6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၆၊ ၂၀၁၅
M-Media

fb 1

– ပရီးမီးယားလိဂ်ကလပ် ဆောက်သက်တမ်အသင်း၏ အိမ်ကွင်း စိန့်မေရီတွင် ပရဟိတ ရန်ပုံငွေအတွက် အရပ်ဖက်အဖွဲ့အစည်း ၂ ခုမှာ ၁၀၂ နာရီကြာ ဘောလုံးကစားခဲ့ပြီး ကမ္ဘာ့အရှည်အကြာဆုံး ဘောလုံးပွဲအဖြစ် စံချိန်တင်နိုင်ခဲ့သည်။

ဆောက်သက်တမ်အခြေစိုက် ပရဟိတအဖွဲ့ဖြစ်သော Testlands Support Project မှ ကစားသမား ၃၆ ဦးမှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲမှ စတင်ကစားခဲ့ခြင်းဖြစ်ပြီး သောကြာနေ့ (ယမန်နေ့) ည ဒေသစံတော်ချိန် သန်းခေါင်ယံ ၁၂ နာရီခွဲတွင် ပြီးခဲ့သည်။

စုစုပေါင်းပွဲကစားချိန်မှာ ၁၀၂ နာရီရှိပြီး ယခင်စံချိန်ဟောင်း ၁၀၁ နာရီကို ကျော်ဖြတ်ကာ ကမ္ဘာ့အရှည်ကြာဆုံး ဘောလုံးပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။ အဆိုပါပွဲတွင် ဂိုးပေါင်း ၁၆၀၀ ကျော် သွင်းယူခဲ့ပြီး အနီအသင်းက အဖြူအသင်းကို ၉၁၀-၇၂၅ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ကစားသမားများမှာ ဘောလုံးကွင်းအတွင်း၌ပင် တဲများထိုးကာ နေထိုင်ရပြီး စားသောက်ရန်၊ အိပ်စက်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် နားချိန်များ ရရှိကြသည်။

“ကျွန်တော် နောက်ဆုံးအိပ်တဲ့နေ့က တစ်နေ့ညကဖြစ်ပြီး တစ်နာရီလောက်ပဲရှိပါတယ်။ တနင်္လာနေ့ညကတော့ တော်တော်ဆိုးပါတယ်။ ညပိုင်း ၈ နာရီ၊ ၉ နာရီလောက်မှာ မိုးရွာခဲ့ပြီး နောက်နေ့မနက် ၁၁ နာရီလောက်အထိ ရွာပါတယ်။ တော်တော် သဲသဲမဲမဲပါပဲ။ ကျွန်တော်တို့ဟာ ၁၂ နာရီတစ်ဆိုင်း ကစားကြတာကြောင့် အင်္ကျီတွေလည်း မလဲရပါဘူး” ဟု အဆိုပါ ဘောလုံးပွဲကို စီစဉ်ပြီး ကိုယ်တိုင် ပါဝင်ကစားခဲ့သူ လုကေး နယူးမန်းက ပြောကြားခဲ့သည်။

မိုးရွာသွန်းမှုကြောင့် ကစားသမား၏ အိပ်ရာလိပ်များမှာ ရေစိုသွားခဲ့ပြီး Facebook မှ အဆိုပါသတင်း ပြန့်နှံ့သွားသောကြောင့် ပြည်သူများက ၎င်းတို့အား အိပ်ယာလိပ်များ လာပေးခဲ့ကြသည်။ ပရဟိတ ရန်ပုံငွေရရန်အတွက် ရည်ရွယ်ကစားခဲ့သော အဆိုပါဘောလုံးပွဲတွင် ရန်ပုံငွေ ပေါင် ၂၅၀၀၀ အထိ ရရှိခဲ့သည်။

Ref: BBC

Tags:

Leave a Reply