6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၅ ၊ ၂၀၁၅
M-Media
နှင်းဆီခင်ရေးသည်။
main-qimg-75d1a0bc54ddc9943d6883a518aa8bae
ထီးတည်းနေလို့မရတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သွေးချင်းသားချင်းတွေ၊ မိသားစုဝင်တွေ ပြီးတော့ သူစိမ်းတွေနှင့် ရောနှောဆက်ဆံနေကြရတာ သဘာဝပါ။ ဒီတော့လည်း ခင်မင်ရင်းနှီးမှု အတိုင်းအတာ ကိုယ့်ဆွေမျိုး၊ ကိုယ့်မိသားစုဝင်တွေ ထက် တစ်ဆင့် နိမ့်သည်ပဲထား၊ မိတ်ဆွေအပေါင်းအသင်းတွေ အပေါ် ထားရှိတဲ့ သံယောဇဉ်အထုက မနည်းမနော ခိုင်မာလာတတ်ပါတယ်။ ရင်းနှီးမှုအတိုင်းအတာ အရ ပျော်လည်းအတူ ဝမ်းနည်းလည်းအတူ မျှဝေခံစားဖြစ်ကြတယ်။ ဒါဟာလည်း မိတ်ဆွေကောင်းတို့ရဲ့ အရည်အသွေးတွေထဲက တစ်ခုလို့ ဆိုနိုင်တယ်။ တကယ်တော့ တစ်ယောက်နှင့် တစ်ယောက် ရင်ဖွင့်ပြောကြပြီဆိုတဲ့အခါ ရင်ထဲက အပျော်လေးတွေ စီးဝင်လာတတ်သလို သူရဲ့သောက ဒုက္ခတွေကြောင့်လည်း ကိုယ်ပါ ဝမ်းနည်းမဆုံးဖြစ်ရတာမျိုးလည်းရှိတယ်။ လောကသဘာဝအရ ပျော်စရာလေးတွေ၊ ဝမ်းနည်းပူဆွေးမှုတွေဟာ ကူးစက်တတ်တဲ့သဘောရှိကြတာကိုး။

ကောင်းပြီ။ ကိုယ်နှင့် ဆယ်နွယ်နေသောသူတစ်ဦးဦး (ဒါမှမဟုတ်) အများမှာ အောင်မြင်သူတွေ အဆင်ပြေမှုတွေ ရလာတာကို ကိုယ်ပါရောပြီး ဝမ်းသာပေးနိုင်ပါ့မလား။ မနာလိုဝန်တိုစိတ်ကြီးက ကိုယ့်ရဲ့အပျော်လေးတွေကို ဖျက်ဆီးဟန့်တားနေဦးမှာလား။ ဒီအတွေးတွေကတော့ သူများမသိဘူး။ ကာယကံရှင်သာ အသိဆုံးလေ။ တကယ့်စိတ်ရင်းစေတနာမှန်နှင့် ခင်မင်မိသူဆိုရင်တော့ သူနှင့်အတူ အားပါးတရ ပျော်ရွှင်ကြည်နူးပေးနိုင်မှာသေချာတယ်။ ရှိသေးတယ်။ လူဆိုတာ အမြဲတမ်း အောင်မြင်ပြီး ပျော်ရွှင်နေကြတာမှ မဟုတ်တာပဲ။ ဝမ်းနည်းပူဆွေးရတဲ့သောက ဒုက္ခဆိုတာကို ရင်ဆီးခံကြရသည်ပဲပေါ့။ ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်ရင်းနှီးသူများမှာ ကိုယ့်အိမ်နီးချင်းမှာ စသည်ဖြင့် သောကပွေကြ ရတာတွေ မကြာခဏကြုံကြရမှာပါ။ အထူးသဖြင့်တော့ နိစ္စဒူဝ လှုပ်ရှားလုပ်ကိုင်နေရတဲ့ ကံကြမ္မာဆိုးတဲ့ကြုံကြိုက်ခဲ့ရတာမျိုး။ ဒါကတော့ သူရောကိုယ်ပါဘဝမှာ ကြုံတွေ့နိုင်ဖို့ကတော့ ရာနှုန်းပြည့်ပဲလေ။

သောက ဒုက္ခတွေ ခံစားရတဲ့ထဲမှာ တစ်သက်တာခွဲခွာရခြင်းကတော့ အဆိုးဝါးဆုံးပါပဲလို့ ဆိုရမှာဖြစ်သလို အဲဒီလိုသောက ပရိဒေဝမျိုး ခံစားလာရတဲ့အခါ အကောင်းဆုံးသောနည်းလမ်းတွေနှင့် အားပေးနှစ်သိမ့်ကြရစမြဲ။ ရုပ်ဝတ္တုပစ္စည်း အထာက်အပံ့ဆိုတာ မရှိမဟုတ်ရှိပေမယ့် စိတ်ဓာတ်ရေးရာ အားပေးနှစ်သိမ့်မှုကလည်း အရေးပါအရာရောက်လှပါတယ်။ ဆိုပါစို့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးရဲ့ မိသားစုကွယ်လွန်သွား တာမျိုးကား လေယာဉ် ရေယာဉ် စတာတွေမှာ မတော်တဆ ထိခိုက်မှုကြောင့် ရုတ်တရက်ကြီး ဆုံးရှုံးသွားတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရောဂါဝေဒနာကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ်အရပဲဆိုဆို အသက်ဆုံးရှုံးသွားကြတယ်။ အဲဒီအခါ ကာယကံရှင်ရဲ့ လူမျိုး၊ မျိုးနွယ်စုနှင့်ဆိုင်တဲ့ ဓလေ့ထုံးစံတွေအရ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်ကို ဖော်ဆောင် ကျင်းပကြတယ်။

ဥပမာ အနေနှင့် အာရှတိုက်သားအနွယ်ဝင် မလေးလူမျိုးတွေရဲ့ ဓလေ့ထုံးစံအရကတော့ ကွယ်လွန်သေဆုံးခြင်းဆိုတာ ဘုရားသခင်ရဲ့ အလိုတော့အရကြောင့်သာပဲဆိုတဲ့ အသိစိတ်ကို တဖွဖွဆိုရင်း ကျန်ရစ်သူမိသားစုတွေကို နှစ်သိမ့် စကားပြောဆိုလေ့ရှိကြတယ်။

ရိုးရာ တရုတ်လူမျိုးတွေကတော့ သေဆုံးခြင်းဆိုတာဟာ ကျိန်စာသင့်ခြင်းစတဲ့ မကောင်းမြင်စကားလုံးမျိုး သုံးစွဲတာကို လုံးဝ ရှောင်ရှားလေ့ရှိတယ်။ သွေးသား လုံးဝမတော်စပ်ဘဲနှင့် ဝမ်းနည်းစကားဆိုတာမျိုးကို အစစ်အမှန် မဟုတ်ဘဲ အယောင်ဆောင်တာလို့ ယူဆတယ်။ ကျန်ရစ်သူ မိသားစုအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေတာလို့လည်း ယူဆပြန်တယ်။

ဟိန္ဒူ လူမျိုးတွေကျပြန်တော့ သေဆုံးခြင်းဆိုတာ သံသရာတစ်လျှောက်ကူးပြောင်းမှု တစ်ခုလို့ ယူဆထားတာမို့ (၁၁) ရက်ကြာအောင် ပူဆွေးဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပရင်း သံသရာမှာ ကူးပြောင်းနိုင်ဖို့ ခရီးလမ်းဆောင်ကျဉ်းပေးလေ့ရှိတယ်။

လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးရဲ့ ပူးဆွေးဝမ်းနည်းခြင်းဟာ တခြားကျန်တဲ့သူကို ကူးစက် သွားတာတော့ အမှန်ပဲ။ ဒီတော့ အဲဒီကာယကံရှင်ရဲ့သောကကို လုံးဝ မဟုတ်သည့်တိုင် တစ်စိတ်တစ်ဒေသလျော့ပါး သွားအောင် သင့်လျော်တဲ့ဂရုစိုက်မှုနှင့် အားပေးနှစ်သိမ့်မှုတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ လိုပြီပေါ့။

ဒီတော့ ဘာလုပ်သင့်သလဲ။ ဦးဆုံးအနေနှင့်ကတော့ သောကဝေနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို သူရဲ့ခံစားနေရသမျှ ဝမ်းနည်းပူဆွေးမှုကို နားလည် လက်ခံပေးပါတယ်ဆိုတာ သူသိအောင်လုပ်ရပါလိမ့်မယ်။ အဲဒီအတွက် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ခံစားနေရတာကို သူသိအောင် ကိုယ်အမူအရာ၊ နှုတ် အမူအရာနှင့် ဖော်ပြရမှာပါ။ အချင်းချင်းစာနာ ကူညီစိတ်ကြောင့် တတ်စွမ်းသရွေ့ အထောက်အပံ့တွေပေးဖို့ ကြိုးစားရမယ်။ (တစ်ချို့ကတော့ လက်ခံဖို့ ငြင်းတယ်) သူခံစားရသမျှ အတွေ့အကြုံတွေကို အားပါးတရ ဖွင့်ပြောပါစေ။ အဲဒါကိုလည်း စိတ်ရှည်ရှည်ထားပြီး နားထောင်ပေးသင့်တယ်။ ခံစားရတဲ့ ကာယကံရှင်အနေနှင့် ထပ်ပြန်တလဲလဲ ပြောလာပါစေ။ မညည်းမညူပဲ နားထောင်ပေးတာဟာ သူ့ရင်ထဲကသောကကို လျော့ပါးစေနိုင်တာကတော့ အမှန်ပါပဲ။ တကယ်လို့ သူကဘာမှပြောပြချင်စိတ်မရှိဘဲ ဆိတ်ဆိတ်နေနေရင်လည်း ဘာမှမမေးမြန်းပဲ အလိုက်သင့်နေပေးသင့်တယ်။ နောက်ပြီး သူရဲ့လူမှုရေးရာ တာဝန်ဝတ္တရားတွေ (ဈေးဝယ်တာကအစ) ကို တစ်နိုင်တစ်ပိုင် ဝိုင်းကူပေးတာဟာ ထိရောက်တဲ့ ကူညီမှု ဆိုတာ မမေ့သင့်ဘူး။

တစ်ခါတစ်ရံမှာတော့ ပူဆွေးနေသူကို စကားတွေ အများကြီးပြောပြီး နှစ်သိမ့်ပေးနေတာ ထက် သူ့အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် ကလေးနေပြီး သူပြောသမျှ စိတ်ရှည်ရှည်နှင့် နားထောင်ပေးတာက သူ့ကိုစကားလုံးရာထောင်ချီပြီး အားပေးစကားပြောနေတာထက်ပိုပြီး ထိရောက်မှုရှိပါတယ်။ ရှိုက်ကြီးတငင် ငိုကြွေးနေသူကို “မငိုနဲ့နော်” လို့တိုက်တွန်းတာထက် သူ့အားအောင် ငိုစေတာဟာ ရင်ထဲကသောက အထုကို လျော့ပါးသွားစေတတ်ပါတယ်။ ပူဆွေးသောကဖြေပျောက်စေဖို့ ဆေးမြီးတို မရှိပါဘူး။ အချိန်ကာလက ကုစားသွားပါလိမ့်မယ်။ ကိုယ့်အကျိုး၊ မိသားစုအကျိုးနှင့် ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် လူသားအကျိုးပြုလုပ်ငန်းတွေမှာ တတ်စွမ်းသလောက် ဆောင်ရွက်ရင် အာရုံနှစ်ထားနိုင်ခဲ့ရင်ပေါ့။ မဝေးလှတဲ့ အချိန်ကာလတစ်ခုမှာ စိတ်တည်ငြိမ်အေးချမ်းပြီး နေသား ကျသွားပါလိမ့်မယ်ဆိုတဲ့အကြောင်း။

နှင်းဆီခင်

Tags:

Leave a Reply