6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၉ ၊ ၂၀၁၅
ဆူးငှက် ရေးသည်။
dir-photo
တကယ်တော့ မန္တလေးတက္ကသိုလ်ဟာ မြန်မာလူမျိုးများရဲ့ ၀ံသာနုစိတ်နဲ့ ဇာတိမာန်သက်သက်က တဆင့် အမြော်အမြင်ကြီးစွာ ပေါ်ပေါက် ခဲ့ ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊ ပွင့်လန်းခဲ့တဲ့ မြန်မာအမျိုးသား တက္ကသိုလ်ကြီးဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ တက္ကသိုလ် အက်ဥပဒေကို မကျေနပ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ စတင်ခဲ့တဲ့ သပိတ်တိုက်ပွဲရဲ့ အသီးအပွင့်လည်းဖြစ်ပါတယ်။ ဒီအသီးအပွင့်ကြောင့် ၁၉၂၅ ခုနှစ်မှာ မန္တလေးမြို့မိမြို့ဖများ အားထုတ်မှုနဲ့ မန္တလေး ဥပစာကောလိပ် ဖွင့်လှစ်ခွင့်ရခဲ့တယ်။

၁၉၂၀ခုနှစ် ပထမကျောင်းသားသပိတ်ကြီး စတင်ပေါ်ပေါက်လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊ အမျိုးသားကောလိပ်နဲ့ အမျိုးသားပညာရေးတောင်းဆိုမှုတွေနဲ့ အတူ အထက်ဗမာပြည် မန္တလေးမြို့မှာလည်း ဥပစာကောလိပ်တစ်ခုဖွင့်လှစ်ပေးဖို့ မန္တလေးမှာ ရှိကြတဲ့ ဗဟိုစည် ဦးဘဦး၊ ကျောက်စာ ၀န်တော်စိန်ခိုနှင့် ရသေ့ကြီး ဦးခန္တီတို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြပါတယ်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောရင် မန္တလေးမြို့လူထုအနေနဲ့ ကိုယ့်အလှူငွေနဲ့ကိုယ်၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင် ဖွင့်ကြမယ်လို့တင်ပြလာကြတယ်။ နိုင်ငံရေး မျက်နှာစာမှာလည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်း ဆိုကြတယ်။ တစ်ဆက်တည်း ၀ံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီမှာ ၁၉၂၀ပြည့်နှစ် တကသိုလ် အက်ဥပဒေကို ပြင်ဆင်ဖို့ ဥပဒေ အကြမ်းတင်ခဲ့တယ်။ ပထမအဆင့်အနေနဲ့ ၁၉၂၄ခု ဧပြီလမှာ အစိုးရက ဥပေဒကို ပြင်ဆင်ဖို့ အတည်ပြုပေးခဲ့ရတယ်။ ဒါ့အပြင် ၁၉၂၄ခု ပြင်ဆင်ချက် ဥပဒေအရ အထက်ဗမာပြည်မှာ ဥပစာကောလိပ်ကို စတင်ဖွင့်လှစ်ဖို့ ကော်မတီ ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါကြောင့် အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက်မှာ ရှိတဲ့ သိပ္ပံကျောင်းဝင်းထဲက တစ်ထပ်အုတ်တိုက်နီကလေးမှာ ၁၉၂၅ ဇူလိုင် ၄ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါ တယ်။

အခုမန္တလေး တက္ကသိုလ်ဝင်းထဲ အ၀င်စ မုဒ်ဦးအကျော်လမ်း အရှေ့ဘက်က အုတ်တိုက်နီလေးပါ။ တက္ကသိုလ်သက်တမ်းတလျှောက်လုံး အင်ဂျင်နီယာရုံးအဖြစ် ဖွင့်လှစ်ခဲ့တဲ့နေရာလေးပါပဲ။အခုလက်ရှိမြင်နေရတဲ့မန္တလေး တက္ကသိုလ်ပင်မအဆောက်အဦးကြီးကတော့ ၁၉၂၁ခုနှစ်မှာ အုတ်မြစ် ချပြီး ၁၉၂၄ခုနှစ်မှာ စိုက်ပျိုးရေး သိပ္ပံရုံး အဖြစ် ဖွင့်လှစ်ခဲ့တာပါ။

268696_248263078520740_100000111498246_1079748_2751383_n
မန္တလေးဥပစာကောလိပ် စပြီး ဖွင့်လှစ်တော့ ကောလိပ်အုပ်ချုပ်ရေးအဖွဲ့မှာ ကပ္ပတိန်ကျော်ညွန့်က သဘာပတိအိဖြစ်ဆောင်ရွက်တယ်။ မစ္စတာ ထင်ဝီ(M.A)က ကျောင်းအုပ်ကြီးနဲ့ အင်္ဂလိပ်ဘာသာကထိက၊ ဦးဖိုးသာ (M.Sc)က ရူပဗေဒနဲ့ ဓာတုဗေဒကထိက၊ ဦးလှပေါ်ဦး (M.A) က သင်္ချာကထိက၊ ဦးဘကျား(B.A)က ပါဠိ မြန်မာစာ၊ မစ္စတာ အက်စ်ဒါမိုဒါရမ်က သိပ္ပံပညာနည်းပြတို့ ဖြစ်ကြတယ်။ မန္တလေး ဥပစာကောလိပ် စဖွင့်တော့ ကျောင်းသူ (၂)ယောက်အပါအ၀င်း ကျောင်းသား (၃၁)ယောက်ရှိတယ်။ ဖွင့်လို့တစ်နှစ်အကြာ ၁၉၂၆ခုသြဂုတ်လရောက်တော့ ဥပဒေပြုကောင်စီမှာ ရွှေတောင်ကြားပါတီက မန္တလေးဥပစာကောလိပ်က ကျောင်းသားနည်းလို့ ပိတ်ပါဆိုပြီး အဆိုတင်တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ မန္တလေးဥပစာ ပိတ်ပင်ရေး အစီအစဉ်ကတော့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲအနေနဲ့ နောက်မဆုတ်ဘူး။

၁၉၃၀ခုနှစ်ရောက်တော့ မန္တလေးဥပစာကောလိပ် ပိတ်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး မန္တလေးမြို့ မြို့မိမြို့ဖတွေကလည်း ကန့်ကွက်ကြတယ်။ အိမ်တော်ရာ ၁၄ခန်း ဇရပ်မှာလည်း ကျောင်းသားတွေက ရဟန်းပျိုသမဂ္ဂ ၊ ဈေးချိုတော်၊ မန္တလေးမြို့ခံတွေနဲ့အတူ ကန့်ကွက် သပိတ်မှောက်ကြတယ်။ ဒါကြောင့် မန္တလေးဥပစာကောလိပ်ပိတ်ရေးကိစ္စဟာ အောင်မြင်မသွားခဲ့ပါဘူး။ အင်္ဂလိပ် အစိုးရအနေနဲ့ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲကြောင့် အကျပ်အတည်းကျရောက်နေတာကြောင့်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့စစ်ကြီး ဖြစ်ပွားတော့ဖွင့်လှစ်ဆဲ မန္တလေးဥပစာကောလိပ်ကို ဥပစာကောလိပ်ရဲ့ကျောင်းသား ဟောင်း တစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိ ဥပစာကောလိပ် ဓာတုဗေဒ ဆရာဖြစ်သူ ဦးကိုလေး (ဇေယျာမောင်)က စောင့်ရှောက်ရတယ်။ မန္တလေးလည်း စစ်ရောက်ရော ဥပစာကောလိပ်လည်း ပိတ်လိုက်ရတယ်။

စစ်ကြီးပြီးတော့ မန္တလေးဥပစာ ကောလိပ်ပြန်ဖွင့်လှစ်နိုင်ရေးကို ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ပဲ ပြန်လည် ဦးဆောင် ဆောင်ရွက်ကြတယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ကတော့ မသိလိုက်မသိဘာသာပါပဲ။ စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အစိုးရဖွဲ့တော့ ဦးရာဇတ် ၀န်ကြီးတာဝန်အယူ ရန်ကုန်ရောက်စဉ် မန္တလေးဥပစာကောလိပ်ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေးနဲ့ ထပ်မံကြိုးစားကြပြန်တယ်။ ဒါကြောင့် ၁၉၄၇ ခုမေလ၂၉ရက်နေ့မှာပဲ ဆရာဦးကိုလေး (ဇေယျာမောင်) ကို ကျောင်းအုပ်ကြီး အဖြစ်ခန့်အပ်ပြီး မန္တလေး ဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်ဖို့ တာဝန်ပေးလိုက်ပါတယ်။

စစ်ကြီးကြောင့် ပျက်စီးသွားတဲ့ ပရိဘောဂတွေ ၊ ကျောင်းဆောင်တွေ ပြန်လည်ရရှိဖို့ အခက်အခဲအမျိုးမျိုးကို ဆရာဦးကိုလေး (ဇေယျာမောင်) ဟာ ကြိုးစားကျော်ဖြတ်ပြီး ၁၉၄၈ခု ဇွန်လရောက်မှ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။ စိုက်ပျိုးရေးသိပ္ပံရုံးအဖြစ် အသုံးပြုဆဲဖြစ်တဲ့ ပင်မအဆောင်ကြီးကိုလည်းမန္တလေးယူနီဗာစီတီကောလိပ်ပင်မစာသင်ဆောင်ကြီးအဖြစ် ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်ပွဲကို မန္တလေးမြို့လူထုကလည်း ၀မ်းပန်းတသာပါဝင်ဆင်နွှဲကြတယ်။ မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်လှစ်နိုင်ရေးကို အစွမ်းကုန်ကြိုးစားခဲ့တဲ့ ဆရာကြီးဦးရာဇတ်ကတော့ ဖွင့်ပွဲမတိုင်ခင် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကပဲ မသမာသူတို့ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရှာပြီပေါ့။

11182262_903248299713714_6362724170924074286_nဒီဥပစာကောလိပ်ကလည်း အတိုက်အခံ အခက်အခဲအမျိုးမျိုးကြားက ရုန်းကန်ပြီး ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး(ဇေယျာမောင်)တို့ ကျေးဇူးကြောင့် ၁၉၄၈ ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့ပြီးတဲ့နောက် မြို့မိမြို့ဖတွေ ဆက်လက်အားထုတ်ကြိုးပမ်းခဲ့ကြလို့လည်း ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်မှာ မန္တလေးတက္ကသိုလ် အဖြစ် သီးခြားရပ်တည်ခဲ့တယ်။ ပြောင်းလဲလာတဲ့ ပညာရေးစံနစ်တွေကြောင့် ၁၉၆၄ ခုနှစ်မှာ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်အသွင်ပြောင်းခဲ့ရတယ်။ ၁၉၈၀ ခုနှစ်မှာတော့ မန္တလေး တက္ကသိုလ်ဆိုတဲ့ မူလအမည်နဲ့ တည်ရှိခဲ့တာပါ။

မန္တလေးဥပစာကောလိပ်မှသည် မန္တလေးတက္ကသိုလ်ဆိုတဲ့ ဖြတ်သန်းမှု သမိုင်းရှည်ကြီးအတွင်း ဒီတက္ကသိုလ်ကြီးက ဂုဏ်ရောင်ပြောင်တဲ့ နိုင်ငံရေးသမားတွေ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာ ဆရာကြီးတွေ၊ အရပ်ဘက် စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေ၊ ဌာနဆိုင်ရာ ပညာရှင်ကြီးတွေ၊ ပါမောက္ခကြီးတွေ မွေးထုတ်ပေးခဲ့ရုံမက အနုပညာရှင်ပေါင်းများစွာ၊ အားကစားသမားပေါင်းများစွာလည်း မွေးထုတ်ပေးခဲ့ပါတယ်။

အခု… ခေတ်ပြောင်း စနစ်ပြောင်းချိန် ရန်ကုန် တက္ကသိုလ်ကြီးရဲ့ ပြန်လည်မွေးဖွားခြင်း အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့အတူ သမိုင်းအစဉ်အလာကြီးမားတဲ့ မန္တလေးတက္ကသိုလ်ကြီးကလည်း ဒီအချိန်အခါကောင်းမှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်နိုးထ ရှင်သန်ဖို့ ကောင်းပါတယ်။

မန္တလေးမြို့လူထုက ရွေးကောက် တင်မြှောက်လိုက်ပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်တွေ ကို ဖော်ဆောင်ပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတဲ့ မန္တလေးက အသီးသီးသော လွှတ်တော်ကိုယ်စားလှယ်ကြီးများ ထံက မန္တလေးတက္ကသိုလ်နဲ့ပတ်သက်တဲ့ တင်ပြတောင်းဆိုမေးမြန်းတဲ့အသံကို လွှတ်တော်သက်တမ်း ၄နှစ်ကျော် ၅နှစ် အကြာ လွှတ်တော်သက်တမ်းကုန်ဆုံးလု အချိန်ထိ မကြားရတာကလည်း မဲဆန္ဒရှင် မန္တလေးသူ၊ မန္တလေးသားများအဖို့ ကံဆိုးလှချည်ရဲ့လို့ ရင်ပတ်စည်တီးရမယ့် ကိန်းပါပဲ။

တကယ်တော့ ၁၉၂၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ မန္တလေးဥပစာကောလိပ်ဟာ ဒီနှစ် ၂၀၁၅ မှာ အနှစ် ၉၀ တင်းတင်းပြည့်ပါပြီ။ ဒါဟာ မန္တလေးအတွက်သာမက တစ်မျိုးသားလုံးအတွက် ကောင်းမွေပါပဲ။ အလားတူ ၁၉၄၈ခုနှစ်မှာ အခက်အခဲအမျိုးမျိုးကြားက မန္တလေးဥပစာကောလိပ် ကနေ အဆင့်မြှင့်ဖွင့်လှစ်ခဲ့တဲ့ မန္တလေးယူနီဗာစီတီကောလိပ်ကလည်း ဒီနှစ်မှာ ၆၇နှစ်ပြည့်ပါပြီ။ တစ်ခါ ၁၉၅၈ခုနှစ်မှာ မန္တလေးယူနီဗာစီတီကောလိပ်မှသည် မန္တလေးတက္ကသိုလ်အဖြစ် သီးခြားဖွင့်လှစ်နိုင်တာလည်း ၅၇နှစ်ပြည့်ပါပြီ။

ဘာပဲပြောပြော မန္တလေး တက္ကသိုလ်ရဲ့ သန္ဓေအစ မူလကတွက်ရင် ဒီ ၂၀၁၅ခုနှစ်ဟာ နှစ် ၉၀ တင်းတင်းပြည့်တဲ့ မင်္ဂလာ အခါသမယ ပါပဲ။ လက်ရှိ မန္တလေးတက္ကသိုလ်ကို မောင်းနှင် တာဝန်ယူနေကြသူတွေရဲ့အများစုဟာ လာမယ့်၁၀နှစ် မန္တလေးတက္ကသိုလ်ရာပြည့်ကို ပဲ့ကိုင်ခွင့်ရဖို့ မသေချာနိုင်ပေဘူး။

ဆူးငှက်

* စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

မူရင်းလင်ခ် =>https://www.facebook.com/sue.hnget.3/posts/903248346380376

Leave a Reply