6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

၂၀၁၅၊ ဧပြီ ၃ ရက်
M-Media
news-banner
ဘဏ်လုပ်ငန်းအခန်းကဏ္ဍ ပိုမိုလွတ်လပ်စွာ ကျင့်သုံးမည်ဆိုခြင်းကြောင့် ယခုနှစ်အတွင်း အာရှစီးပွားရေးလုပ်ငန်းစုကြီးများမှာ မြန်မာနိုင်ငံသို့ ၀င်ရောက်တိုးချဲ့ရန် စီစဉ်လျက်ရှိသည်။

United Overseas Bank – UOB ၏ နောက်ဆုံး ကွင်းဆင်းကောက် ယူထားသော အာရှ စီးပွားရေး လုပ်ငန်းစုများဆိုင်ရာ စစ်တမ်းများအရ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံများမှ စီးပွားရေးလုပ်ငန်းစုများ ၁၀၂၄ ခု ရှိနေသည်။ ဒေသတွင်းရှိ စိန်ခေါ်မှုနှင့် အခွင့်အလမ်းမှအမြင်များအပေါ် ယင်းကုမ္ပဏီတို့ကို ကွင်းဆင်းလေ့လာထာခြင်း ဖြစ်သည်။

မိမိတို့သည် ၂၀၁၅ ခုနှစ်တွင် မြန်မာပြည်ထဲ လုပ်ငန်းတိုးချဲ့ရန် ရှိသည်ဟု စင်္ကာပူရှိ လုပ်ငန်းပေါင်း ငါးပုံတစ်ပုံ (၂၁ ရာခိုင်နှုန်း) မှဆိုသည်။ ဒေသ တစ်ခွင်မှ အခြားကုမ္ပဏီများမှာလည်း မြန်မာပြည်တွင်းသို့ ၀င်ရောက်ရန် တာစူလျက်ရှိသည်။ ၎င်းတို့မှာ ဟောင်ကောင်မှ ၃၁ ရာခိုင်နှုန်း၊ ထိုင်းမှ ၂၈ ရာခိုင်နှုန်း၊ တရုတ်ပြည်မကြီးမှ ၂၆ ရာခိုင်နှုန်းနှင့် မလေးရှားမှ ၂၅ ရာခိုင်နှုန်းတို့ဖြစ်သည်။

စစ်တမ်းများအရ ထိပ်တန်းကုမ္ပဏီများက ၎င်းတို့၏ထပ်ဆင့်ကြီးထွားမှု အဆင့် တွန်းတင်ရန် မြန်မာနိုင်ငံအတွင်း တိုးချဲ့မည့်လုပ်ငန်း အမျိုးအစား ကဏ္ဍများ အနက် မောင်းနှင်/သယ်ယူယာဉ်လုပ်ငန်းမှာ ၄၄ ရာခိုင်နှုန်း၊ F&B မှာ ၃၉ ရာခိုင်နှုန်း၊ သတင်းအချက်အလက်နည်းပညာမှာ ၃၃ ရာခိုင်နှုန်း၊ သင်္ဘော/ဆိပ်ကမ်းလုပ်ငန်းမှာ ၃၃ ရာခိုင်နှုန်း၊ စာရင်းအင်းမှာ ၃၀ ရာခိုင်နှုန်းတို့ ဖြစ်သည်ဟု ဆို၏။

“ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုအတွက် ခိုင်မာတဲ့အုတ်မြစ် တည်ဆောက်မယ် ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံ့ကျောထောက်နောက်ခံ အခြေခံအဆောက်အဦ၊ ကုန်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ ပညာရေး ကဏ္ဍများမှာ ရှေ့ဆက် တိုးရင်းနှီးမြှုပ်နှံမှုရအောင် ဆွဲဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ အဆောတလျင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဒီနယ်ပယ်များထဲ အထူးဇောင်းပေးတဲ့ကုမ္ပဏီတွေမှာ မြန်မာ့စီးပွားရေးအသွင်ကူးပြောင်းမှုအတွင်း ပါဝင်နိုင်မယ့် အခွင့်အလမ်းတစ်ရပ် ရှိနေပါတယ်။ အဲ့ဒီကုမ္ပဏီများကိုလည်း ကျွန်တော်တို့ လိုလိုလားလား ပံ့ပိုးအားပေးသွားဖို့ ရှိနေပါတယ်” ဟု UOB အုပ်စုမှ ဗျူဟာပိုင်းနှင့် နိုင်ငံတကာစီမံခန့်ခွဲမှုဒါရိုက်တာ မစ္စတာ အီယန် ၀မ် က ပြောကြားသည်။

လာမည့် ၁၅ နှစ်တာအတွင်း မြန်မာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကျားကန်ပေးရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုမှာ စင်္ကာပူဒေါ်လာ ၆၅၀ ဘီလီယံရှိနိုင်ကြောင်း၊ ၎င်းအနက် စင်္ကာပူဒေါ်လာ ၃၂၀ ဘီလီယံသည် အခြေခံအဆောက်အဦတည်ဆောက်ခြင်းအတွက် အသုံးပြုရမည့် အကြောင်း McKinsey Global Institute မှ ခန့်မှန်းတွက်ဆထားသည်။

UOB သည် ယမန်နှစ်က မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင် ရရှိခဲ့သော  ဘဏ် ၉ ခုအနက် တစ်ခု အပါအ၀င်ဖြစ်သည်။

Ref : CNA/ms

Tags:

Leave a Reply