6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၆၊ ၂၀၁၅
M-Media

IS က ဓာတုလက်နက်သုံးနေပြီး ထုတ်လုပ်ရန်လည်း ကြိုးစားနေ
…………………………..
IS စစ်သွေးကြွများမှာ ကလိုရင်းဓာတ်ငွေ့ကို လက်နက်အဖြစ် အသုံးချနေပြီး ဓာတုလက်နက်ထုတ်လုပ်ရေးအတွက် အရည်အသွေးမြင့် ပညာရှင်များကို စုဆောင်းနေသည်ဟု သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က IS တွန်းလှန်ရေး နိုင်ငံတာဆွေးနွေးပွဲတွင် သတိပေးပြောကြားလိုက်သည်။ IS ၏ ပညာရှင် စုဆောင်းမှုတွင် အနောက်နိုင်ငံများမှ ပညာရှင်များလည်း ပါဝင်သည်ဟု ၎င်းကဆိုသည်။ ဇန်ဝါရီလ တိုက်ပွဲတစ်ခုတွင် IS မှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကာ့ဒ်တပ်ဖွဲကများကလည်း မကြာသေးမီက ပြောကြားခဲ့သည်။

ယူကရိန်း လိင်တူချစ်သူ ထောက်ခံရေးချီတက်မှု တိုက်ခိုက်ခံရ
………………………..
ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ယနေ့၌ ပြုလုပ်ခဲ့သော လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားသူများ၏ ချီတက်လမ်းလျှောက်မှုအတွင်း အမည်မသိသူများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါချီတက်ပွဲအား တိုက်ခိုက်သွားမည်ဟု လက်ယာစွန်းရောက် အဖွဲ့များက ကြေညာထားမှုကြောင့် မြို့တော်ဝန်က မပြုလုပ်ရန် ယမန်နေ့တွင် သတိပေးခဲ့သေးသည်။ တိုက်ခိုက်မှုအတွင်း ပါဝင်သူ ၃၀ ခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဟားမက်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ အီဂျစ်ပယ်ဖျက်
………………………
ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားနေသည့် ဟားမက်စ်အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားမှုကို အီဂျစ်တရားရုံးက ယနေ့တွင် ရုပ်သိမ်းခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အာဏာသိမ်းစစ်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော မွတ်စလင်ညီအကိုများအဖွဲ့နှင့် ဟားမက်စ်မှာ အဆက်အသွယ်ရှိသည်ဟုလည်း ဆိုသည်။

အေစီမီလန်အသင်း၏ ရှယ်ယာတစ်ဝက်နီးပါး ရောင်းချမည်
…………………………
အေစီမီလန်အသင်း၏ ရှယ်ယာ ၄၈ ရာခိုင်နှုန်းကို ထိုင်း စီးပွားရေးလုပ်ငန်းရှင် ဘီး တေချူဘိုးလ်က ၀ယ်ယူရန် နီးစပ်နေပြီဟု အသင်းဥက္ကဌ ဆီလ်ဗီယို ဘာလူစကိုနီက ပြောကြားလိုက်သည်။ မီလန်၏ ရှယ်ယာများအား ရောင်းချတော့မည်ဆိုသည့် သတင်းများမှာ စောစောပိုင်းကတည်းက ပြန့်နှံ့နေခဲ့ပြီး ဘာလူစကိုနီကမူ ဥက္ကဌတာဝန် ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။

Ref: News Agencies

Leave a Reply