6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၃၊ ၂၀၁၅
M-Media

Demonstrators wave a flag with a draw of Brazil's President Dilma Rousseff during an anti-government demonstration in Copacabana in Rio de Janeiro

– ဘရာဇီးလ်သမ္မတ ဒီလ်မာ ရူးဆက်ဖ်ကို ဆန့်ကျင်သော ဆန္ဒပြပွဲကို ဘရာဇီလ်းပြည်သူများက နိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၁၀၀ ကျော်တွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ နိုင်ငံပိုင် ရေနံကုမ္ပဏီ၏ ချစားမှုပြဿနာတို့နှင့်ပတ်သက်၍ ပြစ်တင်ပြောဆိုခဲ့ကြသည်။

မတ်လ ၁၅ ရက်နေ့တွင် ထိုကဲ့သို့ ဆန္ဒပြမှုပြီးနောက် အချိန် ၁ လခန့်အတွင်း ဒုတိယမြောက်ဖြစ်ပြီး မြို့ပေါင်း ၁၉၅ မြို့တွင် ဆန္ဒပြသူအရေအတွက် ၆၈၂၀၀၀ ခန့်ရှိမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲကို စီစဉ်ကျင်းပသူများကမူ ဆန္ဒပြသူအရေအတွက် ၁.၅ သန်းခန့်ရှိသည်ဟု ဆိုသည်။ ထိုပမာဏမှ ထက်ဝက်ခန့်မှာ မြို့တော် ဆော်ပေါ်လိုရှိ စီးပွားရေးစင်တာတွင်ပြုလုပ်သော အကြီးဆုံး စုဝေးဆန္ဒပြမှုတွင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

“ဘယ်အရာမဆို ဒီလ်မာထက်တော့ ပိုကောင်းပါတယ်။ ဒီလ်မာကလွဲရင် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လိုချင်ပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် စီးပွားရေးသမားတစ်ဦးဖြစ်သူ အလ်ဗီနို မီလိုက ပြောကြားခဲ့သည်။

အဆိုပါဆန္ဒပြမှုမှာ နိုင်ငံပိုင်ရေနံကုမ္ပဏီ Petrobras ၏ ချစားမှုပြဿနာ၊ စီးပွားရေး ကျဆင်းမှု၊ ငွေကြေးတန်ဖိုး ဖောင်းကြွမှုနှင့် နိုင်ငံရေးပြိုင်ဆိုင်မှုများကြောင့် ဖြစ်ပွားလားခြင်းဖြစ်ပြီး မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းများအရ ဘရာဇီးလ်ပြည်သူ ၆၃ ရာခိုင်နှုန်းမှာ သမ္မတရူးဆက်ဖ်အား တရားစွဲဆိုကာ ရာထူးမှ ဖယ်ရှားချင်နေသည်။ သမ္မတ ရူးဆက်ဖ်မှာ အောက်တိုဘာရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရရှိခဲ့သူ ဖြစ်သည်။

“သူ့သက်တမ်းကိုတော့ သူ အဆုံးထိ ထမ်းဆောင်သွားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတာက ကိုယ် မကြိုက်ဘူးဆိုတာ ပြဖို့ပါပဲ။ အစိုးရကို ကျွန်တော်တို့ မကြိုက်ပါဘူး” ဟု ဆန္ဒပြသူ ၀ီလ်ဆင် မာတင်က ပြောကြားခဲ့သည်။

သမ္မတ ရူးဆက်ဖ်ကမူ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ် သူမ၏ ပထမသက်တမ်းအတွင်း ရေနံကုမ္ပဏီ၏ လာဘ်ငွေပြဿနာနှင့် အခွန်ရှောင်မှုတို့အတွက် မိမိအနေဖြင့် မည်သည်ကိုမှ မသိရှိခဲ့ဟု စောစောပိုင်းက ပြောကြားထားသည်။

Ref: Aljazeera, Reuters

Tags:

Leave a Reply