News @ M-Media

ရှာကီးရားကိုကျော်ကာ Facebook အားပေးသူအများဆုံး ဖြစ်လာတဲ့ ရော်နယ်ဒို

မတ် ၁၅၊ ၂၀၁၅
M-Media

26A313FE00000578-2994765-image-a-3_1426344959736

– ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုတွေ ဆက်တိုက်ရပြီး နာမည်ကျော်လာတဲ့ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် အခုလည်း နောက်ထပ်အောင်မြင်မှုတစ်ခု ထပ်ရခဲ့ပြန်ပါတယ်။

ဒါကတော့ ကမ္ဘာတစ်ဝှမ်း လူသန်းရာနဲ့ချီ သုံးစွဲနေတဲ့ Facebook မှာ ကိုလံဘီယာအဆိုတော် ရှာကီရားကို ကျော်ဖြတ်ပြီး အားပေးမှုအများဆုံး နာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့တာပါပဲ။ အခုဆိုရင် ရော်နယ်ဒိုရဲ့ Facebook ပရိတ်သတ်ဟာ ၁၀၇ သန်းရှိလာခဲ့ပြီး ရှာကီးရားကို ၅၀၀၀ နီးပါး ဖြတ်ထားနိုင်ခဲ့ပါတယ်။

အားကစားသမားတွေထဲမှာတော့ ရော်နယ်ဒိုရဲ့ အရေအတွက်ဟာ အတော်လေးများပြားပြီး အနီးစပ်ဆုံးဆိုလို့ အားပေးသူ ၇၈ သန်းရှိတဲ့ မက်ဆီတစ်ယောက်ပဲ ရှိပါတယ်။ ရော်နယ်ဒိုဟာ Facebook မှာတင် အားပေးမှုများတာ မဟုတ်ဘဲ Twitter မှာလည်း ၃၄ သန်းနဲ့ အားပေးသူအများဆုံး အားကစားသမားတစ်ယောက် ဖြစ်လာနေပါတယ်။ Twtter မှာ ရော်နယ်ဒိုနဲ့ အနီးစပ်ဆုံးကတော့ ဘရာဇီးလ်ကွင်းလယ်လူဟောင်း ကာကာပဲ ဖြစ်ပါတယ်။

Facebook အားပေးသူအများဆုံး အားကစားသမား ၁၀ ယောက်ထဲမှာ ရော်နယ်ဒိုနဲ့ မက်ဆီပြီးရင် တတိယနေရာမှာ ချိတ်နေသူဟာ တစ်ချိန်က ဘောလုံးမင်းသားဖြစ်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ခမ်းပါပဲ။ ဘာစီလိုနာတိုက်စစ်မှူး နေးမာကတော့ စတုတ္ထနေရာမှာ ရှိနေပြီး ထိပ်ဆုံး ၁၀ ယောက်မှာ ဘောလုံးသမားက ၈ ယောက်အထိ ရှိနေပါတယ်။

Ref: Dailymail

Comments

Leave a Reply