6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၁၊ ၂၀၁၅
M-Media
263888_60651677
– ဂါဇာတွင် ဆောင်းဝင်လာပြီ။ “ဆောင်း” ဆိုသည့်စကားလုံးက ဂါဇာပြည်သူများအတွက် စိတ်မချမ်းသာစရာ အပြည့်ရှိနေသော စကားလုံးဖြစ်သည်။ အစ္စရေး၏ တိုက်ခိုက်မှုအပြီး ၆ လကြာခဲ့ပြီဖြစ်သည်။ ကမ္ဘာကြီးကတော့ ရှေ့ဆက်သွားနေသည်။ သို့ရာတွင် ဂါဇာ၌ လူထောင်ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသည်။ အချို့က ဗုံးမှန်၍ ပြိုကျပျက်စီးနေသော အဆောက်အဦးများတွင် ပြွတ်သိပ် ကျပ်ညပ်စွာ နေကြရသည်။ အေးလွန်းလှသည့် ရာသီဥတုကြောင့် ကလေးငယ်များ သေဆုံးနေကြသည်ဟု ကုလသမဂ္ဂက ဆိုသည်။

တစ်နေ့တွင် ဆရာဝန်ဖြစ်ရမည်ဟု ရည်မှန်းထားသည့် အသက် ၈ နှစ်အရွယ် ရာဘာဟ်လေးမှာ အေးခဲမတတ်ဖြစ်နေသည့် ရာသီဥတုအောက်တွင် သူငယ်ချင်များနှင့်အတူ အဆောက်အဦးပျက်များကို ဖြတ်၍ ခြေထောက်ဗလာဖြင့် လမ်းလျှောက်နေသည်။ ကုလသမဂ္ဂက ဖိနပ်များပေးသည်။ သို့သော်လည်း ရာဘာဟ်က ကျောင်းတက်လျှင်စီးရန် သိမ်းထားလေသည်။ ဘ၀တွင် ပထမဆုံးအကြိမ်အဖြစ် သူနှင့် သူငယ်ချင်းများမှာ နေ့စဉ်ဘ၀တွက် ဖိနပ်မပါဘဲ နေရခြင်းဖြစ်သည်ဟု သူက ဖွင့်ဟခဲ့သည်။ ဂါဇာရှိ အခြေအနေနှင့်ပတ်သက်၍ ကျွန်တော်မေးမြန်းခဲ့သူ အားလုံးနီးပါးမှာ ၎င်းတို့၏ ဘ၀တွင် ကြုံဖူးခဲ့မျှသထက် ပို၍ ယခုအချိန်တွင် နုံချာဆင်းရဲနေကြသည်။ ထို့ပြင် နောက်ထပ်တိုက်ခိုက်မှုများ ဘွားကနဲ ပေါ်လာမလားဆိုသည့် ထင်မြင်မှုများကလည်း ၎င်းတို့၏ ဘ၀ကို ပိုမိုဆိုးဝါးစေည်။

ကစားစရာ အခြားအရုပ်များမရှိသည့် ရာဘာဟ်လို ကလေးများက ၎င်းတို့အိမ်အား ဖျက်ဆီးပစ်ခဲ့သော အစ္စရေး၏ ဒုံးကျည် အကြွင်းအကျန်များဖြင့် ကစားကြရသည်။

ဂါဇာက အမိုးဖွင့်အကျဉ်းထောင်ကြီးနှင့် တူသည်ဟု နှိုင်းယှဉ်ဖော်ပြကြသည်။ ကျွန်တော်ရောက်ခဲ့ဖူးသည့် အချိန်များတွင် ထိုသို့နှိုင်းယှဉ်မှုက ယခုအချိန်တွင် အမှန်ဆုံးဖြစ်မည်ဟု ထင်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုလက်ရှိတွင် ဂါဇာပြည်သူအများစုက တကယ်ပင် ဟင်းလင်းပြင်တွင် နေနေရသည်။ သို့သော်လည်း သူတို့ကတေ့ အကျဉ်းထောင်များက အနည်းဆုံး လျှင်စစ်မီးတော့ ရှိကြသည်ဟု နာကျည်းစွာ ပြောကြသည်။

ဂါဇာပြည်သူများ ခံစားနေရသည့် ပြဿနာက များပြားသည်။ အစ္စရေးက ဂါဇာပြည်သူလူထု၏ စီးပွားရေးကို ဆက်လက်ပိတ်ဆို့ထားသည်။ ဟားမက်စ်က အစ္စရေးကို အာခံသည်။ သယံဇာတတွေကို ဖြုန်းပစ်သည်။  ဂါဇာပြည်သူတို့၏ အသက်ဆက်ရာ လမ်းကြောင်းဖြစ်သည့် မှောင်ခိုလှိုဏ်ခေါင်းများကို အီဂျစ်က ပိတ်ပစ်လိုက်ပြီး ဂါဇာနှင့်ကပ်နေသည့် နယ်စပ်ကိုလည်း ပိတ်ပစ်သည်။ ၁.၈ သန်းသော ဂါဇာပြည်သူများက အထီးကျန်နေသည်။ အစ္စရေးနှင့် အီဂျစ်တို့၏ ပိတ်ဆို့မှုကို ဖြေလျော့ရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဖိအားများက ရှေ့တစ်လှမ်းတိုးသင့်လေသည်။

ဂါဇာပြည်သူများမှာ စစ်ပွဲကို စိတ်ကုန်နေပြီး အစ္စရေးမှ ဆိုးရွားစွာ တုန့်ပြန်မှုကို ကြောက်ရွံ့သည့်အတွက် ဟားမက်စ်တို့ တော်လှန်မှုကိုလည်း မလိုချင်တော့။

“ခုခံတာမျိုးကိုလည်း မလိုချင်တော့ပါဘူး။ ကျွန်မတို့ ခံစားနေရတာလည်း တော်လောက်ပါပြီ” ဟု ပျက်ဆီးနေသော အိမ်တွင် မိသားစုနှင့်အတူနေထိုင်သည့် အသက် ၅၀ အရွယ် ခါဒရာ အဘဒ်က ဆိုသည်။
08KRISTOF-articleLarge
အသက် ၆၅ နှစ်အရွယ် အိမ်ထောင်ဦးစီးဖြစ်သော အမျိုးသမီး ဟာလီမာ ဂျွန်ဒီယာက သူမ၏ မိသားစုရှိ ကလေးငယ်များမှာ စစ်ပွဲကြောင့် စိတ်ဒဏ်ရာများ ရနေသည်ဟု ပြောကြားခဲ့သည်။

“ဟားမက်စ်က ဒုံးကျည်တွေထပ်ပစ်တာကို ကျွန်မတို့ မလိုချင်တော့ပါဘူး။ နောက်ထပ်စစ်ပွဲလည်း မလိုချင်တော့ပါဘူး”

မုတ်ဆိတ်နှင့် လူငယ်တစ်ယောက်က ၎င်းမှာ ယခင်က ဟားမက်စ်အတွက် အလုပ်လုပ်ပေးခဲ့သော်လည်း အစိုးရထံမှ လခများ ထပ်မံပေးချေခြင်း မရှိတော့သောကြောင့် ဆက်မလုပ်တော့ဟု ပြောကြားခဲ့သည်။

ပါလက်စတိုင်းပိုင်နက်များအတွင်း ဗုံးကြဲနေမှုများက ပါလက်စတိုင်းပြည်သူများအား တိုက်ခိုက်ရေးသမားဖြစ်လာရေး လမ်းကြောင်းသို့ ပို့ဆောင်ပေးနေသည်ကိုတော့ အစ္စရေးက ရှင်းရှင်းလင်းလင်း နားလည်သင့်သည်။ အသက် ၁၄ နှစ်အရွယ် အဟ်မဒ် ဂျန်ဒီယာဆိုသူ လူငယ်လေးက ဟာလီမာကဲ့သို့ ပြဿနာတွေပြီးလိုသည့် သဘောထားရှိသည်။ သို့သော်လည်း အဆုံးသတ်ကတော့ ဆန့်ကျင်ဖက် ဖြစ်ခဲ့သည်။ သူက အသက်ကြီးချင်ပြီး အစ္စရေးစစ်သားအားများ သုတ်သင်ရန် လိုလားနေသည်။

“စစ်ပွဲက ကျွန်တော်တို့ဟာ တစ်ချိန်မဟုတ်တစ်ချိန် စစ်ကြောင့် သေကြရမှာပဲဆိုတဲ့ စိတ်ခံစားမှုကို ဖြစ်စေပါတယ်။ ဒါဆိုရင် ဘာ့ကြောင့် ဂုဏ်သိက္ခာရှိစွာနဲ့ အသက်ကို မစွန့်လွှတ်ရဲရမှာလဲ။ ကျွန်တော် တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ချင်ပါတယ်” ဟု အဟ်မဒ်က ပြောကြားခဲ့သည်။

အဟ်မဒ်မှာ အစ္စရေး၏ ဒုံးကျည်ဖြင့် ပစ်ခတ်မှုတွင် သေဆုံးသွားခဲ့သည့် မိသားစုဝင်များ၏ ဓာတ်ပုံတစ်ခုကို သိမ်းထားသည်။ ထိုကဲ့သို့ ပြန်လည်တိုက်ခိုက်ရန် တောင့်တသည်ဟု သူကဆိုသည်။

“ကျွန်တော်တို့ သူတို့အားလုံးကို သတ်ပစ်ကောင်းသစ်ပစ်နိုင်မှာပါ။ အဲဒီအချိန်ကျရင် ပိုကောင်းသွားပါလိမ့်မယ်” ဟု ပြောပြီး အစ္စရေးအားလုံးကို ဖယ်ရှားပစ်ချင်သလားဟု မေးမြန်းရာတွင် သူက ခေါင်းညိတ်၍ “အစ္စရေးအားလုံးကို သတ်ဖို့ ကျွန်တော့်အသက်ကို ပေးပါမယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

၎င်း၏ အချို့စကားက လူငယ်သဘာဝ မဆင်မခြင် ပြောခြင်းဖြစ်သည်။ သို့သော်လည်း အချို့က ဆယ်ကျော်သက်လူငယ်တစ်ယောက် ဖြစ်လာလျှင် ဂါဇာတွင် ရနိုင်သော အလုပ်အကိုင် လမ်းစအနည်းငယ်မှ တစ်ခုမှာ တိုက်ခိုက်ရေးသမားအဖြစ် ဆောင်ရွက်ရန်ဖြစ်သည်ဆိုသည့် ၎င်းတို့၏ အကြောင်းမလှသည့် လက်တွေ့ဘ၀ကို ရောင်ပြန်ဟပ်နေသည်။ ဖခင်က ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး လက်ရှိတွက် အလုပ်မရှိဟု အဟ်မဒ်က မနှစ်သက်ဖွယ်ပုံစံဖြင့် ပြောသည်။

ခြုံ၍ဆိုရလျှင် ထိုကဲ့သို့ ခံစားရမှုများက ဂါဇာပြည်သူများ တိုက်ခိုက်မှုများကို မနှစ်မြို့မှု ပိုဖြစ်လာစေပြီး ကြမ်းကြမ်းတမ်းတမ်းလက်စားချေရန် တောင့်တလာကြသည်။ တိုကဲ့သို့သော တွန်းအားများ၏ ညီမျှမှုကို တွက်ဆရခက်သည်။

အစ္စရေးနှင့် အီဂျစ် နှစ်နိုင်ငံစလုံးက ဂါဇာ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကို  တရားဝင်ပြောထားသည်။ (ဟားမက်စ်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အီဂျစ်တရားရုံးက မကြာသေးမီကပင် ကြေညာထားသည်) သို့သော်လည်း ဂါဇာဒေသ၏ စီးပွားရေးကို အကျပ်အတည်းဖြစ်အောင် လုပ်ထားခြင်းမှာ လုံခြုံရေးအတွက်ဟု အစ္စရေး၏ အကြောင်းပြမှုမှာ ရူးနှမ်းခြင်းသာဖြစ်သည်ဟု အစ္စရေးရှိ လူ့အခွင့်အရေးအဖွဲ့အစည်း Gisha က ပြောကြားခဲ့သည်။ Gisa က အသက် ၂၄ နှစ်အရွယ် အေယာ အဘစ်နှင့် ကျွန်တာ့်ကို မိတ်ဆက်ပေးသည်။ သူမက နောက်ဘက်ကမ်းတွင်နေထိုင်သော ပါလက်စတိုင်းအမျိုးသားတစ်ဦးနှင့် လက်ထပ်ထားသည်။ ၎င်းတို့ ဇနီးမောင်နှံတွင် ၅ လ အရွယ် ကလေးငယ်တစ်ဦးရှိပြီး ကလေးကို အနောက်ဘက်ကမ်းမှ ဖခင်ဖြစ်သူက မမြင်ဖူး။ အဘယ့်ကြောင့်ဆိုသော် အစ္စရေးတို့က အဘစ်အား ဂါဇာမှ ထွက်ခွာခွင့် မပေးသောကြောင့်ဖြစ်သည်။

“ကျွန်မ နေ့တိုင်း မျက်ရည်ကျရပါတယ်။ ဘာလုပ်ရမှန်းလည်းမသိဘူး” ဟု သူမက ဆိုသည်။

ထိုနည်းတူစွာ အစ္စရေးမှာ အမေရိကန်နှင့် အခြားသော နိုင်ငံခြားကျောင်းများတွင် ကျောင်းတက်ခွင့်ရသော ဂါဇာကျောင်းသားများကိုလည်း သွားရောက်ပညာသင်ကြားခွင့် မပေး။

စီးပွားရေးပိတ်ဆို့ခြင်းက ဟားမက်စ်ကို ဟန့်တားနိုင်သော လွတ်လပ်သည့် စီးပွားရေးအသိုင်းဝိုင်းအား အခြေပျက်စေနိုင်သည်ကိုလည်း အစ္စရေး အကြီးတန်း တာဝန်ရှိသူများက သိသည်။ ထို့ကြောင့် ထိုပိတ်ဆို့မှု ဖြေလျော့ရေးနှင့်ပတ်သက်၍ မကြာသေးမီက သင်လျော်သည့် ကိစ္စများကို ပြောနေကြသည်။ သို့သော်လည်း ပြောင်းလဲမှု များများစားစားတော့ ဖြစ်မလာခဲ့။

၂၀၁၀ ခုနှစ်က ဂါဇာသို့ လည်ပတ်သည့်အချိန်တွင် ဂါဇာအတွင်း ထင်ရှားသည့် စီးပွားရေးသမား မိုဟာမက် တာလ်ဘာနီ လုပ်ကိုင်နေသော ဂါဇာ ကွတ်ကီးစက်ရုံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ကျွန်တော်ပြန်လာပြီးနောက်ပိုင်း ဂါဇားအားတိုက်ခိုက်မှုအတွင်း အစ္စရေးက တာလ်ဘာနီ၏ စက်ရုံကို ထပ်တလဲလဲ ဗုံးကြဲဖျက်ဆီးခဲ့သည်။

တာလ်ဘာနီက စက်ရုံကို ပြန်ပြင်ခဲ့သည်။ သို့သော်လည်း သုံး၍ မရသည့် ဒိန်းမတ်လုပ် ကွတ်ကီးလုပ်စက်ကို ပြင်ဆင်ရန်အတွက် ဥရောပ နည်းပညာရှင် ၃ ဦးကို အစ္စရေးက ၀င်ခွင့်မပေးခဲ့။ ပါကင်ထုပ်သည့်စက်မှာလည်း စပယ်ယာပစ္စည်းများ လိုအပ်နေပြီး အစ္စရေးက သွင်းခွင့်မပြုသောကြောင့် သုံး၍ မရသည်မှာ ၃ လခန့်ရှိနေပြီ။ အစ္စရေးမှာ ဂါဇာအား ပြင်းပြင်းထန်ထန်ပိတ်ဆို့ထားပြီး ယနေ့ဂါဇာမှာ သီးသန့် ခွဲထုတ်ထားခြင်းခံထားရကာ မျှော်လင့်ချက်လည်း ပျောက်ဆုံးနေသည်။ ဂျာနယ်လစ်များကတော့ တစ်ခါတစ်ရံ ခြွင်းချက်ဖြင့် ၀င်ခွင့်ရသည်။

ထိုပိတ်ဆို့ထားမှုက ဗုံးကြဲသလောက် မဆိုးဝါး။ သို့သော်လည်း ကြာရှည်လာလျှင်တော့ ဂါဇာပြည်သူတို့၏ စိတ်ဓာတ်များကို ပျက်ဆီးစေမည်ဖြစ်သည်။ စီးပွားရေးသမားများက ၎င်းတို့၏ ကုန်ပ္စည်းများကို ရောင်း၍မရ။ ကျောင်းသားများကလည်း အနောက်ဘက်ကမ်းရှိ တက္ကသိုလ်များကို တက်ခွင့်မရ။ ဇနီးကလည်း ခင်ပွန်းဖြစ်သူဆီ သွားတွေ့ခွင့်မရ။ ဟားမက်စ်၏ အုပ်ချုပ်မှုအမှားများကလည်း အဓိကပြဿနာ ဖြစ်နေသည်။ သို့သော်လည်း ကျွန်တော်တို့က ဟားမက်စ်အပေါ် သြဇာလွှမ်းမိုးမှုမရှိ။ အစ္စရေးအပေါ်သာ ဖိအားပေးရမည်။ အမေရိကန်နှင့် အခြားသော အင်အားကြီးနိုင်ငံများမှာ ဂါဇာဒေသ ပိတ်ဆို့ထားမှုအား ပြန်ဖွင့်ပေးရန် အစ္စရေးနှင့် အီဂျစ် ၂ နိုင်ငံစလုံးကို တိုက်တွန်းဆော်သြသင့်သည်။

တာလ်ဘာနီမှာ လက်တွေ့ဆန်သည့် စီးပွားရေးသမားဖြစ်သည်။ ဟီဘရူးဘာသာစကားကိုလည်း ကျွမ်းကျင်ပြီး သူ၏ ရည်ရွယ်ချက်က ကွတ်ကီးများရောင်းချရန်၊ အလုပ်သမားများ ခန့်ထားရန်နှင့် ငွေရှာရန်ဖြစ်သည်။ ယခုအခေါက် သူနှင့်တွေ့သည့်အခါတွင် အစ္စရေးနှင့်ပတ်သက်၍ ခါးသီးမှုကို အရင်ကထက် ပိုကြားရသည်။

“ကျွန်တော့်ရဲ့ ဒေါ်လာ ၂၂ သန်းတန် စက်ရုံကို ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ သူတို့ ဖျက်ဆီးလိုက်တယ်ဗျာ။ အဲဒါကို ကျွန်တော် ၄၅ နှစ်လောက် တည်ဆောက်ခဲ့ရတာဗျ။ သူတို့ ၂ နာရီအတွင်းလောက်မှာ ဖျက်ဆီးလိုက်ကြတယ်။ သူတို့ကို ကျွန်တော်ဘာပြောရမလဲ? ကျေးဇူးတင်ပါတယ်လို့ ပြောရမှာလား? ဒီအချိန်က အဆိုးဝါးဆုံးအချိန်ပဲဗျာ။ လူတွေမှာ ဘာမှထပ်ဆုံးရှုံးစရာမရှိတော့ဘူး။ ဒါကြောင့် ကျွန်တော် နောက်ထပ်စစ်ဖြစ်ပါစေလို့ပဲ မျှော်လင့်တယ်” ဟု တာလ်ဘာနီက ခါးသီးစွာဖွင့်ဟခဲ့သည်။

ref:  The New York Times
လေးမောင် ဘာသာပြန်သည်။

Leave a Reply