6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၇၊ ၂၀၁၅
M-Media

IS များကို ကိုဘိန်းမြို့မှ ကာ့ဒ်တပ်ဖွဲ့များ မောင်းထုတ်နိုင်
…………………………….
ကြာသာပတေးနေ့ကတည်းက ဆီးရီးယားရှိ ကိုဘိန်းမြို့ကို သိမ်းပိုက်ရန် ကြိုးစားခဲ့သည့် IS တပ်ဖွဲ့များကို ကာ့ဒ်တပ်ဖွဲ့များက ယနေ့တွင် အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ကာ မြို့အား အပြည့်အ၀ ထိန်းချုပ်ထားနိုင်ပြီဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က
ပြောကြားလိုက်သည်။ IS အဖွဲ့မှာ ယခုရက်ပိုင်း မြို့၏ အစိတ်အပိုင်းအနည်းငယ်ကို သိမ်းပိုက်နိုင်စဉ်အတွင်း လူပေါင်း ၂၀၀ ခန့်ကို သတ်ပစ်ခဲ့သည်။

တရားလွန်မတောင်းဆိုပါက နျူအရေး သဘောတူညီချက်ရမည်ဟု အီရန်ဆို
……………………….
အင်အားကြီးနိုင်ငံများအနေဖြင့် အပြုသဘောဆောင်သည့် ခြေလှမ်းများလှမ်းကာ တရားလွန် တောင်းဆိုမှုများ မပြုလုပ်ပါက လူတိုင်းအတွက် အကျိုးဖြစ်ထွန်းမည့် နျူအရေး သဘောတူညီချက်မှာ အမှန်တစ်ကယ် ရရှိလိမ့်မည်ဟု နောက်ဆုံးအဆင့် ဆွေးနွေးပွဲအတွက် ဗီယင်နာသို့ ရောက်ရှိလာသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်က ပြောကြားခဲ့သည်။ ဇွန် ၃၀
နောက်ဆုံးသတ်မှတ်ထားသည့် နျူအရေးဆွေးနွေးပွဲကို မကြာမီ ပြုလုပ်တော့မည်ဖြစ်သည်။

သီရိလင်္ကာသမ္မတ ပါလီမန်ကို ဖျက်သိမ်း
………………………………….
နိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် သီရိလင်္ကာသမ္မတက ပါလီမန်ကို ယမန်နေ့တွင် ဖျက်သိမ်းခဲ့သည်။ ဇန်န၀ါရီ ၈ ရက်နေ့က ရွေးကောက်တင်မြှောက်ခံရသော သမ္မတ မိုင်သရီပါလာ ဆရီဆီနာမှာ သမ္မတ၏ လုပ်ပိုင်ခွင့်ကို လျှော့ချခြင်းအပါအ၀င် ၎င်းကတိပြုထားသည်များကို ဆောင်ရွက်ရန် ပါလီမန်၏ ထောက်ခံမှု လိုအပ်နေကာ သြဂုတ်လ ၁၇
ရက်နေ့တွင် ပါလီမန်ရွေးကောက်ပွဲ ပြန်လုပ်မည်ဟု တာဝန်ရှိသူများက ဆိုသည်။

တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုအတွက် တရုတ်သတိပေး
……………………………
တောင်တရုတ်ပင်လယ်ရှိ စပရက်တလေကျွန်းအား လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်က မိမိတို့၏ ဘိုးဘေးများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုပိုင်ဆိုင်မှုအနေအထားကို ပြောင်းလဲပစ်ရန်မှာ ဘိုးဘေးများအား အရှက်ရအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောကြားလိုက်သည်။ ထို့ပြင် မိမိတို့၏ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားကို တစ်ဖြည်းဖြည်းနှင့်
တိုး၍ တိုး၍ ကျူးကျော်လာမှုများကိုလည်း ခွင့်ပြုသွားမည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

Ref: News Agencies

Leave a Reply