6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁ ၊ ၂၀၁၅
M-Media
destination-singapore-background-super.png
– စင်ကာပူ။ အလျား ၅၀ ကီလိုမီတာ၊ အနံ ၂၆ ကီလိုမီတာ သာရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် စင်ကာပူဟာ ပိုကြီးတယ်လို့ထင်ရအောင် အမြဲတမ်း စီစဉ်မွမ်းမံနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အရာရာတိုင်းကို ကြီးကျယ်အောင်လုပ်ဖို့အတွက် ကျွမ်းကျင်လိမ္မာမှုတွေ ရှိနေတဲ့အတွက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သန့်ရှင်းပြီး စိမ်းလန်းတဲ့ စင်ကာပူနိုင်ငံမှာ အခြားသောနေရာတွေထက် ပိုပြီးသာလွန်ကောင်းမွန်တဲ့ အချက် ၁၀ ချက်ကို ဖော်ပြလိုက်ပါတယ်။

150508160519-10-things-singapore-does-best-01-exlarge-169
၁။ တစ်ဦးတစ်ယောက်ချင်းစီ၏ အသားတင်ကြွယ်ဝမှု (HNWIs)
————————————————
စင်ကာပူဟာ နိုင်ငံလူဦးရေနဲ့ ချမ်းသာကြွယ်ဝသူ အချိုးချကြည့်ရင် အာရှမှာ မီလျံနာအများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်ပါတယ်။
.
စင်ကာပူက အိမ်ထောင်စု ၁၀ စုက တစ်စုမှာ မီလျံနာတစ်ယောက် ရှိနတယ်လို့ ဘော်စတွန်အကြံပေးဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
.
ပြီးတော့ စင်ကာပူက လူတစ်ဦးချင်းစီရဲ့ ဂျီဒီပီဟာလည်း ကမ္ဘာ့အမြင့်ဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၆၁၅၅၇ ဒေါ်လာ ရှိပါတယ်။
.
အခွန်နည်းခြင်း (အမြင့်ဆုံးအခွန်မှာ တစ်နှစ် စင်ကာပူဒေါ်လာ ၃၂၀၀၀၀နှင့်အထက် ၀င်သူများအတွက် ၂၀ ရာခိုင်နှုန်းဖြစ်သည်) ကလည်း ချမ်းသာရုံမျှ ရှိသူတွေ၊ တကယ့်လူချမ်းသာတွေအတွက် တော်တော်လေး စိတ်ဝင်စားစရာပါပဲ။
.
အဲဒီလိုပဲ ရာဇ၀တ်မှုနှုန်းနည်းသလို၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိတာကလည်း သူတို့တွေရဲ့ အကြိုက်ပါ။
.
အဲဒီအထဲကမှ ထိပ်ဆုံးတစ်ခုကတော့ နိုင်ငံတကာက လူချမ်းသာတွေ သူတို့ရဲ့ ငွေသားတွေကိုထားဖို့ စင်ကာပူကို လုံခြုံတဲ့နေရာတစ်ခုအဖြစ် ရှုမြင်ကြတာပါပဲ။
.
ဒါ့ကြောင့် Facebook ကို ပူးတွဲတည်ထောင်တဲ့ အက်ဒူအာဒို ဆာဗရင် အပါအ၀င် အချို့သော လူချမ်းသာတွေနဲ့ ထားစရာမရှိအောင် ကြွယ်ဝတဲ့သူတွေဟာ သူတို့ရဲ့ အမေရိကန်နိုင်ငံသားဖြစ်မှုကို စွန့်ပြီး စင်ကာပူနိုင်ငံသားအဖြစ် နေထိုင်ခွင့်ရဖို့ ဆွဲဆောင်ခံရတာ သိပ်မထူးဆန်းတော့ပါဘူး။
150508160703-10-things-singapore-does-best-02-1-exlarge-169
၂။ ဟိတ်နဲ့ ဟန်နှင့် ကားပါကင်
———————————

ဒီလိုချမ်းသာကြွယ်ဝမှုနဲ့အတူ သင့်ရဲ့ တန်ဖိုးကြီးကားတွေ သိမ်းဆည်းဖို့အတွက် အဆင့်မြင့်ပုံစံကိုရော မျှော်လင့်ထားပါသလား?
.
Hamilton Scotts လို အိမ်ရာမျိုးမှာ နေထိုင်သူတွေဟာ သူတို့ရဲ့ အဖိုးတန်ကားတွေကို ဓာတ်လှေကားထဲ မောင်းဝင်ပြီး နေထိုင်တဲ့ ကွန်ဒိုတိုက်ခန်းထဲမှာ တိုက်ရိုက် သိမ်းထားနိုင်ပါတယ်။
.
ကားတွေဟာ အိမ်တွင်း ရုပ်ရှင်ရုံ ဒါမှမဟုတ် အနုပညာခန်းလိုမျိုး အိမ်ရဲ့ တကယ်နေရာတွေမှာ နေရာယူထားကြပါတယ်။
.
အဲဒီကားပိုင်ရှင်တွေက ပိုင်ဆိုင်မှုလက်မှတ်နဲ့ အခွန်အတွက် အခုလက်ရှိပေါက်ဈေး စင်ကာပူဒေါ်လာ ၈၄၀၀၀ လောက်ပေးရပြီး ဒီပမာဏဟာ ကားတန်ဖိုးအပြင် ထပ်ဆောင်းပေးရတာကြောင့် သူတို့ရဲ့ကားတွေကို ဟိတ်ဟန်ထုတ် ကြွားချင်ကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

150508151251-10-things-singapore-does-best-02-exlarge-169

အဲဒီကားပိုင်ရှင်တွေက ပိုင်ဆိုင်မှုလက်မှတ်နဲ့ အခွန်အတွက် အခုလက်ရှိပေါက်ဈေး စင်ကာပူဒေါ်လာ ၈၄၀၀၀ လောက်ပေးရပြီး ဒီပမာဏဟာ ကားတန်ဖိုးအပြင် ထပ်ဆောင်းပေးရတာကြောင့် သူတို့ရဲ့ကားတွေကို ဟိတ်ဟန်ထုတ် ကြွားချင်ကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

150508132013-singapore-chingay-exlarge-169
၃။ ပွဲတော်များ
————–
စင်ကာပူက ဆိုင်းဘုတ်တွေကို တရုတ်၊ အင်္ဂလိပ်၊ မလေး၊ တမီလ် စတဲ့ တရားဝင် ဘာသာစကား ၄ မျိုးနဲ့ ရေးသားထားပြီး ဒါဟာ နိုင်ငံအတွင်းမှာ လူမျိုးပေါင်းစုံရှိတယ်ဆိုတဲ့ ပြယုဂ်ပါပဲ။
.
တရုတ်၊ မလေး၊ အိန္ဒိယနဲ့ ကော့ကေးရှပ်လူမျိုးတွေ လွှမ်းမိုးမှုနဲ့အတူ စင်ကာပူက ဘာသာတရားတွေမှာလည်း ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဟိန္ဒို၊ ဆစ်ခ်နဲ့ ခရစ်ယာန်ဘာသာတို့ ပါဝင်ကြပါတယ်။
.
ဒါက ယဉ်ကျေးမှုများစွာ၊ ဘာသာရေး ပွဲတော်များစွာနဲ့ နှစ်စဉ် ရုံးပိတ်ရက်များစွာကို ထပ်လောင်းဖြစ်စေပြန်ပါတယ်။
.
တရုတ်နှစ်ကူးကို မီးအိမ်တွေ၊ ခြင်္သေ့အကတွေ၊ ငွေသားတွေအပြည့် အနီရောင် အန်ပေါင်းစာအိတ်တွေနဲ့အတူ  ကျွန်းလုံးကျွတ် ဆင်နွှဲကြပါတယ်။
.
မေလမှာဆိုရင် ဗုဒ္ဓရဲ့ မွေးနေ့ဖြစ်တဲ့ Vesak နေ့ကို စင်ကာပူရဲ့ သက်တမ်းအရင့်ဆုံး ဘုရားကျောင်း Lian Sham Shuang Lin အပါအ၀င် ဘုရားကျောင်းကန်တွေမှာ ပန်း၊ ဆီမီးတွေကပ်ပြီး ကျင်းပကြပါတယ်။
.
သီတင်းပတ်အနည်းငယ်ကြာရင်တော့ ဟာရီရာယာ ဘွာဆာ (အီဒွလ်ဖိသိရ် ပွဲတော်) ကို ရမ်ဇာန်ဥပုလ် အကုန်မှာ ကျင်းပကြပြီး မွတ်စလင် အများစုရှိရာ ဂေလန်းနဲ့ ကမ်ပုမ် ဂလမ်ဒေသက လမ်းတွေမှာ အရောင်အသွေးစုံတဲ့ ဈေးတန်းတွေနဲ့ ပြည့်နေပါတယ်။
.
အောက်တိုဘာ ဒါမှမဟုတ် နိုဝင်ဘာလမှာကျရောက်တတ်တဲ့ ဒေပါဝါလီပွဲတော်အတွင်းမှာ အသွေးအရောင်စုံတဲ့ အခင်းအကျင်းတွေ၊ ဈေးတန်းတွေကိုလည်း Little India မှာ တွေ့ရပါတယ်။
.
အများပြည်သူရုံးပိတ်ရက် မဟုတ်ပေမယ့် ဟိန္ဒူတွေရဲ့ Thaipusam ပွဲတော်ကိုလည်း ကျင်းပကြပြီး Hungary Ghost နဲ့ ဆောင်းဦးရာသီ အလယ်မှာ ပြုလုပ်လေ့ရှိတဲ့ ပွဲတော်တွေကိုလည်း တရုတ်လူမျိုးတွေက ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲကြပါတယ်။
.
ခရစ်ယာန်တွေရဲ့ ပွဲတော်နေ့တွေကိုလည်း ကျင်းပကြပါတယ်။ စင်ကာပူနိုင်ငံသားတွေဟာ စားသောက်ပွဲနဲ့ ဈေးဝယ်လို့ကောင်းတဲ့ အခွင့်အလမ်းတွေကို နှစ်သက်ကြပါတယ်။
150508151712-10-things-singapore-does-best-04-exlarge-169
၎။ ကိုလိုနီခေတ် ဗိသုကာလက်ရာ
———————————–
ကိုလိုနီခေတ် ဗိသုကာလက်ရာ ခမ်းနားထည်ဝါမှုကို စင်ကာပူလို ထိန်းသိမ်းတတ်တဲ့ အခြားနေရာမျိုး မရှိပါဘူး။

စင်ကာပူကျွန်းလေးမှာ ၁၉ ရာစုနှစ်က ဗြိတိသျှတွေ တည်ဆောက်ခဲ့တဲ့ အထိမ်းအမှတ်ကျောက်တိုင်တွေ၊ အဆောက်အဦးတွေ၊ လက်ရန်းတွေ၊ ၀ရန်တာတွေဟာ မှိုလိုပေါက်နေပါတယ်။

ဒါပေမယ့် အခြားသော ကိုလိုနီဒေသတွေနဲ့မတူတာက ၁၉၇၁ ခုနှစ် အစိုးရက စတင်ပြီး အမွေအနှစ်တွေကို ကာကွယ်ခဲ့ကတည်းက အဲဒီ ဗိသုကာလက်ရာအားလုံးကို အပြည့်အ၀ ထိန်းသိမ်းထားနိုင်ခဲ့တာပါပဲ။

အဲဒီဗိသုကာလက်ရာတွေထဲက အများစုကိုတော့ ယနေ့ခေတ် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အသွင်သစ် ပြောင်းခဲ့ကြပါတယ်။

အဲဒီအထဲမှာ The Fulleton (ယခင် စာတိုက်ကြီးဖြစ်ပြီး ယခု ဟိုတယ်အဖြစ်သို့ ပြောင်းလဲထား)၊ ပါလီမန်အဟောင်း (ယခု အနုပညာစင်တာ)၊ စင်ကာပူ အနုပညာပြတိုက် (ယခင် စာသင်ကျောင်းဖြစ်ခဲ့) စတာတွေလည်း ပါဝင်ပါတယ်။

မကြာသေးခင်က ပြင်ဆင်ပြီးခဲ့တဲ့ ဗစ်တိုးရီးယား ကဇာတ်ရုံနဲ့ Concert Hall တွေကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တရာရုံးချုပ်ကြီးကိုတော့ လက်ရှိမှာ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေကာ ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ အမျိုးသားအနုပညာပြခန်းအဖြစ် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

အဲဒီအဆောက်အဦးတွေထဲက အကျော်ကြားဆုံးကတော့ မင်္ဂလာကိတ်မုန်ကြီးလို ဖြူဖြူဖွေးဖွေးနဲ့ ခန့်ညားတဲ့ Raffles ဟိုတယ်ပဲ ဖြစ်ပါတယ်။ အဲဒီအဆောက်အဦးကို အားမေးနီးယန်း ဆာကီ ညီအကိုနှစ်ဦးက ဗြိတိန်ကိုလိုနီခေတ်ရဲ့ ခမ်းနားကြီးကျယ်မှုကို အရှင်းလင်းဆုံးဖော်ပြဖို့အတွက် ဖန်တီးဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
150508162336-10-things-singapore-does-best-mbs-exlarge-169
၅။ ဆွဲဆောင်မှုအရှိဆုံး ဟိုတယ်ရေကူးကန်
——————————————-
သင်ဟာ ကမ္ဘာ့အံ့သြစရာအကောင်းဆုံး ရေကူးကန်ကို စင်ကာပူက Marina Bay Sands ဟိုတယ်ရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတာကို မြင်တွေ့နိုင်ပါလိမ့်မယ်။ အဲဒီရေကူးကန်ဟာ မိုးမျှော်အဆောက်အဦး ၃ ခုပေါ်မှာ သောင်တင်နေတဲ့ အာကာသယာဉ်ကြီး တစ်ခုနဲ့ တူနေပါတယ်။
.
အထပ်ပေါင်း ၅၇ ထပ်ရှိတဲ့ ဒီအဆောက်အဦး ၃ ခုပ်ါမှာ ရှိနေတဲ့ ဒီရေကူးကန်ကြီးဟာ ဒီလိုအမြင့်က ရေကူးကန်တွေထဲမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်ပါတယ်။
.
အဲဒီရေကူးကန်ဟာ ပေပေါင်း ၄၉၅ ပေ ရှည်လျားပြီး အိုလံပစ်ဆိုဒ်အရွယ်အစား ရေကူးကန်ရဲ့ ၃ ဆလောက်ရှိပါတယ်။
.
မရီနာဘေးမှာ လာတည်းတဲ့ဧည့်သည်တွေသာ ဒီရေကူးကန်ကို အသုံးပြုနိုင်မှာဖြစ်ပေမယ့် အပြင်လူတွေကတော့ လက်မှတ်ဝယ်ပြီး အဲဒီရေကူးကန်ကို လာကြည်လို့ရပါတယ်။ အဲဒီလိုပဲ ဟိုတယ်ရဲ့ မိုးမျှော်ပန်းခြံကနေ မြို့ရဲ့ ရှုခင်းကိုလည်း ကြည့်ရှုခံစားလို့ ရပါတယ်။
.
ဒီရေကူးကန်မှာ တကယ်ရေကူးတာက တော်တော်ရှားပါတယ်။
.
ဧည့်သည်အများစုက ရေစိမ်ရင်းနဲ့ selfie တွေရိုက်ကြတယ်။ အထူးသဖြင့် ညဘက်မှာဆိုရင် ကိုယ့်ကိုယ်ကို ဓာတ်ပုံတွေ ပြန်ရိုက်ကြတဲ့ တရုတ်လူမျိုးစုံတွဲတွေ ရေကန်ထဲမှာ အပြည့်ပါပဲ။
150508125910-singapor-lah-girl-ii-exlarge-169
၆။ အကောင်းဆုံး အာမေဋိတ်စကား ‘လား(lah)’
————————————————
“lah” ဆိုတဲ့ စကားလုံးကို စင်ကာပူက ပြောစကားတိုင်းရဲ့အဆုံးမှာ မကြာခဏဆိုသလို ထည့်ပြောနိုင်ပါတယ်။

ဒီစကားလုံးအတွက် တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိဘဲ စကားပေါ်လိုက်ပြီး အဓိပ္ပါယ်က ပြောင်းလဲပါတယ်။

lah ကို အချက်တစ်ခုကို အလေးအနက်ထားတဲ့အခါ ထည့်သုံးသလို ယဉ်ယဉ်ကျေးကျေး ခိုင်းစေတဲ့နေရာမှာလည်း သုံးပါတယ်။

နောက်ပြီး စကားကို တိုစေချင်တဲ့အခါမှာလည်း သုံးပါသေးတယ်  “Come on, don’t waste
anymore time!” (လာစမ်းပါ။ အချိန်ထပ်မဖြူန်းစမ်းပါနဲ့) ဆိုတဲ့စကားက lah ထည့်လိုက်တဲ့အခါ “Com on, lah” ဆိုပြီး ရိုးရိုးလေးပဲ ဖြစ်သွားပါတယ်။

အဲဒီစကားလုံးကို အင်္ဂလိပ်၊ တရုတ်ကန်တုန်စကား၊ တရုတ်ဟော့ကင်းစကား၊ မလေးနဲ့ တမီလ် စကားတို့ ပေါင်းထားပြီး၊ စင်ကာပူနိုင်ငံသားအများစု ပြောကြတဲ့ စင်္ဂလိပ် (Singlish) မှာ အများအားဖြင့် အသုံးပြုဆုံး စကားလုံးလည်း ဖြစ်ပါတယ်။

အချို့စင်ကာပူနိုင်ငံသားတွေကတော့ စင်္ဂလိပ်ကို ရှက်စရာကောင်းတဲ့ သဒ္ဒါပြစ်မှုကြီးလို့ မျက်မှောင်ကြုတ်ကြပေမယ့် အချို့တွေကတော့ ဒါဟာ လှပပြီး တိုင်းပြည်ရဲ့ ယဉ်ကျေးမှုပေါင်းစုံ ရောထွေးယှက်နွယ်မှုကို ထူးထူးခြားခြား ဖော်ပြနေတာလို့ ရှုမြင်ကြပါတယ်။

L.A ဆိုတဲ့စကာလုံးရှိပါတယ်။ ထာဝရရှင်သန်နေတဲ့ သီချင်းစာသားလည်း အခြားနေရာတွေမှာ ရှိပါတယ်။ လီဗာပူးလ်က ရော့ခ်တီးဝိုင်းလည်း အခြားနေရာမှာ ရှိပါတယ်။ ဒါပေမယ့် စင်ကာပူမှာသုံးတဲ့ lah ဆိုတဲ့ စကားလုံးမျိုးကတော့ ဘယ်မှာမှ မရှိပါဘူး။
150508150923-10-things-singapore-does-best-06-exlarge-169
၇။ ညဘက်ကျင်းပတဲ့ ဂရင်းပရီ
———————————
စင်ကာပူဟာ ကမ္ဘာကျော် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲကို ညဘက်မှာကျင်းပတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းတည်းသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးကလူတွေကိုလည်း ဒီပြိုင်ပွဲက ဖမ်းစားထားပုံ ရပါတယ်။

သီတင်းပတ်ပေါင်းများစွာ အသုံးအဆောင်ပစ္စည်းတွေကို တည်ဖြည်းဖြည်းရောင်းချပြီးတဲ့နောက် ဖော်မြူလာဝမ်းပြိုင်ပွဲကို ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်ပါတယ်။

နိုင်ငံတကာက ထိပ်တန်း ဂီတပညာရှင်တွေကလည်း ဖျော်ဖြေဖို့အတွက် စင်ကာပူကိုလာကြပြီး ဂရင်းပရီပြိုင်ပွဲကြီးကိုတော့ နောက်ဆုံးညမှာ မြို့လည်ကောင်ကို ဖြတ်သန်းသွားတဲ့ ပြိုင်ကားကွင်းမှာ ပြုလုပ်ပါတယ်။

ဒီရှုခင်းကို တီဗီပေါ်က ကြည့်ရင် ရင်သပ်ရှုမောစရာကောင်းသလို မြို့လည်ကောင် အဆောက်အဦးအပေါ်ထပ်တွေက ဘယ်ဘားတွေကနေကြည့်ကြည့် အဲဒီလိုပါပဲ။

150407121051-seetoh-street-food--bakwan-kepiting-exlarge-169

၈။ လမ်းဘေးအစားအစာ
————————–
စင်ကာပူနိုင်ငံမှာ နိုင်ငံတကာက နာမည်ကြီး စားဖိုမှူးတွေရှိတဲ့ စားသောက်ဆိုင်ဝေစုက ပိုများပြီး၊ နေရာတိုင်းမှာ ဈေးသက်သာတဲ့ အစားအသောက်တွေလည်း ရှိပါတယ်။

အခြားနေရာတွေမှာ လမ်းဘေးဈေးပွဲတော်ကြီးတွေ ရှိတယ်လို့ ပြောကြပေမယ့် စင်ကာပူမှာကတော့ ပိုပြီးစနစ်ကျတဲ့ ပုံစံမျိုးနဲ့ ရှိနေပါတယ်။

ဆိုလိုတာက တကယ်လို့များ အသင်းဟာ လမ်းဘေးအစားအစာကို ယုံကြည်မှုနည်းနည်း ရှိတယ်ဆိုရင် စင်ကာပူဟာ စမ်းကြည့်ရမယ့် နေရာပါပဲ။

လမ်းပေါ်က ခနော်ခနဲ့ဆိုင်တွေအစား လဟာပြင်ဈေးတန်းတစ်ခုရှိပြီး ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေက အဲဒီမှာ စုပြီး ရောင်းချကြပါတယ်။

150508152307-10-things-singapore-does-best-08-exlarge-169

ဆိုင်တစ်ဆိုင်ချင်းဆီကို သန်းရှင်းမှုအလိုက် နေရာချထားပေးပြီး အဲဒီမှာ နေရာတစ်နေရာရဖို့ ဈေးသည်တွေဟာ အနိမ့်ဆုံး သန့်ရှင်းမှုစံနှုန်းကို လိုက်နာရပါတယ်။

စောစောပိုင်းက သာမန်လူတန်းစားတွေအတွက်သာ ဒီဈေးတွေကို လုပ်ပေးတာဖြစ်ပေမယ့် အခုအချိန်မှာတော့ အဲဒီဈေးတန်းဟာ လူတန်းစားအသီးသီးကို ဆွဲဆောင်နိုင်နေပါပြီ။

ရိုးရိုးမီးလုံးတွေသာရှိပြီး လေအေးပေးစက်တွေ တပ်ဆင်ထားခြင်းမရှိပေမယ့် စင်ကာပူနိုင်ငံသားအများစုကတော့ ဂဏန်းအစပ်ဟင်း၊ ကြက်ဆီထမင်းတွေလို ဒေသတွင်း အထူးအစားအစာတွေကို စားသောက်ဖို့ အဲဒီဆိုင်တန်းတွေဆီ မကြာခဏ သွားတတ်ကြပါတယ်။

အထက်တန်းလွှာတွေက သူတို့ကိုယ်တိုင် မလာပေမယ့် ဒရိုင်ဘာတွေ၊ အိမ်အကူတွေကိုလွှတ်ပြီး ပါဆယ်ဆွဲကြပါတယ်။
150508152454-10-things-singapore-does-best-09-exlarge-169
၉။ လူလုပ်ပန်းခြံများ
———————
Gardens by the Bay လို့ခေါ်တဲ့ ခမ်းနားတဲ့ ပန်းခြံကြီးဖြစ်ပြီး အဲဒီပန်းခြံတွေကို လေးနှစ်လောက် အချိန်ယူဖန်တီးခဲ့ရကာ ကန်ဒေါ်လာ ၁ ဘီလီယံလောက် ကုန်ကျခဲ့ပါတယ်။

ဥယျာဉ်ခြံမြေအကြောင်း နားမလည်တဲ့သူတွေကိုတောင်မှ ဒီပန်းခြံတွေဟာ တော်တော်လေး ဆွဲဆောင်နိုင်ပါတယ်။

ဘာ့ကြောင့်လဲ? လို့ သင့်ကိုသင် မေးကောင်းမေးပါလိမ့်မယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စွဲမက်စရာတော့ ကောင်းပါတယ်။

ကျယ်ပြောလှတဲ့ အဲဒီပန်းခြံကြီးထဲမှာ ကမ္ဘာတစ်ဝှမ်းက အပင်နဲ့ ပန်းအမျိုးပေါင်း ၅ သိန်းကျော်ကို ပြသထားပါတယ်။ ပန်းခြံရဲ့ အချို့အစိတ်အပိုင်းကိုတော့ မတူညီတဲ့ ရာသီဥတုအခြေအနေကို ဖန်တီးပေးဖို့အတွက် ဖန်လုံအိမ်အမိုးခုံးကြီး ၂ ခုနဲ့ ဖုံးအုပ်ထားပါတယ်။

ပန်းခြံရဲ့ လဟာပြင်အပိုင်းကို နေ့ခင်းပိုင်းအချိန်တွေအပြင် အအေးချမ်းဆုံးဖြစ်ဖို့အတွက် နေ့စဉ် နံနက် ၅ နာရီကနေ နောက်နေ့မနက် ၂ နာရီအထိ ဖွင့်လှစ်ထားရှိပါတယ်။

အဲဒီပန်းခြံကြီးထဲမှာ ရယ်စရာကောင်းတဲ့ လူလုပ် စူပါသစ်ပင်ကြီးတွေရှိပြီး အဲဒီ သစ်ပင်ကြီးတွေ တစ်ခုနဲ့တစ်ခုကို မြင့်မားတဲ့ လျှောက်လမ်းတွေနဲ့ ဆက်သွယ်ထားပါတယ်။

ညဘက် အဲဒီသစ်ပင်ကြီးတွေမှာ လေဆာမီးတွေနဲ့ အလှဆင်ထားပြီး သစ်ပင်ကြီးတစ်ခုမှာတော့ စားသောက်ဆိုင်တစ်ဆိုင်ကို ဖန်တီးဖွင့်လှစ်ပေးထားပါတယ်။
150508152733-10-things-singapore-does-best-10-exlarge-169
၁၀။ သန့်ရှင်းသပ်ရပ်မှု
————————
အမှိုက်ပစ်တာ၊ ဂရပ်ဖစ်တီဆွဲတာတွေနဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ဥပဒေ၊ ပီကယ်ဝါးပြီးထွေးတာ၊တံတွေးထွေးတာကို ပိတ်ပင်တာတွေနဲ့အတူ စင်ကာပူဟာ အငြစ်အကြေးကင်းစင်တဲ့ မြို့ကြီးအဖြစ် ထူးခြားနေပါတော့တယ်။

အများပြည်သူသုံး ရထားတွေ၊ MRT တွေမှာတောင်မှ သန့်ရှင်းနေပါတယ်။

မငြင်းသာဘဲ ၀န်ခံရမယ့်အချက်ကတော့ သန့်ရှင်းမှုနဲ့ စနစ်ကျမှုတွေအတွက် စေ့စပ်တဲ့ အဲဒီနည်းလမ်းကို ချီးကျူးမှုတွေရှိသလို၊ ဝေဖန်မှုတွေလည်း ရှိတယ်ဆိုတာပါပဲ။

ဒါပေမယ့် တောက်ပနေတဲ့ မိုးမျှော်အဆောက်အဦးကြီးတွေ စိမ်းစိုပြီး ပြုပြင်ထားတဲ့ ပန်းခြံတွေ ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ စင်ကာပူကို သာယာဝပြောပြီး ချမ်းမြေ့ဖွယ်ကောင်းတဲ့ နေရာတစ်ခုအဖြစ် မြင်တွေ့ရတယ်ဆိုတာ မငြင်းသာတော့ပါဘူး။

ref: CNN
မိုးဝေ စုစည်း တင်ဆက်သည်။

Leave a Reply