6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၊ ၂၀၁၅
M-Media

a096805c-cc72-4a98-9648-443ae148884e

– ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးမှ သိမ်းပိုက်ထားမှုများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည့် ပါလက်စတိုင်း လွှတ်တော်အမတ်တစ်ဦးအား အစ္စရေးစစ်သားများက ယနေ့နံနက်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ အစ္စရေးက ပိတ်ဆို့ထားသေား အနောက်ဘက်ကမ်းရှိ ရာမာလာတွင် နေထိုင်သည့် ခါလီဒါ ကန်အန် မိုဟာမက် ဂျာရ် ဆိုသည့် အမျိုးသမီး လွှတ်တော်အမတ်ဖြစ်ပြီး ၎င်း၏ နေအိမ်ကို အစ္စရေးစစ်သား ၆၀ ခန့်က ၀င်ရောက်စီးနင်းက ဖမ်းဆီးသွားခြင်းဖြစ်သည်။

ခါလီဒါမှာ ပါလက်စတိုင်းလွတ်မြောက်ရေး ပြည်သူ့ရှေ့ဆောင်ပါတီ PFLP မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပါလက်စတိုင်း ဥပဒေပြုကောင်စီ PLC မှ အမတ်တစ်ဦးလည်းဖြစ်သည်။ မီဒီယာသတင်းရင်းမြစ်များအရ အစ္စရေးစစ်သားများမှာ သူမ၏ နေအိမ်တံခါးကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ခင်ပွန်းဖြစ်သူကို အခြားအခန်းတွင် ချုပ်နှောင်ကာ ခါလီဒါအား ဖမ်းဆီး၍ မည်သည့်နေရာသို့ ခေါ်ဆောင်သွားမှန်း မသိဟု ဖော်ပြခဲ့သည်။

ခါလီဒါမှာ ပါလက်စတိုင်း ပိုင်နက်များအား အစ္စရေး၏ သိမ်းပိုက်မှုများနှင့် ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေး၏ ရက်စက်ယုတ်မာမှုများအတွက် ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦး ဖြစ်သည်။ အစ္စရေးအာဏာပိုင်များကမူ ခါလီဒါအား ၁၉၈၈ ခုနှစ်မှစ၍ အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်း ပိုင်နက်များ အပြင်သို့ ထွက်ခွာခွင့် မပေးခဲ့ပေ။

ပြီးခဲ့သည့်နှစ် သြဂုတ်လကလည်း ခါလီဒါအား ၎င်းနေထိုင်အလုပ်လုပ်ရာ ရာမာလာဒေသမှ အနောက်ဘက်ကမ်းရှိ ဂျီရီချိုမြို့သို့ ပြောင်းရွှေ့နေထိုင်ရန် အစ္စရေးအာဏာပိုင်များက အတင်းအကြပ် အမိန့်ပေးခဲ့သော်လည်း သူမက လက်မခံခဲ့ဘဲ ပါလက်စတိုင်း ဥပဒေပြုကောင်စီအပြင်ဘက်တွင် ဆန္ဒပြခဲ့သည်။ ထို့ကြောင့် အစ္စရေးမှာ စက်တင်ဘာလတွင် ၎င်းတို့ အမိန့်ကို ရုပ်သိမ်းခဲ့သည်။

လက်ရှိအချိန်တွင် ပါလက်စတိုင်း ဥပဒေပြုကောင်စီမှ စုစုပေါင်း အမတ် ၁၈ ဦးကို အစ္စရေးက အကျဉ်းချထားပြီး ထိုအထဲမှ ၉ ဦးမှာ အုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းမှုဟု ခေါ်သည့် အခြေအနေမျိုးဖြင့် ချုပ်နှောင်ခံထားရသည်။ အဆိုပါ အုပ်ချုပ်ရေးဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းမှုမှာ တရားစွဲဆိုခြင်းမပြုဘဲ သို့မဟုတ် တရားရင်ဆိုင်ခွင့်မပေးဘဲ ပါလက်စတိုင်းများအား ၆ လ အကျဉ်းချထားနိုင်သည့် စနစ်ဖြစ်ပြီး ချုပ်နှောင်ထားသည့် ကာလကိုလည်း ထပ်တိုးနိုင်သည်။

Ref: PressTV

Tags:

Leave a Reply