6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၉၊ ၂၀၁၅
M-Media

fifa

– ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်ခင် ကာတာရှိ နိုင်ငံခြားအလုပ်သမားများ၏ အခြေအနေကိုသတင်းဖော်ပြရန် သွားရောက်ခဲ့သော BBC ဂျာနယ်လစ်များကို ကာတာက ဖမ်းဆီးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက
ပြောကြားလိုက်သည်။

ဂျာနယ်လစ်နှင့် ၀န်ထမ်းစုစုပေါင်း ၄ ဦးကို ကာတာ လုံခြုံရေးတပ်ဖွဲ့များက လွန်ခဲ့သည့် ၂ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အကျဉ်းထောင်၌ ထိမ်းသိမ်းထားသည်။

အဆိုပါ လေးဦးအဖွဲ့မှာ ဘောလုံးကွင်းများကို ဆောက်လုပ်နေသော ဆောက်လုပ်ရေးလုပ်သားများ နေထိုင်ရန် ဆောက်လုပ်ထားသော အဆောက်အဦးများကို လှည့်လည်ကြည့်ရှုရန်အတွက် ကာတာဝန်ကြီးချုပ်ရုံး၏ ဖိတ်ကြားမှုဖြင့် ရောက်ရှိလာသည့် အဖွဲ့ဖြစ်သည်။

သို့သော်လည်း ကာတာအစိုးရက ၎င်းတို့အား ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဖီဖာကမူ ထိုဖမ်းဆီးမှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

“စာနယ်ဇင်းလွတ်လပ်ခွင့်ကို သိသိသာသာကန့်သတ်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ဘယ်လို အဖြစ်အပျက်မျိုးမဆို ဖီဖာကို စိုးရိမ်သောက ရောက်စေပြီး ထိုက်တန်သလောက် စုံစမ်းစစ်ဆေးမှုကို သေသေချာချာပြုလုပ်သွားပါမယ်” ဟု ယမန်နေ့က ထုတ်ပြန်သော ဖီဖာ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဘီဘီစီ၏ အရှေ့အလယ်ပိုင်း သတင်းထောက်ဖြစ်ပြီး ဖမ်းဆီးခံရသူ လေးယောက်ထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သူ မာ့က်လိုဘဲလ်က “ကျွန်တော်တို့ စရောက်တည်းက သူတို့ဟာ ကျွန်တော့်ရဲ့ လှုပ်ရှားမှုတိုင်းကို အသေအချာ ဓာတ်ပုံ လိုက်ရိုက်ခဲ့ပါတယ်” ဟု Today အစီအစဉ်သို့ ပြောကြားခဲ့သည်။

“ဒီကိစ္စရဲ့ စိုးရိမ်စရာကောင်းတဲ့လက္ခဏာက ဒီပြဿနာနဲ့ပတ်သက်တဲ့ မီဒီယာတွေပေါ်ကို နှိမ်နင်းမှု ဖြစ်လာနိုင်တယ်ဆိုတာမျိုးဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အစိုးရရဲ့ အခြားအစိတ်အပိုင်းကနေ သူတို့ရဲ့ ပုံရိပ်ကို ပြောင်းဖို့ ကြိုးစားနေမှာပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားကျင်းပရေး အဆောက်အဦးများ ဆောက်လုပ်မှုအတွင်း လုပ်ကိုင်နေရသည့် အလုပ်သမားများမှာ လစာ တစ်လလျှင် ကန်ဒေါ်လာ ၃၀၀ ခန့်ရမည်ဟု ကတိပေးထားသော်လည်း လက်တွေ့တွင် တစ်ဝက်လောက်သာ ရရှိသည်ဟု လိုဘဲလ်က ပေးပို့သော သတင်းတွင် ဖော်ပြထားသည်။

ကာတာမှာ ကမ္ဘာ့ဖလားအတွက် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံခြားအလုပ်သမားများကို ဆက်ဆံမှုနှင့်ပတ်သက်၍ ဝေဖန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ခံနေရသည်။

Ref: Goal

Tags:

Leave a Reply