6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၅၊ ၂၀၁၅
M-Media

– ဂါဇာနှင့် အီဂျစ်အကြားရှိ ရာဖာနယ်ခြားကို တစ်လမ်းသွားအတွက် အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အထိ ဖွင့်လှစ်ပေးသွားမည်ဟု အီဂျစ်အာဏာပိုင်များက ပြောဆိုလိုက်သည်ဟု အီဂျစ်နိုင်ငံပိုင် မီဒီယာမှ ဖော်ပြသည်ကြောင်း Awsat Masriya သတင်းဝဘ်ဆိုက်တွင် ရေးသားထားသည်။

အစ္စရေးက ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် ဂါဇာကမ်းမြှောင်အတွက် အဆိုပါ ရာဖာနယ်ခြားမှာ ဂါဇာပြည်သူများ ပြင်ပကမ္ဘာနှင့်ဆက်သွယ်ရန် တစ်ခုတည်းသော ထွက်ပေါက်ဝင်ပေါက်ဖြစ် ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ကာ ကြားတွင် ရက်အနည်းငယ်သာ ဖွင့်ပေးခဲ့သည်။

အီဂျစ်ရှိ ပါလက်စတိုင်းသံရုံကမူ နယ်ခြားအား ဖွင့်ပေးရန် အဆိုပါဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းနှင့် အီဂျစ်အာဏာပိုင်များ ထိပ်တန်းဆက်သွယ်မှုပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဂါဇာပြည်သူများ၏ ထိခိုက်ခံစားရမှုများ လျော့ပါးစေရန် ထိုကဲ့သို့ နယ်ခြားအား ဖွင့်ပေးခြင်းအတွက် အီဂျစ်အာဏာပိုင်များကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

ဂါဇာစီးပွားရေးမှာ ပြိုလဲလုနီးနီးဖြစ်နေပြီဟု ကမ္ဘာ့ဘဏ်က ကြေညာပြီး သိပ်မကြာခင်မှာပင် အီဂျစ်က အဆိုပါ ရာဖာနယ်ခြားအား ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ဂါဇာကမ်းမြှောင်မှာ ကမ္ဘာပေါ်ရှိ အခြားသောနိုင်ငံများမှ ပို၍ ဆိုးရွားသော ဒေသဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။

“အစ္စရေးက ပိတ်ဆို့ထားတာတွေ၊ စစ်ပွဲနဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးတွေက ဂါဇာစီးပွားရေးကို မရှုနိုင်မကယ်နိုင်ဖြစ်စေပြီး အလုပ်လက်မဲ့နှုန်းကလည်း ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၀၇ ခုနှစ်မှစ၍ အစ္စရေးပိတ်ဆို့မှုအပါအ၀င်၊ ပဋိပက္ခများ၊ ကန့်သတ်မှုများ မရှိပါဘက ဂါဇာ၏ GDP မှာ လက်ရှိအနေအထားထက် ၄ ဆ ပိုမိုမြင့်မားနေမည်ဟုလည်း ကမ္ဘာ့ဘဏ်က ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဟားမက်စ်မှ ဒုံးကျည်ပစ်လွှတ်သည်ကို တုံ့ပြန်သည်ဟုဆိုကာ အစ္စရေး၏ ရက် ၅၀ ကြာ တိုက်ခိုက်မှုအတွင်း ဂါဇာပြည် ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး အိမ်ယာများ၊ ဆေးရုံများ၊ ကျောင်းများ အများအပြား ပျက်ဆီးခဲ့ရသည်။

Ref: Alarabiya

Leave a Reply