6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၈၊ ၂၀၁၅
M-Media

1103762_heroa

– မိုနာကိုမှာ ခံစစ်ကစားပုံကောင်းခဲ့ပြီး နောက်တစ်ဆင့်တက်ရန် ထိုက်တန်ခဲ့သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အာဆင်နယ်မှာ ဂျရူးနှင့် ရမ်ဆေးတို့၏ဂိုးများဖြင့် မိုနာကိုအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း ပထမ အကျော့က ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ထားသောကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီသရေဖြစ်ခဲ့ကာ အဝေးဂိုးရလဒ်ဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

အာဆင်နယ်မှာ ၁၆ သင်းအဆင့်မှ ၅ နှစ်ဆက်တိုက် ထွက်ခဲ့ရခြင်းဖြစ်ပြီး အာဆင်ဝင်းဂါးကမူ ပထမအကျော့ ကစားပုံအား ပြစ်တင်ခဲ့သည်။

“၃ ဂိုးပြတ်နိုင်ဖို့ဆိုတာ အမြဲတမ်းမလွယ်ပါဘူး။ ဒီည ကျွန်တော်တို့ရတဲ့ အခွင့်အရေးအားလုံးကို အသုံးမချနိုင်ခဲ့ပါဘူး။ ပထမအကျော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အမှားတွေအများကြီး ဖြစ်ပြီးခဲ့တဲ့နောက်မှာ ဒါဟာလည်း သိပ် လက်တွေ့မကျပါဘူး။ မိုနာကိုရဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်တဲ့ ကန်ချက်တွေကို တွေ့ရတဲ့အခါမှာတော့ သူတို့ ကွာတားဖိုင်နယ် တက်ရောက်သွားတာကို ကျွန်တော်တို့ ဂုဏ်ပြုရပါမယ်။ ကွာတားဖိုင်နယ်နေရာအတွက် သူတို့ ထိုက်တန်ပါတယ်” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့ပြင် မိုနာကိုမှာ ချန်ပီယံလိဂ်အစကတည်းက ခံစစ်ကစားပုံ ကောင်းခဲ့ကြောင်း မိမိတို့မှာ ပထမအကျော့က အမှားကို ပေးဆပ်ခဲ့ရပြီး ယခုပွဲတွင် နိုင်လိုစိတ်နှင့် အရည်အသွေးများကို ပြသနိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြာကြားခဲ့သည်။

Ref: Gola.com

Leave a Reply