6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၀၊ ၂၀၁၅
M-Media

9-4-15_S-Africa-Imams-Fight-ISIL-in-Friday-Sermon

– တောင်အာဖရိက မွတ်စလင်အသိုင်းအ၀ိုင်းရှိ ရှေ့ဆောင်အီမာမ်များမှာ သောကြောနေ့ တရားဒေသနာတော်များမှ တစ်ဆင့် အစ္စလာမ်နှင့်ပတ်သက်၍ နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှားကာ IS အဖွဲ့၏ ကျော့ကွင်းထဲသို့ မွတ်စလင်များ ၀င်ရောက်မှု မဖြစ်စေရန်အတွက် အသိပညာပေးခြင်းများကို ပြုလုပ်မည်ဟု သိရသည်။

“IS ဆိုတာဟာ အစ္စလာမ့်နိုင်ငံတော် မဟုတ်ပါဘူး။ နိုင်ငံရေး အကြမ်းဖက်အုပ်စုသာ ဖြစ်ပါတယ်” ဟု တောင်အာဖရိက မွတ်စလင် တရားရေးကောင်စီ MJC မှ ပြောရေးဆိုခွင့်ရှိသော အမျိုးသမီး နာဘီဝီယာ မာလစ်က Independen Online သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

မာလစ်က MJC မှ အဖွဲ့ဝင် ရှေ့ဆောင်အီမာမ်များမှ IS ၏ အယူအဆ အမှားများ ဒေသတွင်းရှိ မွတ်စလင်များထံသို့ ကူးဆက်လာခြင်းမရှိစေရန် ပညာပေးမှုများကို သောကြောနေ့ တရားဒေသနာတော်များမှ တစ်ဆင့် ဆောင်ရွက်သွားရန် ရှိနေသည်ဟုကြေညာခဲ့သည်။ ထို့ပြင် IS အဖွဲ့မှာ အစ္စလာမ်ကို ကိုယ်စားပြုသော အဖွဲ့မဟုတ်သည်ကို ၀တ်ပြုရန် လာရောက်ကြသူများအား ရှင်းပြရန် အရေးကြီးသည်ဟု သူမက အခိုင်အမာ ပြောကြားခဲ့သည်။

တောင်အာဖရိက အာဏာပိုင်များမှာ ကိပ်တောင်းမြို့မှ လေယာဉ်ဖြင့် ထွက်ခွာကာ IS အဖွဲ့နှင့် သွားပေါင်းမည်ဟု ယူဆရသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တားဆီးခဲ့ပြီးနောက် တောင်အာဖရိက မွတ်စလင်များ၏ စိုးရိမ်ပူပန်မှုများမှာလည်း မြင့်တက်လာခဲ့သည်။

“IS က အသုံးပြုနေတဲ့ နည်းဗျူဟာကို နားလည်ထားတာဟာ ကျွန်မတို့အတွက် ကောင်းပါတယ်။ သူတို့ပေးတဲ့ အကျိုးအမြတ်တွေကို ကျွန်မတို့ သိဖို့လိုတယ်။ ဒီကောင်မလေးကို သူတို့ ဘယ်လိုချဉ်းကပ်ခဲ့တာလဲ။ ကျလောက်အောင် ပြောခဲ့တာလား။ ဒါမှတ်မဟုတ် သူငယ်ချင်း ပုံစံမျိုးနဲ့လား။ လူငယ်တွေကို သွေးဆောင်ဖျားယောင်းတာလား။ အွန်လိုင်းပေါ်က သူတို့ရဲ့ အပြုအမူနဲ့ လုပ်ရပ်တွေက ဘာတွေလဲ။ စသဖြင့်ပေါ့လေ” ဟု မာလစ်က ထပ်လောင်းပြောကြားခဲ့သည်။

တောင်အာဖရိက လုံခြုံရေးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေအများအပြားကို သိမ်းယူထားသော IS အဖွဲ့မှာ တောင်အာဖရိကနိုင်ငံတွင် လူသစ်စုဆေင်းရေးကွန်ယက် ရှိနေသလားဆိုသည်ကို စုံးစမ်းစစ်ဆးလျက်ရှိနေကြောင်း ဖော်ပြခဲ့သည်။

မာလစ်ကမူ အဆိုပါ မိန်းကလေး၏ မိဘများက ထိုကိစ္စအတွက် ရှက်ရွံ့နိုင်ပြီး ၎င်းတို့၏ သမီးဖြစ်သူကို ကာကွယ်ချင်သည်ကို နားလည်မိကြောင်း၊ IS မှာ လူသစ်စုဆောင်းရန် ဆိုရှယ်မီဒီယာများအား မည်ကဲ့သို့ အသုံးပြုနေသည်ကို ဆွေးနွေးရန် အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“လူငယ်တွေကို ထိခိုက်နိုင်တာတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်မတို့ဟာ ရင့်ကျက်ဖို့လိုပြီး ဒါနဲ့ပတ်သက်လို့ တာဝန်ယူဖို့လည်း လိုပါတယ်”

ထို့ပြင် မိဘများမှာ သားသမီးများ အနားတွင် ရှိနေရုံမျှဖြင့် ကျေနပ်မနေသင့်ဘဲ ကလေးများ မည်သူနှင့် အဆက်အသွယ်ရှိနေသည်ကို သတိတားရမည်ဟု မာလစ်က ဆိုသည်။

တောင်အဖရိက အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကလည်းက IS အဖွဲ့အား တွန်းလှန်သည့် မိမိတို့၏ လုပ်ငန်းများတွင် အစိုးရနှင့် ထောက်လှမ်းရေးအဖွဲ့များက ကူညီရန် တိုက်တွန်းခဲ့သည်။

“ဘာသာရေးအဖွဲ့နဲ့ အန်ဂျီအို အဖွဲ့တွေက အစိုးရမှာ ရှိသလိုမျိုး ရင်းမြစ်တွေ မရှိပါဘူး”

ကမ္ဘာတစ်ဝှမ်းမှ ရှေ့ဆောင်အီမာမ်များမှာ IS ၏ လုပ်ရပ်များကို ရှုတ်ချခြင်း၊ ၎င်းတို့၏ လူသစ်စုဆောင်မှုများ ရပ်တန့်သွားရေးနှင့် ၎င်းတို့၏ အယူအဆအမှားများ ပြည်တွင်းမွတ်စလင်ထုအတွင်း မ၀င်ရောက်သွားစေရန် ပညာပေးခြင်းတို့ကို သောကြောနေ့ တရားဒေသနာတော်များမှ တစ်ဆင့် ဆောင်ရွက်လျက်ရှိနေသည်။

မြန်မာနိုင်ငံရှိ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင်အီမာမ်များကလည်း သောကြာနေ့ တရားဒေသနာတော်များတွင် ၀တ်ပြုရန် လာရောက်သူများအား IS အဖွဲ့၏ အစ္စလာမ်သာသနာကို ခုတုံးလုပ်မှုနှင့် အစ္စလာမ်၏ စစ်မှန်သောသင်ကြားချက်များကို နှိုင်းယှဉ်ပြခြင်း၊ ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်၏ ပညတ်ချက်များနှင့် မည်ကဲ့သို့ဆန့်ကျင်ဘက်ဖြစ်နေကြောင်း အသိပညာပေးခြင်းတို့ကို ပြုလုပ်နေသည်။

Ref: Onislam

Leave a Reply