6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၄၊ ၂၀၁၅
M-Meida

holy see

– ပါလက်စတိုင်းအား အသိအမှတ်ပြုမှု ပါဝင်သည့် နိုင်ငံအချင်းချင်း သဘောတူစာချုပ်တစ်ခုကို မကြာခင် လက်မှတ်ရေးထိုးတော့မည်ဟု ဗာတီကန်က ယမန်နေ့တွင် ကြေညာလိုက်သည်။

အဆိုပါ စာချုပ်ကို ယမန်နေ့တွင် နောက်ဆုံး အပြီးသတ်ခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဦးဆောင်သည့် ဗာတီကန်အစိုးရက ပါလက်စတိုင်းနိုင်ငံအတွက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO နှင့် သံတမန်ဆက်ဆံရေးများကို အပြန်အလှန်ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုစာချုပ်က ဗာတီကန်အစိုးရအနေဖြင့် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။ ဗာတီကန်၏ ပေါ်လစီအရ အစ္စရေး၊ ပါလက်စတိုင်း နှစ်နိုင်ငံအဖြေသာလျှင် မြင့်မြတ်သောနယ်မြေအတွင်း ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု သတ်မှတ်ထားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ကုလက ပါလက်စတိုင်းအား အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် လေ့လာသူနိုင်ငံအဖြစ် မဲခွဲအသိအမှတ်ပြုခဲ့စဉ်ကလည်း ဗာတီကန်က ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရည်ညွှန်းသုံးနှုန်းခဲ့သည်။

ဗာတီကန်၏ ထိုသို့အသိအမှတ်ပြုမှုကို ပါလက်စတိုင်းခေါင်းဆောင်များက ချီးကျူးခဲ့ကြသည်။

“ဗာတီကန်ဆိုတာ နိုင်ငံတစ်ခုသာ မဟုတ်ပါဘူး။ ပါလက်စတိုင်းအပါအ၀င် ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန် သန်းပေါင်းမျာစွာကို ဗာတီကန်က ကိုယ်စားပြုပါတယ်” ဟု ပါလက်စတိုင်း နိုင်ငံခြားရေးရာဌာနမှ အကြီးတန်းအရာရှိဖြစ်သူ ဟူဆမ် ဇွမ်လွတ်က ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံခြားရေးဌာနကမူ ဗာတီကန်၏ ထိုသို့အသိအမှတ်ပြုမှုမှာ စိတ်ပျက်စရားကောင်းသည်ဟု ပြောကြားခဲ့ပြီး ထိုအသိအမှတ်ပြုမှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုးတက်စေမည်မဟုတ်ဟု ဆိုသည်။ ဥရောပနိုင်ငံရှိ လွှတ်တော်များက ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် သတ်မှတ်ရန် အစိုးရများအား တိုက်တွန်းသည့် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာသည့် အချိန်ကလည်း အစ္စရေးက ထိုကဲ့သို့ပင် တုံ့ပြန်ခဲ့သည်။ သို့သော်လည်း အစ္စရေးမှ လေ့လာဆန်းစစ်သူများကမူ ဗာတီကန်၏ ထိုဆုံးဖြတ်ချက်က ပိုမိုနာကျင်စေသည်ဟု ဆိုသည်။

ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်မှာ စနေနေ့တွင် ဗာတီကန်သို့လာရောက်လည်ပတ်၍ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံရန် ရှိနေသည်။ တနင်္ဂနွေနေ့တွင်မူ ပါလက်စတိုင်းမှ ခရစ်ယာန်သီလရှင် ၂ ပါးကို ဗာတီကန်က သူတော်စင်အဖြစ် ချီးမြှောက် သတ်မှတ်ပေးမည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်က နာဇီတို့၏ရန်ကြောင့် အရှေ့ဥရောပမှ ထွက်ပြေးလာခဲ့ရသည့် ဂျူးများက ပါလက်စတိုင်းနယ်မြေထဲသို့ ၀င်ရောက်က အနောက်နိုင်ငံအချို့၏ ထောက်ပံ့မှုဖြင့် ၁၉၄၈ ခုနှစ်တွင် ပါလက်စတိုင်းနယ်မြေ၌ အစ္စရေးနိုင်ငံ ထူထောင်ခဲ့ပြီးနောက် ပါလက်စတိုင်း ပြည်သူများမှာ ၎င်းတို့၏ နေရပ်တွင်ပင် နိုင်ငံမဲ့ ဖြစ်သွားခဲ့ရသည်။

ထို့အချိန်မှစ၍ အစ္စရေးမှာ ပါလက်စတိုင်းတို့၏ နယ်မြေများအား တစ်ဖြည်းဖြည်းသိမ်းယူကာ ပါလက်စတိုင်းပြည်သူများ လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ခွင့်မရအောင် ဆောင်ရွက်ခဲ့သည်။

ပါလက်စတိုင်းခေါင်းဆောင်များကမူ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာရေးအတွက် ကြိုးစားနေပြီး လက်ရှိအချိန်တွင် ဥရောပမှ နိုင်ငံအချို့အပါအ၀င် နိုင်ငံပေါင်း ၁၃၀ ကျော်က ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည်။

Ref: CNN, Press TV, NY Times

Tags:

Leave a Reply