6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၀၊ ၂၀၁၅
M-Media

malaysia

– အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေး မလေးရှားအစိုးရ၏ ကြိုးပမ်းမှုများကို ဆက်သွယ်ကာ ဂျီဟတ်နှင့်ပတ်သက်သည့် ယူဆချက်အမှားများကို ပြင်ဆင်ရန်နှင့် လူငယ်များ အစွန်းရောက်သွားခြင်းတို့ကို တားဆီးဟန့်တားရန်အတွက် မလေးရှားအစ္စလာမ်ဖွံ့ဖြိုးရေးဌာန Jakim က အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်သည်။

အဆိုပါအဖွဲ့ကို Jihad Concept Explanation Action Committee ဟု အမည်ပေးထားပြီး IS ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ နိုင်ငံအတွင်း လူသစ်စုဆောင်းရေး ကြိုးပမ်းမှုများကို တိုက်ဖျက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုအဖွဲ့မှာ ကျောင်းသားလူငယ်များကို အဓိက ပစ်မှတ်ထား ဆောင်ရွက်သွားမည်ဖြစ်သည်။

“သတင်းအချက်အလက်တွေ အလကားရနေတာ၊ သူတို့လေးတွေ (လူငယ်တွေ)ရဲ့ စိတ်ခံစားမှုနောက်ကို လိုက်တတ်တာတွေက အစွန်းရောက်ဝါဒ ၀င်ရောက်ဖို့အတွက် ကျောင်းသားတွေမှာ ပျော့ကွက်တွေရှိနေတယ်ဆိုတဲ့ အကြောင်းအရင်းတွေထဲက အချို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ သူတို့လေးတွေကို ဂျီဟတ်ရဲ့ အဓိပ္ပါယ်အမှန်ကို ရှင်းလင်းအသိပေးဖို့အတွက် လုပ်ဆောင်နေပါတယ်” ဟု အဆိုပါအဖွဲ့မှ အထွေထွေဒါရိုက်တာ ဒါတွတ် အွတ်စ်မန် မွတ်စ်တာဖာက The Star သတင်းစာသို့
ယမန်နေ့တွင် ပြောကြားခဲ့သည်။

မွတ်စ်တာဖာက အစွန်းရောက်အဖွဲ့များ သွေးဆောင်ရန်လွယ်ကူသော ကျောင်းသားများရှိသည့် ကျောင်းများနှင့် တက္ကသိုလ်များက Jakim ၏ အဆိုပါ လှုပ်ရှားမှုအတွက် အဓိက နယ်မြေများဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အစွန်းရောက်တိုက်ဖျက်ရေး အစီအစဉ်မှာ ဂျီဟတ်နှင့်ပတ်သက်၍ မှားယွင်းသော သတင်းအချက်အလက်များ ၀ါဒဖြန့်ရာ ဆိုရှယ်မီဒီယာများမှတစ်ဆင့်လည်း လူငယ်များထံသို့ ရောက်ရှိမည်ဖြစ်သည်။

အစွန်းရောက်များ၊ အကြမ်းဖက်ဆန့်ကျင်ရေး ပညာရှင်များနှင့် မီဒီယာများက “ဘာသာရေးစစ်ပွဲ” ဟု မကြာခဏ ဖော်ပြလေ့ရှိသည့် “ဂျီဟတ်” စကားလုံးမှာ အမှန်စင်စစ်အားဖြင့် မွတ်စလင်အများစုအတွက် နာမ်ပိုင်းဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုဟု အဓိပ္ပါယ်ဆောင်သည်။

အစ္စလာမ့်ဓမ္မပညာရှင်များကလည်း ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြထားသည့် အဆိုပါ ဂျီဟတ် စကားလုံးမှာ ကောင်းမွန်သော လုပ်ရပ်အတွက် ရုန်းကန်ဆောင်ရွက်ခြင်း၊ လူ့အဖွဲ့အစည်းမှ မတရားမှု၊ ဖိနှိပ်မှုနှင့် မကောင်းမှုကို ဖယ်ရှားခြင်းဟူသည့် အဓိပ္ပါယ်ထွက်သည်ဟု အတည်ပြု ပြောကြားထားသည်။

Jakim ၏ အကြမ်းဖက်ဆန့်ကျင်ရေး ဆောင်ရွက်မှုကို မလေးရှားအစိုးရ၏ National Blue Ocean Strategy အစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ မလေးရှား ပြည်သူ့ကာကွယ်ရေးဌာနခွဲ၊ ၀န်ကြီးချုပ်ရုံးမှ အမျိုသား လုံခြုံရေးကောင်စီ၊ ရဲတပ်ဖွဲ့၊ အစ္စလာမ့်နားလည်မှုဆိုင်ရာ အသင်း (Ikim)၊ အလ် ဟစ်ဂ်ျရာ မီဒီယာ ကော်ပိုရေးရှင်းနှင့် အစ္စလာမ့်မဟာဗျူဟာ သုတေသနစင်တာ (Iksim) စသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။

အစ္စလာမ့်ရေးရာ ကျောင်းများ

Jakim ၏ အဆိုပါအဖွဲ့မှာ အစ္စလာမ့်ရေးရာကျောင်းများမှ ကျောင်းသားများကိုလည်း ပစ်မှတ်ထား ဆောင်ရွက်သွားမည်ဖြစ်သည်။ မလေးရှားရှိ ကျောင်းသားများ၏ ၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာရေး ကျောထောက်နောက်ခံပြု ပညာရေးကို ရရှိနေကြသည်။

“မလေးရှားရဲ့ အစ္စလာမ့်ပညာရေး ကျောင်းတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးတို့ကို ကူညီဆောင်ရွက်ပေးကြတဲ့ အစ္စလာမ့်ရေးရာပညာရှင် အမြောက်အများကို ထွက်ပေါ်စေပါတယ်” ဟု မွတ်စ်တာဖာက ဆိုသည်။

နိုင်ငံ၏ အစ္စလာမ့်ရေးရာဌာန (JAIN) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့်အတူ Jakim မှာ ဘာသာရေးကျောင်းများအားလုံး၊ ဗလီဝတ်ကျောင်းတော်များရှိ ဘာသာရေးသင်ကြားမှုများနှင့် ဘာသာရေးဆိုင်ရာ ဆွးနွေးမှုများကို စောင့်ကြည့်သွားမည်ဖြစ်သည်။

“ဒီလိုပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ဂျီဟတ်နဲ့ပတ်သက်တဲ့ ယူဆချက်အမှားတွေ၊ အစွန်းရောက်ဝါဒတွေကို အသေးစိတ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်” ဟု မွတ်စ်တာဖာက ထပ်လောင်းပြောကြားခဲ့သည်။

အွန်လိုင်းအခြေပြု အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန်အတွက် Jakim မှာ မလေးရှား ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာကော်မရှင် (MCMC) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

“မီဒီယာနဲ့ နည်းပညာအသစ်တွေကို ကြီးကြီးမားမား အသုံးပြုသူတွေဖြစ်တာကြောင့် လူငယ်တွေဟာ ပျော့ကွက်ရှိနေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အစွန်းရောက်တွေရဲ့ အယူအဆတွေကို ထိတွေ့ပြီး လွှမ်းမိုးသွားနိုင်ပါတယ်။ တကယ်လို့ ဖူးငုံနေတဲ့အချိန်မှာ မဖြေရှင်းဘူးဆိုရင် ကင်ဆာလိုပွားလာပြီး လူမျိုးဘာသာစုံရှိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ သဟဇာတဖြစ်မှုနဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်လာနိုင်ပါတယ်” ဟု မွတ်စ်တာဖာက ထည့်သွင်းပြောကြားခဲ့သည်။

Ref: Onislam

Leave a Reply