6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၇၊ ၂၀၁၅
M-Media

canada muslims

– အစွန်းရောက်ဝါဒ စိမ့်မ၀င်စေရေး လုံလောက်သည့် အသိပညာပေးကာ ဒေသတွင်းရှိ မွတ်စလင်လူငယ်များအား ကာကွယ်ရန်နှင့် IS အဖွဲ့၏ လူသစ်စုဆောင်းမှုကို တားဆီးဟန့်တားရန်အတွက် ကနေဒါနိုင်ငံ ကာလ်ဂရီမြို့၏ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင် အီမာမ်များက ကြိုးပမ်းမှုများကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု သိရသည်။

ကနေဒါတစ်ဝှမ်းမှ ရှေ့ဆောင်အီမာမ်များနှင့် အစ္စလာမ့်ဓမ္မပညာရှင် စုစုပေါင်း ၃၇ ဦးမှာ IS အဖွဲ့၏ နိုင်ငံအပေါ် ခြိမ်းခြောက်မှုများနှင့် အွန်လိုင်းမှ လူသစ်စုဆောင်းမှုများကို ရှုတ်ချသည့် ဖသ်ဝါ ဓမ္မသတ်တစ်ခုကို ပြီးခဲ့သည်လက ထုတ်ပြန်ခဲ့သည်။

အဆိုပါဖသ်ဝါတွင် အီမာမ်များက မွတ်စလင်လူငယ်များအနေဖြင့် IS အဖွဲ့မှ ဝေးဝေးရှောင်ကြရန် တိုက်တွန်းထားပြီး IS မှာ အစ္စလာမ်၏ သွန်သင်ချက်များကို ကြောက်စရာအကောင်းဆုံး၊ လူမဆန်ဆုံး နည်းလမ်းများဖြင့် ချိုးဖောက်နေကြသည်ဟုလည်း ဖော်ပြထားသည်။

“ဒီလို ဓမ္မသတ်ထုတ်ပြန်ထားခြင်းအားဖြင့် အချို့မွတ်စလင်တွေဟာ အစွန်းရောက်အုပ်စုနဲ့ မဆက်သွယ်ခင်မှာ ဒုတိယအကြိမ် ချင့်ချိန်စဉ်းစားမှုတွေ ပြုလုပ်နိုင်ပါလိမ့်မယ်။ ပြီးတော့ ဒါဟာ မှန်လား၊ မှားလားဆိုတာကို စဉ်းစားနိုင်မှာပါ” ဟု ကာလ်ဂရီရှိ အလ် မဒီနာ အစ္စလာမ့်စင်တာမှ ဥက္ကဌဖြစ်သူ ခါလီလ်ခန်းက ပြောကြားခဲ့သည်။

စင်တာ၏ ဒါရိုက်တာဖြစ်သူ အမျိုးသမီး ဇာဟီရာ တာရစ်က်ကလည်း အစွန်းရောက်အဖွဲ့များ၏ လူသစ်စုဆောင်းမှုတွင် အစ္စလာမ်အား မှားယွင်းသော ဖွင့်ဆိုချက်များဖြင့် ဆွဲဆောင်ကြသည်ဟု ဆိုသည်။

“(လူငယ်လေးတွေဟာ) ပညာရေးနည်းကြတယ်။ ဗဟုသုတလည်း မရှိကြဘူး” ဟု သူမက ပြောကြားခဲ့ပြီး ထိုလူငယ်များမှာ အစ္စလာမ်အား တစ်လွဲဖွင့်ဆိုကြသူများ၊ တမန်တော် မုဟမ္မဒ်သခင်အား အလွဲသုံးစားလုပ်သူများ၏ လွှမ်းမိုးခြင်းကို ခံနေရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“သူတို့လေးတွေအနေနဲ့ သင့်လျော်တဲ့ အီမ်မာတွေကို ရှာဖွေတွေ့ဆုံဖို့ လိုအပ်ပါတယ်”

ကာလ်ဂရီမွတ်စလင်များအကြား ရှိနေသည့် အခြေအနေများကို အသေအချာ လေ့လာစူးစမ်းခြင်းဖြင့် ခါလီလ်ခန်းနှင့် အခြားသော ခေါင်းဆောင်များမှာ ကာလ်ဂရီ ဒေသအတွင်း မြင့်တက်လာသော မွတ်စလင်လူ့အဖွဲ့အစည်းက ရင်ဆိုင်နေရသည့် အစ္စလာမ် ဘာသာရေးအသိပညာ လစ်ဟာမှုများ မြင့်မားလာခြင်းကို ဖြေရှင်းရန် ရင်းမြစ်များ လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ကာလ်ဂရီမြို့၏ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း တိုးတက်လာခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် မြို့တော်
အုပ်ချုပ်ရေးမှူးအဖြစ် မွတ်စလင်တစ်ဦးဖြစ်သူ နဟီးဒ် နန်ရှီက ရွေးချယ်ခြင်းခံခဲ့ရသည်။

နားလည်မှုလွဲမှားခြင်းများ

ကနေဒါရှိ ပြင်သစ်စကားပြော လူငယ်တစ်ဦးဖြစ်သူ ကလဲရ်မွန့်မှာ အစ္စလာမ်အား ပြောင်းလဲသက်ဝင်ပြီးနောက် ၃ နှစ်အကြာတွင် အစွန်းရောက် လက္ခဏာများ ပြလာခဲ့သည်။

“လူတစ်ယောက်နဲ့တွေ့ပြီး မြို့ထဲပြောင်းသွားပါတယ်။ ပြီးတော့ အစွန်းရောက်အဖွဲ့တစ်ခုနဲ့ ဆက်သွယ်ပြီး၊ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်က ကနေဒါ ထောက်လှမ်းရေးက စောင့်ကြည့်နေသူ ဖြစ်ပါတယ်” ဟု ကလဲရ်မွန့်၏ မိခင်ဖြစ်သူ ခရစ္စတီယာနီ ဘော်ဒရူက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကနေဒါမှ ရှေ့ဆောင်အီမာမ်များကမူ မွတ်စလင်များအနေဖြင့် သတိဝိရိယ ရှိကြရန် တိုက်တွန်းခဲ့သည်။ ကနေဒါ မွတ်စလင်များကမူ မည်သည့်ခေါင်းစဉ်အောက်မှမဆို ဆောင်ရွက်သော တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကို လုံးဝ ဆန့်ကျင်သည်ဟု ပြောကြားခဲ့သည်။

မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းများအရ ကနေဒါရှိ မွတ်စလင်လူများစုမှာ ကနေဒါနိုင်ငံသား ဖြစ်ရသည်ကို ဂုဏ်ယူကြပြီး သာမန်လူဦးရေထက် ပို၍ ပညာတတ်ကြသည်ဟု သိရသည်။ ကနေဒါ၏ ၃၂.၈ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်ဦးရေမျာ ၂.၈ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်သာသနာပြီးနောက် အစ္စလာမ်မှာ ဒုတိယယ အကြီဆုံး အယူဝါဒလည်းဖြစ်သည်။

Ref: Onislam

Leave a Reply