July,2 2012 11:30 AM KL
MMSY News
Kuala Lumpur
၂၀၁၂ ဇူလိုင်လ (၁၉ ) ရက်နေ့မှာ ကျရောက်မယ့် (၆၅) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တတိယကြိမ် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့သွေးလှူပွဲနှင့် ဟောပြောပွဲက ဇူလိုင်လ ၁ ရက် ၂၀၁၂ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ SM ကုန်တိုက် ၆ လွှာမှာ မနက် ၉ နာရီစ၍ ညနေ ၃ နာရီ အထိ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
သွေးလှူဒါန်းပွဲတွင် သွေးပုလင်း ၃၀၀ ကျော်ရရှိပြီး မလေးရှားနိုင်ငံ ယူနီဗါစီတီမာလာယာ UM ဆေးရုံမှ လာရောက်သွေးလက်ခံယူခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်။ လှူဒါန်းပွဲမှာ မလေးရှားနိုင်ငံရောက် Permit ရှိသူ၊ UNHCR ကဒ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်လှူဒါန်းနိုင်အောင် စီစဉ်ခဲ့ကြကြောင်း သိရှိရပါတယ်။
သွေးလှူဒါန်းပွဲတွင် မလေးရှားရောက် မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံပါဝင်လှူဒါန်းခဲ့ကြောင်း နှင့် မြန်မာမွတ်စလင်မ်များအသင်း (မလေးရှား) ၊ မလေးရှားရောက်မြန်မာမွတ်စလင်မ် စီးပွားရေးလုပ်ငန်းရှင်များမှ အလှူငွေနှင့် သွေးလှူဒါန်းပွဲတွင် အစားအသောက် အစီအစဉ်များအတွက် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါတယ်။

သွေးလှူပွဲမှာ တာဝန်ယူလုပ်ဆောင်ပေးခဲ့ကြသူ မလေးရှား ဆေးရုံဝန်ထမ်း ဆရာဝန်၊ သူနာပြုများနှင့် တာဝန်ခံများ အမှတ်တရဓါတ်ပုံတွင် မလေး၊ မြန်မာ၊ တရုတ်၊ အိန္ဒိယ လူမျိုးစုံနှင့် အစ္စလာမ်၊ ဗုဒ္ဒ၊ ခရစ်ယာန် ဘာသာစုံတို. လူသားဆန်တဲ့ စိတ်ဓါတ်များဖြင့် သွေးတစ်ပုလင်းမှ အသက်တစ်ချောင်း လှူနိုင်ကောင်း၏မို့ ပါဝင်ကူညီခဲ့ကြကြောင်း မှတ်တမ်းတင်ပါ၏။
ယခု စုပေါင်းသွေးလှူဒါန်းပွဲတွင် မလေးရှားရောက် မြန်မာမွတ်လင်မ်များ ပါဝင်လှူဒါန်းခဲ့ကြောင်း မလေးရှားမှာ စုပေါင်းသွေးလှူခြင်းတွင် သွေးလှူအကြိမ်အရေအတွက် ဒုတိယ အများဆုံးလှူဒါန်းထားသူ မြန်မာမွတ်စလင်မ် ကိုပေါက် (၄၄ကြိမ်သွေးလှူရှင်၊ အိဒ္ဒြာစတိုးနှင့် စားသောက်ဆိုင်ဝန်ထမ်း) ဖြစ်ပြီး အကြိမ်ရေအတွက် အများဆုံးသူတစ်ဦး ၄၅ ကြိမ် သွေးလှူရှင်မှာလည်း မြန်မာမွတ်စလင်မ်တစ်ဦးပင်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
သတင်းနှင့် ဓါတ်ပုံ
ကိုမင်းမင်း
Comments