6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၇၊ ၂၀၁၅
M-Media

Israeli Prime Minister Benjamin Netanyahu delivers statement in Har Homa

– မိမိအနေဖြင့် ၀န်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရပါက ပါလက်စတိုင်းနိုင်ငံအား တည်ထောင်ခွင့် ပေးမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြေကြားလိုက်သည်။

နေ့စဉ်ထုတ် Maariv သတင်းစာနှင့် အင်တာဗျူးတွင် နေတန်ယာဟုက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါလက်စတိုင်းပိုင်း အရှေ့ဂျေရုစလင်ရှိ အစ္စရေးက တည်ဆောက်ထားသော ဂျူးအချေခြအိမ်ယာများသို့ သွားရောက်မဲဆွယ်သည့်အခါတွင်လည်း နေတန်ယာဟုက ၎င်းအနေဖြင့် အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်၍ ပါလက်စတိုင်းများ နိုင်ငံတည်ထောင်ခွင့်ကို ပေးသွားမည်ဟုတ်ဟု ပြောကြားခဲ့သည်။

ထို့ပြင် အရှေ့ဂျေရုစလင်တွင်လည်း တရားမ၀င်အိမ်ယာ ထောင်ပေါင်းများစွာကို ဆက်လက်ဆောက်လုပ်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဂျေရုစလင်ကို တည်ဆောက်သွားမှာပါ။ အိမ်ယာတွေကိုလည်း ထောင်ပေါင်းများစွာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာက ဖိအားတွေကိုရင်ဆိုင်ပြီး ကျွန်တော်တို့ ထာဝရမြို့တော်ကို ဆက်လက်တည်ဆောက်သွားမှာပါ”

အစ္စရေးမှာ ၁၉၆၇ ခုနှစ် ၆ ရက်ကြာစစ်ပွဲတွင် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ထိုသို့ သိမ်းပိုက်မှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုခြင်း မရှိချေ။

အစ္စရေး၏ အထွေထွေရွေးကောက်ပွဲမှာ ယနေ့တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး နေတန်ယာဟု၏ လူကစ်ပါတီမှာ ဗဟိုလက်ဝဲယိမ်း ဇီယွန်သမ္မဂနှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နေတန်ယာဟုကမူ ဇီယွန်သမ္မဂ အာဏာရသွားပါက အစ္စရေး၏ လုံခြုံရေးကို ထိခိုက်စေမည်ဟု ပြောကြားခဲ့သည်။

Ref: Alarabiya

Tags:

Leave a Reply