6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

10559931_10205299986192163_7044384160346219458_nငြိမ်းချမ်းအေး FB စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။

.
ကာမသုခ ဓာတ်ချောင်းကို ပါးစပ်က အယုတ္တအနတ္တ အလေဏတောတွေ ထွက်တတ်တဲ့ ကိုယ်တော် အတွက် သုံးနှုန်းရမှာ။ ဇော်ဇော်အောင်က ပြောင်းပြန် ပြောခဲ့တယ်။

တကယ်တော့ ဆရာဇော်ကိုချည်း အပြစ်တင်လို့ မရဘူး။ အဲဒီ အချိန်က ပြည်တွင်း စာနယ်ဇင်းကြီး တချို့က တိုင်းမ် ဆောင်းပါးကို တလွဲတွေ ဘာသာပြန်ခဲ့တယ်၊ သိသိသာသာကြီးကို မကောင်းပုံဖော်တဲ့ ဘာသာပြန်မှုတွေ လုပ်ခဲ့တယ်။ ဒါကြောင့် မူရင်း ဆောင်းပါး တမ်းမဖတ်ဖြစ်တဲ့ ပြည်တွင်းက နာမည်ကြီး အင်္ဂလိပ်စာတတ်များကိုယ်တိုင် အတော်နာခဲ့ကြတယ်၊ စိတ်ခံစားမှု အရင်းခံနဲ့ တုံ့ပြန်ခဲ့ကြတယ်။ ဇော်ဇော်အောင် စာက အဲဒီလို အနေအထေားမှာ ရေးခဲ့တဲ့ စာတပုဒ်၊ စာပြီး နေ့စွဲက ၉ ဇူလိုင်၊ ၂၀၁၃။ အဲဒီတုန်းက အွန်လိုင်းပေါ် မရောက်တော့ လူမသိခဲ့ဘူး။ ပုံနှိပ်ဂျာနယ်ကလည်း လူကြား သိပ်မပြန့်ခဲ့ဘူး ထင်ပါတယ်။
.
အလာတူ သဘောမျိုး တခြား နာမည်ကြီးဆရာတွေ အဲဒီတုန်းက ရေးခဲ့ပါတယ်။ ဥပမာ ဆရာ သစ္စာနီ က ဧရာဝတီမှာ ရေးခဲ့တယ်။ ဆိုတော့ အွန်လိုင်းရောက်တယ်၊ လူသိတယ်၊ ကျနော်လည်း ဖတ်ခဲ့ရတယ်။ ဒါကြောင့် အကောက်ယူပုံတွေ ဘယ်လိုမှားနေကြောင်းတောင် တုံ့ပြန်ခဲ့ဖူးတယ်။ ဆရာဇော်ဇော်အောင် စာ ကို အဲဒီတုန်းက ဖတ်ခဲ့ရရင်လည်း အလားတူ တုံ့ပြန်ချက်မျိုးပဲ ပြန်ပေးရမှာပါ။
.
အခု ဆောင်းပါး ပေါင်းချုပ် စာအုပ် ထုတ်ရမှာ ဘာကြောင့် ပြန်ထည့်ခဲ့သလဲ ဆိုတာတော့ မေးစရာ ရှိလာတယ်။ ဆရာဇော် ကျန်းမာရေးလည်း သိပ် မကောင်းဘူးလို့ ဟိုတလောက ကြားခဲ့တော့၊ စာအုပ်ပြန်ထုတ်ရာမှာ ပြန်လည် စိစစ်တာတွေ မလုပ်နိုင်ခဲ့ဘူး ထင်တယ်။ ထုတ်ဝေသူကပဲ ဂျာနယ်မှာ ရေးခဲ့သမျှ အားလုံးကို စု ထုတ်လိုက်ဟန် ရှိတယ်။
.
ဘာပဲ ဖြစ်ဖြစ် ဒီ ဖြစ်စဉ်က ကျနော့် ရဲ့ သီအိုရီ ဖြစ်တဲ့ ဘယ်လို အရင့်အမာ ပုဂ္ဂိုလ်ကြီးမျိုးမဆို လူမျိုးရေး၊ ဘာသာရေး၊ အထူးသဖြင့် မွတ်ဆလင်၊ အထူးသဖြင့် ရိုဟင်ဂျာ စတဲ့ ဆားတမျိုးမျိုးနဲ့သာ ပက် ပေးလိုက် ပရောဂမှန်တော့ အားလုံး တုန်ဆင်း တီကောင်ဆားပက် တုံ့ပြန်ပုံတွေချည်းပဲ ဆိုတာကို ထပ်မံ ထောက်ခံနေတယ်။
.
ပြီးတော့ ဗမာပြည်က စာရေးဆရာများ၊ နာမည်ကျော်ကြားသူများ အများစု စိတ်ခံစားမှုတွေ၊ အစွဲ စိတ်အခံတွေနဲ့ ပုဂ္ဂလဓိဋ္ဌာန် (subjectivity) သုံးသပ်ရေးသားမှုတွေသာ ပြုကြတာ များတယ် ဆိုတာကိုလည်း ပေါ်လွင်တယ်။
.
ဒီလို လူထုကို မျက်စိ ဖွင့်ပေး၊ နှလုံးသားကို ပျော့ပြောင်း နူးညံ့ ခံစားနားလည်တတ်အောင် သွန်သင်ပေးရမယ့် သြဇာရှိ၊ နာမည်ရှိ ကလောင်ကိုင် စာရေးဆရာ ဆိုသူတွေက အစ အစွဲတွေ မကင်းရင်၊ စာတခုခု မရေးခင် သတင်းအချက်အလက်တွေ၊ ဘာသာပြန်ချက်တွေကို အမှန် ဟုတ်/မဟုတ် ရေဆုံးရေဖျား လိုက်ကြည့်လိုစိတ် မရှိရင် တခြား သာမန်လူတွေ ဘယ်လို ဘာသာ/လူမျိုး အစွဲ စိတ်တွေ ကင်းပါတော့မလဲ၊ အကြောင်းအရင်း အမှန်ကို ရှာဖွေလိုစိတ် ရှိတဲ့ “အကြောင်းကိုသိသော ငါ” တွေ တိုင်းပြည်မှာ ပေါများအောင် ဘယ်လို လုပ်နိုင်တော့မလဲ။

အစွန်းရောက် အတွေးအမြင် အခြေခံတဲ့ ဘာသာရေးခေါင်းဆောင်တွေကို အာဇာနည်လို့ ထင်၊ တကယ် အမျိုး၊ ဘာသာ၊ သာသနာ ကို အဲဒီလို ပြင်းထန်တဲ့ သဘော၊ နည်းလမ်း၊ အလုပ်တွေနဲ့သာ ကာကွယ်စောင့်ရှောက်နိုင်တယ်၊ ကာကွယ် စောင့်ရှောက်ရမယ်လို့၊ .ဒါမှမဟုတ် ဒါမျိုးလည်း လူ့အဖွဲ့အစည်းမှာ ရှိအပ်တယ်လို့ ယူဆနေသူတွေဟာ လူပြိန်း သာမန် လူအများတင် မဟုတ်ဆိုတာ အစကတည်းက ကျက်မိလို့ အခုကိစ္စမှာ သိပ်တော့ အံ့အားတကြီး မရှိလှပါဘူး။ ဒါပေမဲ့ ဘာသာစုံ၊ လူမျိုးစုံ မှီတင်းနေထိုင်နေတဲ့ ပြည်ထောင်စု တိုင်းပြည် အနာဂတ် အတွက်တော့ အနုတ် လက္ခဏာတွေ ပိုများလာတဲ့ နိမိတ်မို့ ရတက်မအေးဖွယ်ပါပဲ။
.
ကိုယ့် လူမျိုး၊ ကိုယ့် ဘာသာ ကို စောင့်ရှောက် ချီးမြှင့် လိုတာ နားလည်နိုင်စရာပါ။ ဒါပေမဲ့ ဒီအတွက် တခြား လူမျိုး၊ ဘာသာ တခုခုကို အမြဲမပြတ် မကောင်းပုံဖော်ပြီး ဖိနှိပ်လိုခြင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အတွက် တရားကြောင်း ပြန်လှန် အကြောင်းပြလိုခြင်းတွေ အတွက်ကတော့ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောင်မယ့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ မလိုလားအပ်ပါဘူး။ ဒီလို သဘောတွေ မစည်ပင်၊ မကြီးပွား လူရာမဝင်သင့်ပါဘူး။ အစွန်းရောက် အမုန်းတရားဟာ နောက်ဖေးလမ်းကြားမှာ ရှိသင့်ပါတယ်။ အိမ်ဦးခန်းတင် မထားသင့်ပါဘူး။
.
ပြီးခဲ့တဲ့ (၂) နှစ် (၂၀၁၃) က ဆရာ့ ဇော် စာ၊ ဆရာ သစ္စာနီ စာတွေကို ကြည့်ရင် ဒီ လူမျိုးရေး၊ ဘာသာရေး ပြင်းထန်မှု အမြင်တွေ၊ အမုန်းတွေ၊ ပဋိပက္ခတွေဟာ နိုင်ငံရေး ပယောဂ၊ အာရုံလွှဲမှု၊ နောက်ကွယ်က လက်မည်းကြီး ဆိုတာထက် အများကြီး ပိုကြောင်း ကျနော် မပြတ် ထောက်ပြခဲ့တာတွေကို သက်သေပြု ထောက်ခံနေသလိုပါပဲ။
.
ကျနော်တို့ တိုင်းပြည် နဲ့ လူမျိုးစုစုံ အနာဂတ် အတွက် အများကြီး ပြောဖို့၊ ဆိုဖို့၊ အသံထွက်ဖို့၊ အလုပ်တွေ အများကြီး လုပ်ဖို့ လိုနေပါသေးတယ်။
မြန်မာ့ နှစ်သစ်မှာ ဒီလို စာမျိုး ရေးရလို့ စိတ်မကောင်း ဖြစ်ရပါတယ်။
.
နှစ်သစ်မှာ အမုန်းတရား၊ အစွန်းရောက်မှုတွေ ကျဆုံးပါစေ။
.
ဉာဏ်ပညာ၊ ချစ်ခြင်းတရားနဲ့ လူသားဝါဒ ထွန်းကားပါစေ။
.
ငြိမ်းချမ်းအေး
ဧပြီ ၁၈၊ ၂၀၁၅

https://www.facebook.com/nyeinchanaye81/posts/10153220607108704

ဆက်စပ် ဆောင်းပါး –
————————
၂၀၁၃ ဇွန်လ တုန်းက ဆရာသစ္စာနီ ရဲ့ “တိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလား”ဧရာဝတီ ဆောင်းပါးကို တုံ့ပြန်ခဲ့တဲ့ ကျနော့် ရဲ့ “သစ္စာနီ မီးလောင်ရာ လေပင့်တာလား”

“…. လူဆိုတာ အတ္တစွဲ၊ အုပ်စုစွဲ၊ လူမျိုး ဘာသာစွဲတွေ အနည်း၊ အများ ရှိတတ်ကြစမြဲမို့ ကျွန်တော်တို့ မမြင်နိုင်၊ ကွယ်နေတဲ့ ဗမာ့မျက်မှောက်ရေးရာမှာ အရေးကြီးတဲ့ ပြဿနာ အရင်းခံ အခြေအနေတခုရဲ့ အတွင်းသဘောတွေကို နိုင်ငံတကာ အမြင်၊ တတိယ ကြားနေအုပ်စု သဘော၊ လွတ်လပ်တဲ့ စာနယ်ဇင်းတခုရဲ့ ထောက်ပြချက် အနေနဲ့ တိုင်းမ်မဂ္ဂဇင်းက ဖော်ထုတ်ရေးသားထားခြင်းကို လက်မခံနိုင်ရင်တောင် အလေးအနက် ထည့်သွင်းစဉ်းစား အရေးတယူ ရှိရပါမယ်။ လုံးဝ အသိအမှတ်မပြု ဥပေက္ခာပြု နေခြင်း၊ ပစ်ပစ်ခါခါ ပြန်လည် ဝေဖန်ခြင်း၊ မဟုတ်ဘူး ဆိုကာ အတွင်တွင် “ဘူး” ခံငြင်းခြင်း စတဲ့ အပြုအမူ၊ သဘောထားတွေဟာ ခေတ်အဆက်ဆက် စစ်အစိုးရတွေ ကျင့်သုံးလာခဲ့ပြီး ဘာတခုမှ အကျိုးရလဒ် မရှိ၊ ကမ္ဘာကလည်း မယုံ၊ ပြည်တွင်း ပြဿနာလည်း အမှန်တကယ် မရှင်းနိုင်ခဲ့တာ သမိုင်းသက်သေ ရှိပါတယ် ခင်ဗျာ။

အစွဲကင်းတဲ့ ရင်ဘတ် နှလုံးသား စိတ်၊ ကျယ်ပြန့်တဲ့ သဘောထား၊ မှန်ကန်တဲ့ အလုပ်တွေနဲ့သာ ကိုင်တွယ် ဖြေရှင်းမှသာ မိမိလူ့အဖွဲ့အစည်းမှာ စွဲကပ်နေတဲ့ “အမုန်းတရား” နဲ့ ဆက်စပ်တဲ့ ရောဂါစုံ နဲ့ ရေသောက်မြစ် “ဇာစ်မြစ်” အားလုံး ကို အလုံးစုံ အောင်မြင် ပြီးမြောက် အေးချမ်း နိုင်မှာ ဖြစ်ကြောင်း…”

@ http://burma.irrawaddy.org/religious/2013/06/26/43039.html

Leave a Reply