News @ M-Media

ဟယ်ရီးကိန်းမှာ ဘာတစ္စတူတာနှင့်တူသည်ဟု စပါးနည်းပြပြော

ဧပြီ ၃၊ ၂၀၁၅
M-Media

273B7B8D00000578-0-image-a-16_1428011394355

– မိမိအသင်း၏ အင်္ဂလန်လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်းမှာ အာဂျင်တီးနား ဂန္တ၀င်တိုက်စစ်မှူး ဘာတစ္စတူနှင့်တူပြီး ၎င်းတိုးတက်ရေးအတွက် မိမိအနေဖြင့် ကူညီသွားမည်ဟု စပါးအသင်းနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

ယခုနှစ် စပါးအသင်းတွင် ခြေစွမ်းပြပြီး ဂိုးများသွင်းယူပေးခဲ့သည့် ဟယ်ရီကိန်းကို အင်္ဂလန်နည်းပြ ဟဒ်ဆန်က အင်္ဂလန်လက်ရွေးစင်အသင်းသို့ ခေါ်ယူခဲ့ပြီး ပြီးခဲ့သည့် တစ်သောကြာနေ့ လစ်သူယေးနီးယားနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင်
လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့သည်။ ထိုပွဲတွင် ဟယ်ရီကိန်းမှာ ကွင်းအတွင်းသို့ ၀င်ရောက်လာပြီး စက္ကန့် ၈၀
အကြာမှာပင် ၎င်း၏ ပထမဆုံး နိုင်ငံတကာဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

“ဘာတစ္စတူတာအပါအ၀င် ထူးခြားတဲ့ကစားသမားတွေနဲ့ တူညီတဲ့ ကျွမ်းကျင်မှုမျိုး ဟယ်ရီကိန်းမှာ ရှိနေပါတယ်။
အခုအချိန်ဟာ သူ့အပေါ်မှာ မူတည်နေပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည် တိုးတက်အောင်လုပ်ဖို့ နည်းလမ်းကိုလည်း
သူသိပါတယ်။ အလုပ်ကိုကြိုးစားလုပ်ပြီး ပွဲတွေမှာ တိုးတက်အောက် ဆက်လုပ်ဖို့ သူဟာ အချိန်ကောင်းကို
ရောက်နေပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

သို့သော်လည်း ကစားသမားတစ်ဦးအား တာဝန်ယူတတ်လာစေရန်အတွက် အချိန်ပေးရမည်ဖြစ်ကြောင်း၊ တစ်ခါတစ်ရံတွင်
မိမိတို့က ကစားသမားတစ်ဦးမှာ အဆင်သင့်ဖြစ်ပြီဟု မြင်သော်လည်း တာဝန်ယူနိုင်စွမ်းနှင့် ရောက်ရှိနေသည့်အဆင့်တွင်
ထိန်းထားနိုင်စွမ်းတို့မှာ ပြည့်စုံခြင်းမရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“လာမယ့်ရာသီမှာ သူ့နဲ့ပတ်သက်ပြီး လူတွေက သံသယရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သူ့ကိုနားလည်တဲ့သူတွေ၊
ဟယ်ရီအနေနဲ့ သူ့ပြသနေခဲ့တဲ့ခြေစွမ်းကို ဆက်ထိန်းထားနိုင်တယ်ဆိုတာ သိတဲ့ ကျွန်တော်တို့လို လူတွေလည်း
ရှိနေပါတယ်”

ထို့ပြင် ပွဲများစွာ ကစားရခြင်းကြောင့် ဟယ်ရီကိန်း နွမ်းလျမှုမရှိစေရန် ကလပ်အသင်းနှင့် နိုင်ငံအသင်းအားလုံးတို့က
အပြုသဘောဆောင်သည့် အဖြေတစ်ခုကို ရှာဖွေသွားရမည်ဟုလည်း ပိုချက်တီနိုက ထပ်လောင်း ပြောကြားခဲ့သည်။

Ref: Dailymail

Comments

Leave a Reply