6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၇၊ ၂၀၁၅
M-Media

wiga 2

– အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေး လေးစားလိုက်နာမှုကို အားနည်းစေရန် ကြိုးစားမှုအသစ်အဖြစ် ၀ီဂါမွတ်စလင်အများစုနေထိုင်ရာ နိုင်ငံအနောက်မြောက်ပိုင်း ဇင်ဂျန်းပြည်နယ် ရွာတစ်ရှိ မွတ်စလင်ဈေးဆိုင်များ၊ စားသောက်ဆိုင်များတွင် ဆေးလိပ်နှင့် အရက်များကို ရောင်းချရန် ကွန်မြူနစ်အာဏာပိုင်များက အတင်းအဓမ္မ အမိန့်ပေးခဲ့သည်ဟု သိရသည်။

“ဒီနေရာမှာ သာသာရေးအားနည်းသွားဖို့ လှုပ်ရှားမှုတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ အခုဟာက ဒီ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ၂၀၁၂ ခုနှစ်ကတည်းက လူတွေဟာ သူတို့ရဲ့ စီးပွားရေးတွေမှာ အရက်နဲ့ ဆေးလိပ်ရောင်းတာတွေကို ရပ်လိုက်ကြပါတယ်။ ဒီလိုရောင်းချမှုကနေ အကျိုးအမြတ်ရနေတဲ့ သူတွေတောင်မှ ပြည်သူတွေရဲ့ ငြိုငြင်မှုကို ကြောက်တာကြောင့် ရောင်းချမှုကို စွန့်လွှတ်လိုက်ကြပါတယ်။ ဒါ့ကြောင့် (ဒီလိုအမိန့် ပေးတာ) ပါပဲ” ဟု ဇင်ကျန်းပြည်နယ် လက်စ်ကွေး
မြို့နယ် အက်တာရှ်ရွာ ကွန်မြူနစ်ပါတီ ကော်မတီအတွင်းရေးမှူး အဒီလ် ဆူလေမန်က RFA ၏ ၀ီဂါဘာသာဖြင့် ထုတ်လွှင့်သော အစီအစဉ်သို့ မေလ ၄ ရက်နေ့က ပြောကြားခဲ့သည်။

လက်စ်ကွေးမြို့နယ် အက်တာ့ရှ်ရွာ ပါတီကော်မတီမှ လက်မှတ်ထိုးထုတ်ပြန်သော အဆိုပါ ညွှန်ကြားချက်အသစ်တွင် “ရွာအတွင်းရှိ စားသောက်ဆိုင်များနှင့် စူပါမားကတ်များအားလုံးတွင် အရက်နှင့် စီးကရက် တံဆိပ် ၅ မျိုးကို မေလ ၁ ရက်နေ့ မတိုင်ခင်
ထားရှိရောင်းချသွားရမည်” ဟု ဖော်ပြထားသည်။ ထို့ပြင် ဆိုင်ရှင်များအနေဖြင့် အဆိုပါ ဆေးလိပ်နှင့် အရက်များကို လူမြင်နိုင်သည့် နေရာတွင် ထားရှိရမည်ဟုလည်း အမိန့်ပေးထားသည်။

အဆိုပါအမိန့်အား လိုက်နာမှုမရှိခြင်း၊ အကောင်အထည်ဖော်မှု မရှိခြင်းတို့ကို တွေ့ရပါက ဆိုင်များအား ပိတ်သိမ်းခြင်း၊ စီးပွားရေးလုပ်ငန်းအား ရပ်ဆိုင်းထားခြင်းနှင့် တရားစွဲခြင်းတို့ကို ပြုလုပ်ဆောင်ရွက်သွားမည်ဟု အာဏာပိုင်များက သတိပေးခဲ့သည်။

ထိုကဲ့သို့ အတင်းအဓမ္မ အမိန့်ပေးခြင်းမှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းမှ တိုက်ရိုက်ညွှန်ကြားချက်ဖြစ်သည်ဟု ဆိုသည်။

ဆူလေမန်က ပြီးခဲ့သည့် နှစ်များအတွင်း အက်တာရှ်နှင့် လက်စ်ကွေးရှိ အခြားသောဒေသများတွင် အရက်နှင့် ဆေးလိပ်များကို ရှောင်ကျဉ်မှုများ များပြားလာပြီး အသက် ၁၆ နှစ်မှ ၄၅ နှစ်အရွယ်ရှိသူများ၏ ၇၀ မှ ၈၀ ရာခိုင်နှုန်းမှာ ရှောင်ရှားလာကြသည်ဟု ပြောကြားခဲ့သည။်

အရက်နှင့် ဆေးလိပ်ရောင်းဝယ်မှုကို ၀ီဂါ မွတ်စလင် လူ့အဖွဲ့အစည်းအတွင်း အစိုးရက တားမြစ်ထားခြင်းမရှိသော်လည်း ၎င်းတို့၏ ဘာသာရေးဆိုင်ရာ အကြောင်းအရင်းကြောင့် ရောင်းချခြင်း၊ သုံးစွဲခြင်း မပြုကြခြင်းဖြစ်မည်ဟု ယူဆရကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အရက်သောက်သုံးခြင်းမှာ ပြစ်မှုအကုသိုလ်အပေါင်း၏ မိခင်ဟု ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြထားကာ သောက်သုံးမှု၊ ရောင်းချမှုတို့အပါအ၀င် အရက်နှင့်ပတ်သက်သည့် ကိစ္စမှန်သမျှကို အစ္စလာမ်က ပြတ်ပြတ်သားသား ထားမြစ်ထားသည်။

ထို့ပြင် လူသားထုအတွက် အန္တရာယ်ရှိသော ကိစ္စရပ်များ လုပ်ဆောင်ခြင်းမှာ ဟရမ် (တားမြစ်ထားသည့်အရာ) ဖြစ်သည်ဟု အစ္စလာမ်တွင် ပြဌာန်းထားသောကြောင့် သောက်သုံးသူနှင့် ပတ်ဝန်းကျင်တွင် ရှိနေသူများကိုပါ အန္တရာယ်ဖြစ်လာစေနိုင်သည့် ဆေးလိပ်သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကိုလည်း အစ္စလာမ့် ဓမ္မပညာရှင်များက တစ်ညီတစ်ညွတ်ထည်း
တားမြစ်ထားသည်။

ဘာသာရေး အားနည်းအောင်ပြုခြင်း

အစွန်းရောက်ဝါဒအား တွန်းလှန်ခြင်းဟု အကြောင်းပြကာ တရုတ်အစိုးရမှ ဆောင်ရွက်နေသည့် လှုပ်ရှားမှုများတွင် ၀ီဂါလူမျိုးများ၏ ဘာသာအယူ ယုံကြည်သက်ဝင်မှုကို အားနည်းပျက်ဆီးသွားအောင် ပစ်မှတ်ထားလုပ်ဆောင်နေသည်ဟု မှတ်ယူနိုင်သည်။

တရုတ်နိုင်ငံ၏ တိုင်းရင်းသားရေးရာ ပေါ်လစီများနှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ မဲလ်ဘုန်းရှိ လာထရိုဘီ တက္ကသိုလ်မှ ဂျိမ်းစ် လီဘိုးလ်ဒ်က တရုတ်အာဏာပိုင်များမှာ အစွန်းရောက်ဝါဒအား တွန်းလှန်ရေး ဆောင်ရွက်ရာတွင် လမ်းပျောက်ပျောက်သွားပြီး ယုကဲ့သို့
ဆောင်ရွက်မှုများက တိုင်းရင်းသားများနှင့် ပတ်သက်၍ တင်းမာမှုများကိုသာ ဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီလမှစ၍ ဇင်ဂျန်းပြည်နယ်ရှိ အာဏာပိုင်များမှာ ဒေသအတွင်း မုတ်ဆိတ်ထားသူများကို အာဏာပိုင်များသို့ လာရောက်သတင်းပေးပါက သတင်းပေးသူကို ဆုငွေပေးမည်ဟု ကြေညာခဲ့သည်။

ဒီဇင်ဘာလအတွင်းကလည်း တရုတ်ကွန်မြူနစ်အစိုးရမှာ ဇင်ဂျန်းပြည်နယ်မြို့တော် အူရမ်ကီရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၌ မွတ်စလင်အမျိုးသမီးများ ၀တ်ရုံရှည်နှင့် ခေါင်းစည်းပုဝါ ၀တ်ဆင်ခြင်းကို တားမြစ်ခဲ့သည်။ ထို့ပြင် အ၀တ်အစားရောင်းချသည့် ဆိုင်များမှ ၀တ်ရုံရှည်များနှင့် ခေါင်းဆောင်းပုဝါများကိုလည်း အာဏာပိုင်များက ၀င်ရောက်
သိမ်းဆည်းခဲ့ကြသည်။

ဝီဂါမွတ်စလင်များမှာ တူရကီစကားပြောသူများဖြစ်ပြီး ဇန်ဂျန်းပြည်နယ်တစ်ဝှမ်းတွင် ၈ သန်းခန့် နေထိုင်ကြသည်။

ဇင်ဂျန်းပြည်နယ်မှာ ၁၉၅၅ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသော်လည်း ကွန်မြူနစ်အစိုးရ၏ ၀င်ရောက်ချယ်လှယ်မှုကို ခံနေရသည်။

၂၀၁၄ ခုနှစ် အစောပိုင်းက ပြည်နယ်အတွင်းရှိ အစိုးရအဆောက်အအုံများတွင် ဘာသာရေးဆိုင်ရာ လေးစားလိုက်နာမှုများကို တားမြစ်ပိတ်ပင်ခဲ့ပြီး ဘာသာတရားမှ သွန်သင်ချက်အတိုင်း လုံခြုံစွာ ၀တ်စားဆင်ယင်မှုများကိုလည်း မပြုလုပ်ရဟု အမိန့်ပေးခဲ့သည်။

သြဂုတ်လတွင် ဇင်ဂျန်းပြည်နယ် ကာရာမေမြို့၌ သယ်ယူပို့ဆောင်ရေးယာဉ်များအား မုတ်ဆိတ်ထားသော အမျိုးသားများနှင့် ၀တ်ရုံရှည်ဝတ်ထားသောအမျိုးသမီး သို့မဟုတ် ဟီဂျဘ်ဝတ်ထားသော အမျိုးသမီးများ စီးနင်းခွင့်မရှိဟု အမိန့်ထုတ်ခဲ့သည်။

ကွန်မြူနစ်အစိုးရ၏ ထိုသို့ ဖိနှိပ်ချုပ်ချယ်မှုများကို မကျေနပ်သောကြာင့် ၀ီဂါမွတ်စလင်များက ကွန်မြူနစ်အစိုးရ၏ အဆောက်အဦးများနှင့် အစိုးရ၀န်ထမ်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ယခုနောက်ပိုင်းတွင် ပိုမိုဖြစ်ပွားလာသည်။

Ref: Onislam

Leave a Reply