှာ ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင်တော့ မြေပြင်က ဒီဝန်ထမ်းတွေဟာ လေယာဉ်မှူးကို နှိုးနိုင်မှာ ဖြစ်ပါတယ်။

“သန့်ရှင်းတဲ့အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ အမြင်တွေကို မျှဝေချင်ပါတယ်။ စွမ်းအင်တွေ၊ ကျွန်တော်တို့ဂြိုဟ်ကြီးက သဘာဝ သယံဇာတတွေကို ခြွေတာပေးတဲ့၊ အကျိုးမြတ်တွေ၊ အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့၊ တည်ငြိမ်တဲ့တိုးတက်မှုတွေကို ရစေတဲ့ ဒီ အစိမ်းရောင်နည်းပညာတွေဟာ ဈေးကွက်ထဲရောက်လာဖို့ ရာသီဥတု ပြောင်းလဲမှုက သိပ်ကိုကောင်းတဲ့ အခွင့်အလမ်းတွေပါပဲ” လို့ Solar Impulse အဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ အသက် ၅၇ နှစ်အရွယ် ပစ်ကာ့ဒ်က ဆိုပါတယ်။

ဒီစီမံကိန်းကို စတင်ထုတ်ဖော်ပြသခဲ့တဲ့အချိန်တုန်းက သူတို့ရဲ့ ဒီအယူအဆကို လေကြောင်းကဏ္ဍတစ်ခုလုံးက ပျက်ရယ်ပြုခဲ့ကြပါတယ်။

ဒါပေမယ့် သိပ္ပံဆိုင်ရာ စွန့်စားမှုတွေကို မွေ့လျော်တဲ့ မိသားစုကနေ ဆင်းသက်ပေါက်ဖွားလာသူဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ မီးပုံးပျံနဲ့ ပထမဆုံး ကမ္ဘာပတ်ပြခဲ့တဲ့ ပစ်ကာ့ဒ်တစ်ယောက် သန့်ရှင်းတဲ့နည်းပညာနဲ့ ပြန်ပြည့်မြဲ စွမ်းအင်ဟာ မဖြစ်နိုင်တာကို အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကို ဆုပ်ကိုင်ထားခဲ့ပါတယ်။

ဒီလေယာဉ်ကို ဂျမ်ဘိုလယာဉ်တွေရဲ့ တောင်ပံထက်ရှည်ပြီး ၂၃၆ ပေရှိတဲ့ တောင်ပံတွေမှာ တပ်ဆင်ထားတဲ့ ၁၇၀၀၀ သော ဆိုလာဆဲလ်တွေက ပါဝါပေးမှာ ဖြစ်ပါတယ်။ ဒီလေယာဉ်ရဲ့ တောင်ပံအရှည်ဟာ Airbus A380 ဆူပါဂျမ်ဘို အမျိုးအစား လေယာဉ်တွေလောက်နီးနီး ရှိနေပါတယ်။

ဒီဇိုင်းကို တီထွင်ဆန်းသစ်နိုင်ခဲ့တာကြောင့် ကာဘွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားတဲ့ ဒီလေယာဉ်ရဲ့ အလေးချိန်ဟာ ၂.၃ တန်သာရှိပြီး လေဘီးမောင်း မိသားစုကားလေးရဲ့ အလေးချိန်လောက်သာရှိကာ A380 လေယာဉ်ထက် ၁ ရာခိုင်နှုန်း ပိုပေါ့ပါတယ်။

ဒီ Si2 လေယာဉ်ဟာ လေထဲမှာ ရက်အတော်ကြာ လွင့်မျော ပျံသန်းနိုင်တဲ့ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်လည်း ဖြစ်ပါတယ်။

လစ်သီယံ ဘက်ထရီများ

လေယာဉ်ရဲ့ ပန်ကာကတော့ မြင်းကောင်ရေ ၁၇.၅ အားရှိတဲ့ အင်ဂျင်ဖြစ်ပြီး ပြန်လည်အားသွင်းနိုင်နဲ့ လစ်သီယံ ဘက်ထရီကို အသုံးပြုထားပါတယ်။

ဒီအင်ဂျင်ကြောင့် တစ်နာရီကို ၅၀ကီလိုမီတာကနေ ၁၀၀ ကီလိုမီတာအထိ သွားနိုင်ပြီး ဘက်ထရီ အလျင်အမြန် အားကုန်သွားမှာ စိုးရိမ်ရတာကြောင့် ညဘက်တွေမှာတော့ ဒီထက်ပိုနည်းတဲ့ အရှိန်နဲ့ သွားမှာဖြစ်ပါတယ်။

ဒီ Si2 လေယာဉ်ဟာ ၂၀၁၀ ခုနှစ်က ၂၆ နာရီလောက် ပျံသန်းခဲ့တဲ့ Solar Impulse လေယာဉ်နေရာကို ဆက်ခံတဲ့ လေယာဉ်လည်းဖြစ်ပါတယ်။ Solar Impulse လေယာဉ်က အခုလေယာဉ်ထက် ပိုသေးပါတယ်။ Si2 လေယာဉ်ကတော့ ညဘက်ပျံသန်းဖို့အတွက် နေ့ဘက်မှာ ဘက်ထရီကို လုံလုံလောက်လောက် အားဖြည့်နိုင်တဲ့ စွမ်းရည်ရှိတဲ့ လေယာဉ်လည်း ဖြစ်ပါတယ်။

ဒီလေယာဉ်ရဲ့ နောက်ဆုံးပျံသန်းမှုကို မတ်လ ၂ ရက်နေ့က ယူအေအီးနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့ကာ စီမံကိန်းအကြီးအကဲတွေက ဒီလေယာဉ်မှာ ဘာချို့ယွင်းချက်မှ မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒီလေယာဉ်ခရီးစဉ်ကို ဇူလိုင်လမှာ အဘူဒါဘီမှာပဲ အဆုံးသတ်ဖို့ သတ်မှတ်ထားပြီး ပစ်ကာ့ဒ်က နောက်ဆုံး မောင်းနှင်းမှာ ဖြစ်ပါတယ်။

သူ့အတွက်တော့ ဒီစီမံကိန်းဟာ ဇူလိုင်လမှာ အဆုံးသတ်မှာမဟုတ်ဘဲ အဲဒီအချိန်ကျမှ စတင်မှာဖြစ်ပါတယ်။

သန့်ရှင်းတဲ့ စွမ်းအင်အသုံးပြုဖို့အတွက် မဲဆွယ်မှုတွေလုပ်ဖို့ တိုက်တွန်းစာတစ်စောင်ကို futureisclean.org မှာ လွှင့်တင်ထားပြီး Si2 ရဲ့ ပျံသန်းမှုတွေကိုတော့ www.solarimpulse.com မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါလိမ့်မယ်။

Ref: Aljazeera

Leave a Reply