မေ ၁၀၊ ၂၀၁၅
M-Media
– ချယ်ဆီးအသင်း၏ ယခုနှစ် ပရီးမီးယားလိဂ် အောင်မြင်မှုမှာ ကြောက်ရွံ့မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
ချယ်ဆီးမှာ ပြီးခဲ့သည့် သီတင်းပတ်က ချန်ပီယံဖြစ်ခဲ့ပြီး တစ်ရာသီလုံးတွင် ၂ ပွဲသာ ရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်က ၂၀၁၅ ခုနှစ်တွင် အကောင်းဆုံး ပုံစံကို ရရှိခဲ့သော်လည်း ဒုတိယနေရာ ရရှိရေးအတွက် ရုန်းကန်နေရသည်။ ၀င်းဂါးကမူ မိမိတို့ နိုင်လိုစိတ်မှာ တိုးတက်လာပြီး လာမည့်ရာသီတွင်လည်း ထိုစိတ်က ကစားသမားအား ရပ်တည်နိုင်စေမည်ဟု ဆိုသည်။
“ဒီလိုအလုပ်မျိုးမှာ တကယ့်စိတ်ချမ်းသာစရာ ရှုံးနိမ့်မှာကို ကြောက်ရွံ့မှု မရှိတာပါပဲ။ အသင်းတစ်သင်းဟာ ယုံကြည်မှုရှိမယ်၊ လုပ်နိုင်တယ်လို့ထင်တယ်၊ အဲဒီလိုကစားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ပါလိမ့်မယ်။ ကစားသမားတွေဟာ ထူခြားတဲ့ကစားသမားတွေ ဖြစ်လာမှာပါ။ ကျွန်တော် အမွှမ်းတင်ပြောတာ မဟုတ်ပါဘူး။ ဖိအားတွေကို တုံ့ပြန်တဲ့အသင်းကို မြင်ချင်တယ်ဆိုရင် ကျွန်တော်တို့ဟာ ဇန်န၀ါရီကတည်းက ဒါမျိုး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ရှိခဲ့တဲ့ ပြဿနာကတော့ ချယ်ဆီးက ခြေမချော်တာပါပဲ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့အသင်းမှာ ချန်ပီယံပြေးလမ်းပေါ်သို့ ပြန်လည်ရောက်လာရမည်ဖြစ်သော်လည်း ချယ်ဆီးအသင်းမှာ ၂ ပွဲသာ ရှုံးနိမ့်ခဲ့ကြောင်း တစ်ချို့ပွဲများတွင် အကောင်းဆုံးပုံစံ မရသော်လည်း အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ နိုင်ပွဲများမှာ ဖလားရရှိရန် နီးကပ်နေသည်ကို ခံစားရခြင်းသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal
Comments