6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၈၊ ၂၀၁၅
M-Media

malaysia

– မလေးရှားနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်နေသည့် ရှေ့နေ အဲရစ် ပေါလ်ဆန်က ပင်လယ်ထဲတွင် ဒုက္ခရောက်နေသည့် ရိုဟင်ဂျာများကို သွားရောက်ကူညီသူများအတွက် ဥပဒေရေးရာ လိုအပ်သည်များကို အခမဲ့ ကူညီပေးသွားမည်ဟု
ကြေညာလိုက်သည်။

၎င်း၏ Twitter စာမျက်နှာမှနေ၍ ယမန်နေ့က ယခုကဲ့သို ကြေညာလိုက်ခြင်းဖြစ်ပြီး ရိုဟင်ဂျာများကို ကူညီရန် မလေးရှား ပြည်သူများကိုလည်း တိုက်တွန်းသော မှတ်ချက်များကိုလည်း အမြောက်အများ ရေးသားခဲ့သည်။

“ပင်လယ်ပြင်မှာ ရိုဟင်ဂျာတွေကို အကူအညီသွားပေးတဲ့ အကူအညီပေးရေး ၀န်ထမ်းတွေ အာဏာပိုင်တွေနဲ့ ဘယ်လိုပြဿနာမျိုးဖြစ်ဖြစ် @lawyers4liberty (Twitter ရှိ ၎င်း၏အဖွဲ့အမည်) က ဥပဒေရေးရာ အပြည့်အ၀ ကိုယ်စားပြုပေးသွားပါမယ်”

“ဒါ့ကြောင့် အဲဒီက အကူအညီပေးရေး ၀န်ထမ်းတွေအနေနဲ့ ပင်လယ်ထဲ ရေမျောကမ်းတင်ဖြစ်နေတဲ့ ရိုဟင်ဂျာတွေကို အကောင်းဆုံး ကူညီပေးကြပါ။ ဂရုစိုက်ကြပါ။ ဒါပေမယ့် ကြောက်တော့ မကြောက်ပါနဲ့။ ခင်ဗျားတို့လုပ်ရပ်က မှန်ပါတယ်”

“ပင်လယ်ထဲမှာ သေမလိုဖြစ်နေတဲ့ ရိုဟင်ဂျာတွေကို ကူညီတာ ဒါမှမဟုတ် ကယ်ဆယ်တာဟာ ပြစ်မှုမဟုတ်ပါဘူး။ အဲဒီ အကူအညီပေးရေး ၀န်ထမ်းတွေကို အာဏာပိုင်တွေက ဆန့်ကျင်မယ်ဆိုရင် ဒါဟာ တော်တော်လေးကို ရူးနှမ်းမှုပဲ ဖြစ်ပါလိမ့်မယ်” ဟု ပေါလ်ဆန်က ရေးသားခဲ့သည်။

ပေါလ်ဆန်မှာ ရိုဟင်ဂျာများအား ကူညီရန် မလေးရှားအစိုးရ၏ တွန့်ဆုတ်နေမှုကို ရှုတ်ချ၍ ဒုက္ခသည်များအရေးကို ပွင့်ပွင့်လင်းလင်းပြောကြားသည့် တက်ကြွလှုပ်ရှားသူများထဲမှ တစ်ဦးလည်းဖြစ်သည်။ Liberty မှာ ၎င်း အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည်။

ထို့ပြင် ရိုဟင်ဂျာများကို စာနာသနားမိသည်ဟုလည်း ပြောကြားခဲ့ပြီး ၎င်းတို့မှာ ကျဉ်းထဲကျပ်ထဲ ရောက်နေကြသည်ဟုလည်း ဆိုကာ မန်မာအစိုးရကိုလည်း ဝေဖန်ခဲ့သည်။

“ရိုဟင်ဂျာများအတွက် မဖြစ်နိုင်စရာအခြေအနေများ – နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက သူတို့ကိုမထောက်ခံကြဘူး။ (မြန်မာ) အစိုးရကလည်း “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကိုတောင် အသိအမှတ်မပြုဘူး”

ရိုဟင်ဂျာများကို ကယ်တင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှ ပြည်သူများကိုလည်း ချီးကျူးကျေးဇူးတင်ကြောင်း ပေါလ်ဆန်က မလေးဘာသာစကားဖြင့် ရေးသားခဲ့ပြီး ဒုက္ခသည်များမှာ နိုင်ငံတကာ၏ ကာကွယ်မှုကို ရပိုင်ခွင့်ရှိနေကာ အဆိုပါ ၀န်ထုတ်ဝန်ပိုးကို မျှဝေယူရမည်ဟု ဆိုသည်။

ဆိုရှယ်မီဒီယာတွင် မှတ်ချက် အများအပြားရေးသားလေ့ရှိသည့် ပေါလ်ဆန်မှာ ယခုနှစ်အတွင်း နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ရဲတပ်ဖွဲ့နှင့် ၂ ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရသည်။

Ref: Freemalaysiatoday

Leave a Reply