6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၉၊ ၂၀၁၅
M-Media

handderson

– FA ဖလား ကွာတားဖိုင်နယ်တွင် အသင်းအတွက် အရေးပါသည့် အနိုင်ဂိုး သွင်းပေးခဲ့သော လီဗာပူးလ်ကစားသမား ဖိလစ်ပီ ကော်တင်ဟိုအား အသင်းဖော် ဂျော်ဒန်ဟန်ဒါဆန်က ချီးကျူးပြောဆိုလိုက်သည်။

ယနေ့နံနက်က ကစားခဲ့သော FA ဖလား ကွာတားဖိုင်နယ် ပြန်ကန်ပွဲစဉ်တွင် လီဗာပူးလ်းမှာ ဘလက်ဘန်းအသင်းအား ကော်တင်ဟို၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ကော်တင်ဟို၏ ထိုဂိုးမှာ ဟန်ဒါဆန်နှင့် ၀မ်းတူးရိုက်၍ သွင်းယူခဲ့ခြင်းဖြစ်သည်။

ထိုပွဲအနိုင်ကြောင့် လီဗာပူးလ်မှာ ဆီးမီးဖိုင်နယ်တွင် အက်စတွန်ဗီလာအသင်းနှင့် တွေ့ဆုံရမည်ဖြစ်ပြီး နည်းပြ ဘရန်ဒန်ရော်ဂျာ၏ လီဗာပူးလ်အသင်းနှင့် ပထမဆုံး ဖလားကိုင်မြှောက်ရေး မျှော်လင့်ချက်မှာလည်း ရှင်သန်လာခဲ့သည်။

“ဖိလစ်ပီ(ကော်တင်ဟို) ဟာ ဘောလုံးမှာ ဦးနှောက်ကောင်းကောင်း သုံးတတ်ပါတယ်။ သူ့ရဲ့ ဒီညင်ကလေးက ကျွန်တော်တို့ကို နိုင်စေခဲ့တာပါ” ဟု ဟန်ဒါဆန်က BT Sport သို့ ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်တွင် မန်ယူနှင့် အာဆင်နယ်တို့အား ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်နေရာ မှေးမှိန်ခဲ့ခြင်းက FA ဖလားအတွက် ပို၍ အရေးပါသွားခဲ့သည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။

လီဗာပူးလ်နည်းပြ ရော်ဂျာကလည်း ပြီးခဲ့သည့်တစ်ပတ် အာဆင်နယ်အား ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းက ဘလက်ဘန်းအသင်းအား အနိုင်ရရှိရေးအတွက် အကူအညီဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

ဆီးမီးဖိုင်နယ်နှင့်ပတ်သက်၍ ဟန်ဒါဆန်က “ကျွန်တော်တို့ ၀င်ဘလေမှာ ဗီလာနဲ့ ကစားရမှာပါ။ ဒီပွဲဟာ ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ အသင်းကောင်းတစ်သင်း ဖြစ်လို့ပါ” ဟု ပြောကြားခဲ့သည်။

Ref: Goal.com

Tags:

Leave a Reply