ဧပြီ ၁၄၊ ၂၀၁၅
M-Media
– ပြိုင်ဘက်ဂိုးသမားများမှာ မိမိ၏ ပင်နယ်တီကန်သွင်းသည့် နည်းစနစ်များနှင့်ပတ်သက်၍ ပါးနပ်နေကြသည်ဟု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်ပြီး လောလာဆယ် ပင်နယ်တီမှတ်တမ်းအတွက် စိတ်ပျက်မိသည်ဟု ဆိုသည်။
မက်ဆီမှာ ယခုနှစ်ဘောလုံးရာသီအတွင်း မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲ၊ အက်သလက်တီကိုနှင့် စပိန်ဘုရင့်ဖလားပွဲ၊ ဘရာဇီလ်းနှင့် ခြေစမ်းပွဲတို့ အပါအ၀င် ကလပ်နှင့် နိုင်ငံအသင်းတို့အတွက် ပင်နယ်တီ ၄ လုံးအထိ လွဲချော်ထားသည်။ အသက် ၂၇ နှစ်အရွယ် မက်ဆီမှာ လက်ရှိအချိန်တွင် ကမ္ဘာ့နံပါတ် ၁ ပင်နယ်တီကန်သွင်းသူ ဖြစ်သော်လည်း ၎င်းကမူ မိမိ၏ ပင်နယ်တီကန်သွင်းမှု မှတ်တမ်း တိုးတက်ရန် လိုအပ်နေသည်ဟုဆိုပြီး ဂိုးသမားများကလည်း ၎င်း၏ နည်းစနစ်ကို ပို၍ လေ့လာနေကြသည်ဟု ပြောကြားခဲ့သည်။
“ဟုတ်ပါတယ်။ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတွေရဲ့ ပင်နယ်တီတွေ လွဲချော်ခဲ့တဲ့အတွက် ကျွန်တော် တော်တော်လေး စိတ်ပျက်မိပါတယ်။ ကျွန်တော်ဟာ ပုံမှန် ပင်နယ်တီကန်သွင်းသူတစ်ယောက်ပါ။ ဒါပေမယ့် ဂိုးသမားတွေဟာ ကျွန်တော့်ကန်သွင်းမှုတွေကို လေ့လာပြီဆိုရင် ကျွန်တော့်ရဲ့ အယူအဆတွေကို ပိုသိလာပါလိမ့်မယ်။ အကန်ကောင်းတဲ့ ပင်နယ်တီကို ဖမ်းဖို့ တော်တော်ခက်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အခုအချိန် ပယ်နယ်တီကန်ရတဲ့အခါမှာ ပိုပြီး ရှုပ်ထွေးလာပါပြီ” ဟု မက်ဆီက ဘာစီလိုနာ၏ မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
ထို့ပြင် မက်ဆီက ပင်နယ်တီမ၀င်မှုအချို့တွင် မိမိ၏ဆုံးဖြတ်ချက်များ အားနည်းခဲ့သည်ဟု ၀န်ခံခဲ့သည်။
“ဒါဟာ ဘောလုံးလောကမှာ ဖြစ်ပျက်နေတဲ့ အရာတွေပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေ အားနည်းခဲ့တယ်ဆိုတာတော့ မှန်ပါတယ် ဥပမာအားဖြင့် ဂိုးဟာ ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ အားသာချက်ကို ဖြစ်စေမယ့် စီးတီးနဲ့ပွဲမှာပါ”
Ref: Goal.com
Leave a Reply
You must be logged in to post a comment.