မေ ၁၉၊ ၂၀၁၅
M-Media

ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang တွေ့နေပြည်တော်၌ မေလ ၁၉ ရက်နေ့က တွေ့ဆုံစဉ် (ဓါတ်ပုံ- Senior General Min Aung Hlaing FB)
– တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့တစ်မြို့သို့ ပြီးခဲ့သည့် တစ်ပတ်က လက်နက်ကြီးကျည်ဆံ ကျရောက်မှု အတွက် မြန်မာ စစ်တပ် အကြီးအကဲက ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ကို အပြစ်တင်ခဲ့ပြီး တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေး ပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေး၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအနီးရှိ ယူနန်ပြည်နယ်အတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်ကြီး
ကျည်ဆံများမှာ အစိုးရတပ်များမှ မဟုတ်ဘဲ သူပုန်များဘက်မှ ဖြစ်သည်ဟုဆိုသည်။
တရုတ်နိုင်ငံမှာ ၎င်းတို့၏ ပိုင်နက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုများ၊ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကျလာသောကျည်များနှင့် ပတ်သက်၍ ပြီးခဲ့သည့်သောကြာနေ့တွင် မြန်မာနိုင်ငံအား မေးခွန်းထုတ်ခဲ့သည်။ တရုတ် င်ငံခြား ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang ကမူ တိုက်ပွဲဖြစ်ရာဒေသ တည်ငြိမ်အေးချမ်းရေး ပြန်လည်ထိန်းသိမ်းရန် တတ်နိုင်သမျှ မြန်မြန်ဆောင်ရွက်ရန် မြန်မာအစိုးရအား တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံအတွင်း ထိုကဲ့သို့ ကျည်ကျရောက်မှုမှာ မတ်အတွင်းကလည်း ဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်အတွက် မြန်မာ အစိုးရက ပြန်လည်တောင်းပန်ခဲ့ကာ တာဝန်ရှိသူများအား အပြစ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
Ref: Foxnews
Comments