6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၄၊ ၂၀၁၅
M-Media

tele

– မြန်မာနိုင်ငံတွင် မိမိတို့၏ မိုဘိုင်းကွန်ယက်ကို အသုံးပြုသူများမှာ ၆.၄ သန်းရှိနေသည်ဟု တယ်လီနောက ကြေညာလိုက်သည်။

ယခုသီတင်းပတ်အတွင်း တယ်လီနောမြန်မာမှ စီအီးအို ပီတာ ဘော်ရီ ဖာဘာ့ဂ်က ပြုလုပ်ခဲ့သော ရှင်းလင်းပွဲတွင် ၎င်းတို့၏ ကွန်ယက်မှာ ယခုအချိန်၌ မြန်မာနိုင်ငံလူဦရေး၏ ၅၀ ရာခိုင်နှုန်းကို ဖြန့်ကျက်ထားနိုင်ပြီး သုံးစွဲသူများ၏ ၅၈ ရာခိုင်နှုန်းက မိုဘိုင်းဒေတာဖြင့် အင်တာနက် အသုံးပြုကြသည်ဟု ပြောကြားခဲ့သည်။

တယ်လီနော၏ ရည်မှန်းချက်မှာ ၅ နှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို ကွန်ယက်ဖြန့်ကျက်နိုင်ရေး ဖြစ်သည်။ ဖာဘာ့ဂ်ကမူ မိမိတို့မှာ ကျေးလက်ဒေသများနှင့် တိုင်းရင်းသားဒေသများကို ပိုမိုဖြန့်ကျက်သွားရန် စီစဉ်နေပြီး ထိုနည်းတူစွာ ဒေသခံ
ဘာသာစကားများ ပါဝင်ရေးကို တိုးမြှင့်သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ယခုနှစ် နှစ်ဝက်မှစ၍ ငွေလွှဲပြောင်းရေး ၀န်ဆောင်မှုကိုလည်း စတင်ရန် တယ်လီနောက ရည်ရွယ်ထားသည်။

အခြား မိုဘိုင်းအော်ပရေတာတစ်ခုဖြစ်သည့် အော်ရီဒူးက ပြီးခဲ့သည့် မတ်လတွင် သတင်းထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ၌ ၎င်းတို့၏ ကွန်ယက်ကို အသုံးပြုသူမှာ ၃.၃ သန်းရှိနေပြီဟု ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်က တယ်လီနောနှင့် အော်ရီဒူးတို့ စတင်ဆောင်ရွက်ခြင်းမပြုမီ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း ထိုးဖောက်မှုပမာဏမှာ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ယခုအချိန်တွင် ၄၂ ရာခိုင်နှုန်းရှိနေပြီဟု ဖာဘာ့ဂ်က ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်မှာ ၎င်းတို့ ကုမ္ပဏီ ၂ ခု ၀င်လာပြီးနောက် ၂၀၁၄ခုနှစ် စက်တင်ဘာလတွင်ပင် ၁၀.၇ သန်း ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၁၂.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၁၉.၉ ရာခိုင်နှုန်းအထိ တက်လာခြင်းလည်းဖြစ်သည်။

နိုင်ငံတကာမှ လေ့လာသူများကမူ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူ ၁၄.၈ သန်း ရှိခဲ့ရာမှ အော်ပရေတာများ၏ ကွန်ယက်ချဲ့ထွင်မှုကြောင့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၃၈.၅ သန်း ရှိလာမည်ဟု ခန့်မှန်းထားသည်။

ဗီယက်နမ်အခြေစိုက် မိုဘိုင်းအော်ပရေတာကုမ္ပဏီတစ်ခုဖြစ်သော Viettel Global ကလည်း မြန်မာအစိုးရ ကျောထောက်နောက်ခံပြုထားသော အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ ရတနာပုံ တယ်လီပို့၊ MPT တို့နှင့် ပူးပေါင်း၍ တယ်လီဖုန်းအခြေခံအဆောက်အဦးများ တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

Ref: fiercewireless

Leave a Reply