6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၇၊ ၂၀၁၅
M-Media

ဆီးဂိမ်း ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) တတိယပွဲစဉ်
မြန်မာ ၅-၁ ဖိလစ်ပိုင်

myan

အင်ဒိုနီးရှား၊ စင်ကာပူတို့ကို အနိုင်ရပြီး ရမှတ် ၆ မှတ်နဲ့ အုပ်စု (က) ကို ဦးဆောင်နေတဲ့ မြန်မာအသင်း ဒီနေ့ ဖိလစ်ပိုင်နဲ့ပွဲမှာ အခက်အခဲသိပ်မရှိခဲ့ဘဲ နိုင်ရခဲ့ကာ ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအစကတည်းက ဖိကစားခဲ့တဲ့မြန်မာတို့ ၁၄ မိနစ်မှာ မထင်မှတ်ဘဲ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် လိုအပ်နေတဲ့ ချေပဂိုးကို မိနစ် ၂၀ မှာ မြန်မာအသင်းက ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဧရိအပြင်ဘက်က ရရှိတဲ့ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင် နေလင်းထွန်း ကန်သွင်းရာမှာ လူတံတိုင်းနဲ့ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခဲ့တာပါ။

နောက်ပိုင်းမှာလည်း မြန်မာအသင်းကပဲ ဆက်လက်ဖိကစားခဲ့ပြီး ရှိုင်းသူရ၊ ကောင်းဆက်နိုင်၊ နေလင်းထွန်းတို့ရဲ့ ကန်သွင်းချက်တွေ၊ ခေါင်းတိုက်ချက်တွေ ဂိုးပေါက်လွဲချော်တာ၊ ဖိလစ်ပိုင်ဂိုးသမား ကာကွယ်နိုင်တာကြောင့် ဂိုးမရခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းစစချင်းမှာပဲ နေလင်းထွန်း ဘောလုံးခင်းပေးရာကနေ ရှိုင်းသူရက လူကျွံထောင်ချောက်ကို ဖောက်ထွက်ကာ ကန်သွင်းယူနိုင်ခဲ့တဲ့အတွက် မြန်မာတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဖိလစ်ပိုင်ကတော့ ခံစစ်ပုံစံနဲ့သာ ကစားခဲ့ရပြီး မြန်မာအသင်းရဲ့ ကစားကွက်အောက်မှာ လုံးဝ နစ်မြုပ်ခဲ့ပါတယ်။ မိနစ် ၆၀ မှာ သီဟဇော် ဂိုးဧရိယာအပြင်ဘက်ကနေ အပြင်းကန်သွင်းတာကို ဖိလစ်ပိုင် ဂိုးသမား ပုတ်ထုတ်ခဲ့တာကြောင့် ထောင့်ကန်ဘော ဖြစ်ခဲ့ပါတယ်။

အဲဒီထောင့်ကန်ဘောက ကျလာတဲ့ဘောလုံးကို ရဲဝင်းအောင် အကောင်းဆုံး ပိတ်သွင်းပြီး မြန်မာအသင်းအတွက် တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ၆၉ မိနစ်မှာတော့ မြန်မာနောက်တန်းက ကန်တင်ပေးတဲ့ဘောလုံးကို ဖိလစ်ပိုင်ဂိုးသမားထွက်ကန်ရာမှာ ဘောလုံးချော်သွားခဲ့ပြီး သီဟဇော်က ဆွဲယူကာ စတုတ္ထမြောက်ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

ဖိလစ်ပိုင်ကတော့ ဒုတိယပိုင်းမှာ မြန်မာဂိုးပေါက်ကို အဝေးကန်ချက် ၃ လုံးလောက်နဲ့သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်ခြင်းတော့ မရှိခဲ့ပါဘူး။

ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ မြန်မာအသင်း ပဉ္စမမြောက်ဂိုး ရခဲ့ပြီး ဂိုးဧရိယာအတွင်းက ကောင်းဆက်နိုင်ချပေးတာကို ကျော်ဇင်လွင်က ညာခြမ်း ဘီးကုပ်ထိပ်ကနေ လှလှပပ အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် မြန်မာအသင်းဟာ ၃ ပွဲကစား ၃ ပွဲစလုံးနိုင်ကာ ၉ မှတ်ရရှိထားပြီး ဆီမိးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Leave a Reply