6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၅၊ ၂၀၁၅
M-Media

nedved

– ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ရီးယဲလ်မက်ဒရစ်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဖလားသုံးလုံး လမ်းကြောင်းပေါ်တွင်ရှိနေသည့် မိမိတို့အနေဖြင့် သမိုင်းရေးထိုးရမည်ဟု ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးဟောင်း နက်ဗက်က ပြောကြားလိုက်သည်။

ကွာတားဖိုင်နယ်တွင် မိုနာကိုအား နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လာခဲ့ပြီးနောက် ဂျူဗင်တပ်စ်မှာ ရီးယဲလ်နှင့် တွေ့ဆုံခြင်းဖြစ်ပြီး ပထမအကျော့အား အိမ်ရှင်အဖြစ် လက်ခံကစားရမည်ဖြစ်သည်။

၁၉၈၅ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်တို့တွင် ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့သည့် ဂျူဗင်တပ်စ်မှာ ဒုတိယရခဲ့သည့် ၂၀၀၃ ခုနှစ် နောက်ပိုင်း ဆီးမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်က အသင်း၏ တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး လက်ရှိတွင် အသင်း၏ အုပ်ချုပ်သူအဖွဲ့တွင် ပါဝင်နေသူ နက်ဗက်ကမူ အီတလီဘောလုံးလောကအတွက် သမိုင်းရေးထိုးရမည်ဟု ဆိုသည်။

“ကျွန်တော်တို့ အီတလီဘောလုံးလောကအတွက် ကြီးကျယ်တာ၊ သမိုင်းဝင်တာ တစ်ခုခု လုပ်ချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပွဲကို သန့်သန့်ရှင်းရှင်း ကစားသွားမှာဖြစ်ပြီး ကျွန်တော်တို့အလုပ်ကို ကျွန်တော်တို့ လုပ်သွားမှာပါ။ ကျွန်တော်တို့ ပျော်ရွှင်ချင်ပါတယ်။ အမှတ်ပေးပွဲမှာ ၁၅ မှတ်ဖြတ်ဖို့၊ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ရောက်ဖို့၊ ကိုပါအီတလီယာ ဖိုင်နယ်ရောက်ဖို့ ကျွန်တော်တို့ မမျှော်လင့်ခဲ့ပါဘူး” ဟု နက်ဗက်က Sport Mediaset သို့ ပြောကြားခဲ့သည်။

ရီးယဲလ်နှင့်ပွဲအတွက် ဂျူဗီမှာ အောက်သင်းအဖြစ် သတ်မှတ်ခံရနိုင်ပြီး နက်ဗက်ကမူ မိမိတို့မှာ အမြင့်ဆုံးကို မှန်းထားသည်ဟု ဆိုသည်။

“ပြိုင်ဘက်က ပိုကောင်းတဲ့အကြောင်းကို ပြောတာ မိုက်မဲတဲ့အလုပ်ပါ။ ကျွန်တော်တို့အမြဲတမ်း ရှိနေတဲ့ပုံစံအတိုင်းပဲ ကစားကို ကစားရမှာပါ။ ကျွန်တော်တို့မှာ အခွင့်အရေးရှိနေပြီး သူတို့လည်း လက်ဖျားခါလောက်တဲ့ ပွဲ ၂ ပွဲ ကို တွေ့ရပါလိမ့်မယ်”

Ref: Goal.com

Leave a Reply