6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၄၊ ၂၀၁၅
M-Media

Congressional Leaders Work To Meet Deadline On Budget, Avoiding Gov't Shutdown

– ပါလက်စတိုင်းပိုင်နက်များကို နှစ်ပေါင်း ၅၀ နီးပါးကြာ ကျူးကျော်သိမ်းပိုက်လာမှုကို အစ္စရေး၏ လာမည့်အစိုးရက ရပ်တန့်ရန်နှင့် ပါလက်စတိုင်းနိုင်ငံအတွက် လင်းရှင်းပေးရန် အမေရိကန်က မျှော်လင့်သည်ဟု သမ္မတအိုဘားမား၏ အဓိက လက်ထောက်တစ်ဦးဖြစ်သူ အိမ်ဖြူတော်အကြီးအကဲ ဒန်းနစ် မက် ဒိုနက်ဖ်က ပြောကြားလိုက်သည်။

အစ္စရေးအသိပညာပေးအရေးအဖွဲ့ J Street သို့ ဒိုနက်ဖ်က ယမန်နေ့တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အစ္စရေး၏ လုံခြုံရေးအတွက် ကတိပေးခဲ့သော်လည်း အစ္စရေးရွေးကောက်ပွဲအကြို ၀န်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်း နိုင်ငံတည်ထောင်ခွင့် ပေးမည်မဟုတ်ဟု ပြောကြားမှုကို ဝေဖန်ခဲ့သည်။

ထို့ပြင် ပါလက်စတိုင်းတို့အတွက် သီးခြားနိုင်ငံကသာလျှင် အစ္စရေး၏ ရေရှည်လုံခြုံရေးအတွက် အကောင်းဆုံး အာမခံချက်ဖြစ်မည်ဟု ဒိုနက်ဖ်က ဆိုသည်။

“နှစ်ငါးဆယ်လောက်ကြာနေတဲ့ ကျူးကျော်သိမ်းပိုက်မှုကို မဖြစ်မနေ အဆုံးသတ်ရပါမယ်။ ပြီးတော့ ပါလက်စတိုင်းပြည်သူတွေဟာ သူတို့ရဲ့ အချုပ်အခြာပိုင် နိုင်ငံမှာ နေထိုင်ခွင့်၊ အုပ်ချုပ်ခွင့် ရှိရပါမယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ပါလက်စတိုင်းမှာ ဂါဇာ၊ အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တို့ကို စုစည်း၍ ပါလက်စတိုင်း နိုင်ငံအဖြစ် ထူထောင်ရန် ကြိုးပမ်းနေပြီး အစ္စရေးက ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲပြီးနောက်ပိုင်း အဆိုပါ နယ်မြေများကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။

“အဆုံးမှာတော့ ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ ဘယ်လိုဖြစ်သင့်လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ အပြန်အလှန် ဖလှယ်တာမျိုးနဲ့အတူ အစ္စရေးရဲ့ နယ်နမိတ်နဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံတို့ဟာ ၁၉၆၇ ခုနှစ်က နယ်နမိတ်လိုင်းတွေကို အခြေခံရမှာပါ” ဟု ဒိုနက်ဖ်က ဆိုသည်။

ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်မပေးဟု ပြောဆိုခဲ့သောစကားကို ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် နေတန်ယာဟုက ပြန်လည်ဖာထေးခဲ့သော်လည်း အမေရိကန်အနေဖြင့် ကသိကအောက်ဖြစ်နေသည်ဟု ဒိုနက်ဖ်က ထည့်သွင်းပြောကြားခဲ့သည်။

“ဒီစကားမျိုး မပြောခဲ့ဘူးတဲ့ ပုံစံမျိုး ကျွန်တော်တို့ ဟန်မဆောင်နိုင်ပါဘူး”

Ref: Aljazeera

Tags:

Leave a Reply